စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ အောက်တိုဘာလ ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သား အယောက် ၈၀ နီးပါးကို ပြန်ပေးဆွဲဖမ်းဆီးခဲံပြီး၊ အမျိုးသမီး ၂ယောက်ကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ -ကန့်ဘလူခရိုင်ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်၊ ထန်းတပင်ရွာနေအရပ်သား ၂၉ ယောက်၊ ဇီးကုန်းရွာက ၁၈ ယောက် နဲ့ ဗျူဟာလမ်းကြောပေါ်သွားလာနေတဲ့ အရပ်သားအယောက် ၃၀ ထက်မနည်းကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ထန်းတပင်ကျေးရွာကို ဝင်ရောက်ရင်း အမျိုးသမီး ၁ ယောက်ကို အဓမ္မပြုကျင့် မီးရှို့သတ်ဖြတ်ခဲ့သလို အမျိုးသား ၂၉ ယောက်ကို ကန့်ဘလူ ၆၀၀၆ တပ်ရင်းဆီ ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရတာပါ။

ဒါ့အပြင် အောက်တိုဘာ ၂၅ ရက်နေ့ကလည်း ဇီးကုန်းရွာအတွင်းက အမျိုးသား ၉ယောက်၊ အမျိုးသမီး ၉ ယောက် စုစုပေါင်း ၁၈ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။

အဲ့ဒီဖြစ်စဥ်တွေမတိုင်ခင် အောက်တိုဘာလ ၁၄ရက်နေ့ကလည်း ဗျူဟာလမ်းပေါ် အထိုင်ချတပ်စွဲထားတဲ့ စံပါယ်နံ့သာ စစ်ကောင်စီအထိုင်စခန်းကနေ အရာတော်-တနိုင်းပြေးဆွဲတဲ့ အန်စာတုံးအဖြူရောင်ကားပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ဒီပဲယင်းမြို့နယ်၊ သက္ကယ်ခြံရွာက အမျိုးသား ၉ ယောက်ကို ဖမ်းဆီးခဲ့သလို အောက်တိုဘာလ ၁၅ရက်နေ့မှာလည်း ခင်ဦးမြို့နယ်နေ ခရီးသွား အမျိုးသား ၃ ယောက်ကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- အောက်တိုဘာ၁၆ ရက်နေ့တွင် စံပါယ်နံ့သာပျူအထိုင်မှ ထွက်ပြေးလွတ်မြောက်လာသည့် မအေးမာဦးအမျိုးသား
ပုံ – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ဒါ့အပြင် အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းရွာကနေ တန့်ဆည်မြို့ဘက် ကထိန်ခင်းဖို့လာတဲ့ မအေးမာဦးဆိုသူနဲ့ အမျိုးသားဖြစ်သူကို အဲ့ဒီစံပါယ်နံ့သာ ပျူအထိုင်စခန်းက ဖမ်းဆီးခဲ့ပြီး အဖိုးတန် ရွှေထည်တွေကို လုယူကာ မအေးမာဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပါတယ်။ အမျိုးသားဖြစ်သူကတော့ ပျူတွေရဲ့ ဖမ်းဆီးနှိပ်စက်ညှင်းပန်းတာကို ခံရပြီး ဒဏ်ရာ‌တွေရရှိခဲ့ပေမဲ့ သူတို့အလစ်မှာ ကိုယ်လွတ်ရုန်းထွက်ပြေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ ဒါ‌တွေကို ကျူးလွန်ခဲ့ရုံသာမက အောက်တိုဘာ ၁၇ ရက်နေ့မှာလည်း ခရီးသွားကားပေါ်ပါ အမျိုးသား ၃ ယောက်ကို အဲဒီဂိတ်စခန်းမှာပဲ ထပ်မံဖမ်းဆီးခဲ့ပါသေးတယ်။ ဒီဖြစ်စဥ်တွေမတိုင်ခင် အောက်တိုဘာ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကန့်ဘလူမြို့နယ်၊ အေးသာယာရွာကအမျိုးသမီး၂ယောက် စံပယ်နံ့သာ စစ်ကောင်စီအထိုင်စခန်းကိုဖြတ်ပြီး ဇီးကုန်းမြို့ကိုအသွား လမ်းမှာပျောက်ဆုံးသွားခဲ့တာဟာလည်း တစ်လကြာလာချိန်အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၉ ရက်နေ့မှာလည်း ကောလင်းမြို့နယ်၊‌ ပေကုန်းရွာနေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်၂ယောက်ဟာ ရွှေဘိုမြို့ကို ဆိုင်ကယ်နဲ့ သွားရောက်ချိန် စံပါယ်နံ့သာပျူအထိုင်စခန်းမှာပဲ ဖမ်းဆီးခံကြရပြီး ၂ယောက်စလုံး ခက်ခက်ခဲခဲ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ-ကန့်ဘလူခရိုင်ရဲ့ပြောကြားချက်အရ စံပါယ်နံ့သာပျူအထိုင်စခန်းဟာ တပ်သားသစ်စုဆောင်းနိုင်ဖို့ အမျိုးသားတွေကို ပစ်မှတ်ထား ပေါ်တာဆွဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းဘူးခရိုင် PDF တပ်ရင်း (၂) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းက အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမြို့နယ်တွင် စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ တစ်ဦး သေဆုံး၊ ၁၀ နှစ်အရွယ်ကလေးတစ်ဦးအပါ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

KIA ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်ကို ရွှေကူမြို့အနီး တောတွင်းတစ်နေရာမှာ ရှာဖွေတွေ့ရှိ၊ ရဟတ်ယာဥ်ပေါ်ပါသူ အကုန် သေဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူလာတဲ့ ရဟတ်ယာဉ် ၃ စီးကို KIA တပ်ဖွဲ့က ဒီကနေ့ ပစ်ခတ်ခဲ့ရာ ၂ စီး ထိမှန်ကာ၊ ၁ စီး ပျက်ကျသွားခဲ့တယ်လို့ သိရှိရပြီး၊ အဆိုပါ ပျက်ကျသွားတဲ့ ရဟတ်ယာဥ်ကို ရွှေကူမြို့နယ် စည်ငန်းရွာအနောက်ဘက် တောထဲမှာ တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဈေးချိုမှာ ဆန္ဒပြ၍ အကြမ်းဖက်စစ်တပ် ဆုငွေထုတ် အမှုဖွင့်ခံထားရသူ ၁၀ ဦးအနက် ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံထားရဟု ဆို

မန္တလေးမြို့ ဈေးချိုအနီး ဆန္ဒပြခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မနဲ့ အမှုဖွင့် ဆုငွေထုတ်ထားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သပိတ်အင်အားစုတွေက ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။
Read More

မြိုင်နှင့် ပခုက္ကူနယ်အစပ် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များ လက်ဦးမှုယူကာ တိုက်ခိုက်နိုင်ခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်တဝိုက်မှာ စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရမှု အယောက် ၃၀ ကျော်ရှိနိုင်ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Earthquake People's Defence Force ထံက သိရပါတယ်။
Read More

ဇီးကုန်းမြို့အတွင်း အရက်ဝယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ယောက် သေ

စစ်ကိုင်းတိုင်း ဇီးကုန်းမြို့အတွင်း အရက်ဝယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေဆုံးခဲ့တယ်လို့ ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးမှ သတင်းထုတ်ပြန်ထားပါတယ်။