ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ရာ စစ်တပ်ဘက်မှ ၈ဦးကျော် သေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်အစောပိုင်းမှာ ကော့ကရိတ်ကို စစ်တပ်က စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ထိဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါနေရာမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး စစ်တပ်ဘက်က အလောင်း ၈လောင်းနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
“ဒီမနက်တိုက်ပွဲက သူတို့ဘက်က အတုံးအရုန်းပဲ သေကုန်တယ်။ မျက်မြင်အလောင်းရတာတော့ ၈လောင်း… ဒါပေမယ့် မမြင်ရတဲ့ အလောင်းတွေလည်း ရှိဦးမယ်။ သူတို့ ထိခိုက်သွားတာ များတယ်။ လက်နက်တွေလည်း ရတယ်” လို့ မြေပြင်ရဲဘော်တဦးက မောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်စစ်ကြောင်းဟာ သေဆုံးသူတွေအပြင် ဒဏ်ရာရရှိသူတွေလည်း များတာကြောင့် နောက်ပြန်ဆုတ်သွားတယ်လို့ ကနဦး သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၇ တပ်ခွဲတွေနဲ့ ကလိုထူးဝါးဗျူဟာ စစ်ကြောင်းတွေအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အတူပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ- တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကော်မရှင်တပ်သားများ
0 Shares:
You May Also Like
Read More

မိုးဗြဲမြို့ မကျရေး ခုခံတိုက်ခိုက်နေသည့် တိုက်ပွဲအတွင်း မိုးဗြဲPDF ကျွဲချိုတပ်ခွဲမှ ၁၈ နှစ်နှင့် ၁၉ နှစ်အရွယ် ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၊ အမှတ် (၁၀၀၁)တပ်ရင်း ၊ တပ်ခွဲ-၃ ကျွဲချိုတပ်ခွဲရှိ ရဲဘော် မောင်ဒေးဗစ်နဲ့ ရဲဘော် မောင်ဝင်းကိုနိုင် တို့ (၂) ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်ချေမှုန်းရင်း ဇွန်လ(၃၀)ရက်မှာ ကျဆုံးခဲ့တယ်လို့ ကျွဲချိုတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ခလရ (၄၀၃) တပ်ရင်းမှ စစ်သား (၂) ဦး လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ခလရ (၄၀၃) တပ်ရင်းက စစ်သား (၂) ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ KNU - Mergui - Tavoy District က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးဒေသတွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ကြောင်း Billboard များ ထောင်

မန္တလေးဒေသမှာ အာဏာသိမ်းစစ်တပ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားပါ Billboard တွေ စိုက်ထူကာ ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

CDM ဆရာဝန်များကို ပြည်ပမှာ ဆက်လက် အလုပ်လုပ်ကိုင်ဖို့နဲ့ ပညာသင်ယူဖို့ ဖယ်ဒရယ် ဆမ လိုင်စင်များ ထုတ်ပေးထားဟု ဆို 

စစ်ကောင်စီက သူ့လက်အောက်မှာ နိုင်ငံ့ဝန်ထမ်း မလုပ်ဘဲ ဆေးတက္ကသိုလ်တွေမှာ ပညာသင်ယူပြီးစီးခဲ့တဲ့ ဆရာဝန် ၁၀၀၀ ကျော်ကို အမည်ပျက်စာရင်းသွင်းထားမှုအပေါ်  အများစုကို ဖက်ဒရယ် ဆမ လိုင်စင်များထုတ်ပေးပြီး နိုင်ငံတကာမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့  ဆောင်ရွက်ပေးထားကြောင်း  ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ဥက္ကဋ္ဌ ၊ ဆေး နှင့်ဆေးနှီးနွယ်တက္ကသိုလ်များရဲ့ အဓိပတိ ဖြစ်သူ ပါမောက္ခဒေါက်တာခင်မောင်လွင် က ပြောပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်းရှိ ပကဖများ ပူးပေါင်းပြီ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ ရေစကြို၊ ပေါက်၊ မြိုင်မြို့နယ်တို့က မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်လာပါတယ်။
Read More

နောင်ချိုတခွင် ရှေ့တိုးနောက်ဆုတ် ဖြစ်နေသည့် TNLA နှင့် စစ်ကောင်စီ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) စိုးမိုးထားတဲ့ ရှမ်းမြောက်ဒေသက နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်တွေက ပြန်လည် ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေတဲ့ နှစ်ဖက် အခြေအနေဟာ ရှေ့တိုးလိုက် နောက်ဆုတ်လိုက် ဖြစ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။