စစ်ကိုင်းတိုင်း၊ ကလေးတောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ၄င်းတို့ဖမ်းဆီးထားတဲ့ ဒေသခံအချို့ကို သတ်ဖြတ်လိုက်ပြီး၊ ကျန်အချို့ကို ကတုံးတုံးကာ ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ဆို ကလေးနယ်ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့မှာ စစ်ကော်မရှင်တပ်သားတွေဟာ အင်အားအလုံးအရင်း နဲ့ ကလေးမြို့ တောင်ပိုင်း ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် တွင်းချောင်း ကျေးရွာထဲကို ဝင်ရောက်ခဲ့ပြီး ရွာထဲက ထွက်မပြေးပဲ ကျန်နေခဲ့တဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီကနေတစ်ဆင့် စစ်ကော်မရှင်တပ်သားတွေဟာ သာယာကုန်းကျေးရွာထဲကို ဝင်ရောက်သွားပြီး ရွာထဲရှိ ဒေသခံတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကို ခိုးယူသွားတယ်လို့လည်း သိရပါတယ်။ ထောက်ကြံ့ကျေးရွာထဲကို ဝင်ရောက်သွားချိန်မှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ပထမဝင်တုန်းက တွင်းချောင်းရွာထဲမှာ တစ်ယောက်ပဲကျန်တာ၊ သူက နည်းနည်းစိတ်မနှံ့ဘူးပေါ့နော်… သူ့ကိုလည်းသတ်သွားတယ်၊ အဲ့မှာတိုက်ပွဲဖြစ်သေးတယ်၊ ဒုတိယရက်ကျတော့ သာယာကုန်းကိုဝင်တယ်၊ သာယာကုန်းမှာတော့ ပစ္စည်းတွေယူသွားတယ်၊ ထောက်ကြံမှာ တိုက်ပွဲပြန်ဖြစ်တယ်၊ အဲ့မှာ သူတို့မနည်းဘူး ကျတယ်၊ တိုက်ပွဲက ခဏခဏဖြစ်တယ်၊ ကိုယ့်ဘက်က အင်အားလည်းနည်းတယ်၊ သူတို့ဘက်က အလုံးအရင်းနဲ့ ဝင်လာတာ ၆၀၀၊ ၇၀၀ လောက်ရှိတယ်၊ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးတာ”လို့ ကလေးနယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကော်မရှင်တပ်သားတွေဟာ ထောက်ကြံ့ရွာထဲရှိ ဘုန်းကြီးကျောင်းမှာ ရှောင်တိမ်းနေတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း စာသင်ကျောင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ အဲဒီထဲက ဒေသခံ ၄ ယောက်ကို သတ်ဖြတ်လိုက်သလို၊ ကျန်တစ်ချို့ကိုလည်း ကတုံးတုံးကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဆိုပါနယ်ခံက ဆက်ပြောပါတယ်။

“ထောက်ကြံ့ဘုန်းကြီးကျောင်းမှာ သက်ကြီးပိုင်း ၅၀ကျော် ၊ ၆၀ ကျော်တွေက တစ်ခြားမရှောင်ပဲ ဘုန်းကြီးကျောင်းမှာ ရှောင်နေတာ၊ အဲဒီထဲက ၄ ယောက်ကိုတော့ ပစ်သတ်လိုက်တယ်၊ ကျန်တဲ့ လူတွေကိုတော့ ဘုန်းကြီးကျောင်းကနေ စာသင်ကျောင်းကို ခေါ်သွားပြီး ကတုံးတုံးပြီး ဖမ်းခေါ်သွားတယ်၊ အခု ဘယ်ကိုရောက်သွားလဲ မသိဘူး၊ ရွာကိုလည်း ပြန်ရောက်မလာသေးဘူး” လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်သားတွေဟာ ကလေးတောင်ပိုင်းထဲမှာရှိနေသေးပြီး၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေတာကြောင့် ဒေသခံတစ်ချို့ဟာ တောင်တွေပေါ်ကို သွားရောက်ရှောင်တိမ်းကြရပြီး၊ တစ်ချို့ကလည်း တောတွေထဲမှာ ရှောင်တိမ်းနေကြရတယ် လို့သိရပါတယ်။

ပုံစာ – ကလေးတောင်ပိုင်းရှိဒေသခံများ ထွက်ပြေးတိမ်းရှောင်နေပုံ ၊ ဓာတ်ပုံ – Thu Rain
0 Shares:
You May Also Like
Read More

96 Soldiers – PDF အညာဒေသက တပ်ခွဲမှူး ရဲဘော် ၁ ယောက် စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့

96 Soldiers - PDF အညာဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ခွဲမှူး ရဲဘော် ဝေဖြိုးအောင်(ခေါ်) တစ်ဆယ်ဟာ မတ်လ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ်က တောပုပျူစောထီးရွာကို ၄ ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာကို ၄ ရက် ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Urban Hunter Force - UHF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းမှာ တစ်ရက်အတွင်း ပြည်သူ ၁၀၀ ခန့် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

မကွေးတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်အုပ်စုက တစ်နေ့တည်း လူအယောက် ၁၀၀ ခန့် ဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဖက်ဆစ်တွေထက် အဆပေါင်းများစွာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို တိုက်ရမည့် နောက်ဆုံးတိုက်ပွဲဟု CRPH က ဖက်ဆစ်တော်လှန်ရေးနေ့ကို သဝဏ်လွှာပေးပို့ 

လက်ရှိ  နွေဦးတော်လှန်ရေးဟာ  စစ်အာဏာရှင်စနစ်ဆိုး ကိုတော်လှန်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုတည်ဆောက်မယ့်  နောက်ဆုံး တိုက်ပွဲသာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က  နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာက တဆင့် ကြေညာလိုက်ပါတယ်။  
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်အတွင်း အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရ

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ပုသိမ်ကြီးနဲ့ မတ္တရာအစပ်က စစ်ကောင်စီတပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်အစပ် ထန်းပင်ကုန်းရွာက စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး၊ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။