ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ရာ စစ်တပ်ဘက်မှ ၈ဦးကျော် သေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်အစောပိုင်းမှာ ကော့ကရိတ်ကို စစ်တပ်က စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ထိဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါနေရာမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး စစ်တပ်ဘက်က အလောင်း ၈လောင်းနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
“ဒီမနက်တိုက်ပွဲက သူတို့ဘက်က အတုံးအရုန်းပဲ သေကုန်တယ်။ မျက်မြင်အလောင်းရတာတော့ ၈လောင်း… ဒါပေမယ့် မမြင်ရတဲ့ အလောင်းတွေလည်း ရှိဦးမယ်။ သူတို့ ထိခိုက်သွားတာ များတယ်။ လက်နက်တွေလည်း ရတယ်” လို့ မြေပြင်ရဲဘော်တဦးက မောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်စစ်ကြောင်းဟာ သေဆုံးသူတွေအပြင် ဒဏ်ရာရရှိသူတွေလည်း များတာကြောင့် နောက်ပြန်ဆုတ်သွားတယ်လို့ ကနဦး သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၇ တပ်ခွဲတွေနဲ့ ကလိုထူးဝါးဗျူဟာ စစ်ကြောင်းတွေအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အတူပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ- တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကော်မရှင်တပ်သားများ
0 Shares:
You May Also Like
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF တပ်ဖွဲ့မှူးနဲ့ စစ်ကြောင်း ၁ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF တပ်ဖွဲ့မှူးနဲ့ စစ်ကြောင်း ၁ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနိုင်ငံအတွင်း တရုတ်စီမံကိန်းတွေကို အရှိန်မြှင့်တင် ဆောင်ရွက်မယ်လို့ မင်းအောင်လှိုင် ပြော

တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ အများဆုံးရောက်ရှိနေတဲ့ နိုင်ငံတဝန်းက တရုတ်စီမံကိန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
Read More

မဲမသမာလုပ်သည်ဟုဆိုကာ ပြည်သူ့အစိုးကို အဓမ္မဖြတ်ချခဲ့သည့် စစ်တပ်က ၎င်းတို့ကိုယ်တိုင် ပြုလုပ်သော ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်ရာ ကြိုတင်မဲများဖြင့် စစ်တပ်ပါတီကို အသာစီးပေးနေ

မကြာမီက ကျင်းပခဲ့တဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတု အပိုင်း(၁) မှာ ကြိုတင်မဲအငြင်းပွားမှုတချို့ ဖြစ်ပေါ်ခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

အောက်တိုဘာလအတွင်း TNLA စိုးမိုးထိန်းချုပ်နယ်မြေများတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ်ပြုလုပ်ခဲ့၊ သံဃာတော်များအပါ ပြည်သူ ၁၉ ဦးအထိ သေဆုံးခဲ့

အကြမ်းဖက်စစ်တပ်က အောက်တိုဘာလအတွင်း တအာင်းတပ်မတော် TNLA စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ် ပြုလုပ်ခဲ့ရာ သံဃာတော်တွေနဲ့ ပြည်သူ ၁၉ ယောက်အထိ သေဆုံးခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ရွှေ့ပြောင်းများကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဖို့ အိန္ဒိယအစိုးရညွှန်ကြား

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း အိန္ဒိယသတင်းတွေက မေလ ၁၉ ရက်မှာ ဖော်ပြထားကြပါတယ်။
Read More

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလတစ်လတည်းမှာပင် အမျိုးသမီး ၆၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ တစ်လတည်းမှာပဲ နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၁ ဦးသေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်လိုက်ပါတယ်။