လာမည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအကြပ်အတည်းအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တခုကို ရှာဖွေနိုင်ရေး အားထုတ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောပါတယ်။

သမ္မတမားကို့စ်က မြန်မာ့အခြေအနေကို “အာဆီယံရဲ့ မပျောက်နိုင်သေးတဲ့ ဒဏ်ရာတရပ်” အဖြစ် ထောက်ပြပြောဆိုခဲ့ပြီး အာဆီယံအဖွဲ့အနေနဲ့ ဒီကိစ္စကို အနီးကပ် အာရုံစိုက်နေရမည်ဖြစ်ကြောင်း၊ အခြေခံချဉ်းကပ်မှုက ထိတွေ့ဆက်ဆံရေးသာ ဖြစ်သင့်ကြောင်း အလေးထားပြောကြားခဲ့တယ်လို့ မလေးရှားသတင်းဌာန Bernama က အောက်တိုဘာ ၃၀ ရက်မှာ ဖော်ပြပါတယ်။

Bernama နဲ့ အထူးသီးသန့်တွေ့ဆုံမေးမြန်းမှုအတွင်း ၎င်းက “ပြည်တွင်းစစ်ကြောင့် ဖြစ်လာရတဲ့ ဘေးဒုက္ခတွေကို ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံက ခံစားနေရတာကို ကြည့်ပြီး နာကျင်ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ဆက်ဆံရပါမယ်၊ စကားဆက်ပြောရပါမယ်၊ ပြီးတော့ အခြေအနေကို ဖြေရှင်းဖို့ ရှေ့ဆက်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေရပါမယ်။ ဒါဟာ ကျွန်တော်တို့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူနေစဉ်အတွင်း လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတာပါ” လို့ ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျပ်အတည်းတွေကြောင့် မြန်မာကိုကျော်ပြီး လာမည့်နှစ်မှာ အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်က မလေးရှားဆီကနေ လက်လွှဲယူမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်လာမှာလားလို့ မေးမြန်းရာမှာ သမ္မတမားကို့စ်က “ကျွန်တော် အဲဒါကို မြင်ချင်ပါတယ်။ ကျွန်တော်ဟာ စိတ်ရင်းအမှန်နဲ့ အကောင်းမြင်သူတယောက်ပါ၊ ကျွန်တော်တို့ အဲဒီအဆင့်ကို ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

လက်ရှိ အာဆီယံဟာ ဘုံသဘောတူညီချက်တွေ လိုက်နာခြင်းမရှိတဲ့ စစ်အုပ်စုကို ၎င်းတို့ရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ နိုင်ငံရေးကိုယ်စားလှယ်တွေ တက်ရောက်ခွင့် ပိတ်ပင်ထားတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ကနေ ၂၈ ရက်အထိ ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးတွေကို စစ်အုပ်စုခန့် မြန်မာနိုင်ငံခြားရေးအတွင်းဝန် ဦးဟောက်ခန့်ဆမ် ဆိုသူက တက်ရောက်ခဲ့ပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ လုပ်ဆောင်နိုင်မှု အကန့်အသတ်တွေတွေ ရှိပေမဲ့ “မြန်မာနိုင်ငံမှာ ဘယ်သူပဲရှိနေ (အုပ်ချုပ်နေ)ပါစေ၊ ကျွန်တော်တို့က တံခါးပိတ်ပြီး နားမထောင်ဘူး လို့ ပြောလို့မရပါဘူး။ အစိုးရနဲ့ အုပ်ချုပ်ရေးယန္တရားတင်မကဘဲ အတိုက်အခံပါတီတွေ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ရပါမယ်။ မြန်မာနိုင်ငံအတွက် အကောင်းဆုံးရလဒ်ကတော့ သူ့ရဲ့စီးပွားရေး၊ ပြည်သူလူထုနဲ့ ငြိမ်းချမ်းရေးတွေမှာ အကျိုးရှိစေဖို့ အာဆီယံအဖွဲ့ထဲကို အပြည့်အဝ ပြန်လည်ပေါင်းစည်းနိုင်ဖို့ပါပဲ” လို့ မားကို့စ်က ပြောပါတယ်။

မြန်မာ့အရေးဟာ မကြာသေးမီနှစ်တွေမှာ “အနည်းငယ် နှေးကွေးနေတယ်” လို့ သူက ဝန်ခံထားပြီး မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုတွေဟာ အားတက်စရာပဲ လို့၎င်းက ဆိုပါတယ်။

“ပြီးခဲ့တဲ့နှစ်အတွင်းမှာ တိုးတက်မှုရှိတဲ့ လှုပ်ရှားမှုအချို့ကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်မို့ ဒီလမ်းကြောင်းအတိုင်း ဆက်သွားနေမယ်ဆိုရင် အခြေအနေ‌တွေ ဒီထက်ပိုကောင်းလာစေမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရပ်တန့်လို့မရပါဘူး” လို့ သူကပြောပါတယ်။
News-Bernama

0 Shares:
You May Also Like
Read More

စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန် အာဆီယံ စီစဉ်လုပ်ဆောင်နေမှုအား Defend Myanmar Democracy ရှုတ်ချ၊ “အာဆီယံရဲ့ သိက္ခာက သူတို့ရဲ့ အပြောတမျိုးအလုပ်တမျိုး ကြောင်သူတော်လုပ်ရပ်တွေ အောက်မှာပဲ တစစီပြိုလဲပျက်စီးနေပါပြီ”

မလေးရှားနိုင်ငံက ဥက္ကဌအဖြစ် ဦးဆောင်ကျင်းပမယ့် ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် အာဆီယံက ပြင်ဆင်နေရာ မြန်မာစစ်အုပ်စုနဲ့ ဆက်လက်ထိတွေ့ဆက်ဆံဖို့ စီစဉ်လုပ်ဆောင်နေတဲ့အပေါ် ရှုတ်ချကြောင်း Defend Myanmar Democracy (DMD) က ထုတ်ပြန်ပါတယ်။
Read More

ထိုင်းမှာ ယာဉ်မောင်းအိပ်ငိုက်လို့ ခရီးသွားကားတစ်စီး မတော်တဆဖြစ်၊ မြန်မာ ၁၂ ဦး အပါအဝင် ၃၆ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ Phetchaburi ပြည်နယ်၊ Khao Yoi ခရိုင်မှာ မတ်လ ၁၄ ရက် မနက် ၄ နာရီမတိုင်ခင်က ခရီးသွားကားတစ်စီး မတော်တဆဖြစ်ပွားခဲ့တာကြောင့် ခရီးသည်အားလုံး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်း Khaosod English မှာ ဖော်ပြပါတယ်။ 
Read More

ဘီလာရုစ် သမ္မတက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီမှုအပေါ် Defend Myanmar Democracy အဖွဲ့ က ကန့်ကွက် 

စစ်ကောင်စီရဲ့ တရားမ၀င်ရွေးကောက်ပွဲမှာ ရုရှားနဲ့ ဘီလာရုစ် ပါ၀င်ကူညီမှုကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း Defend Myanmar Democracy အဖွဲ့ က ဒီနေ့ မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။  
Read More

ဒူတာတေးကို ICC အကြိုတရားခွင်မှာ ပထမဆုံးအကြိမ် ရုံးထုတ်…

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရဲ့ အကြိုတရားခွင်မှာ မတ် ၁၄ ရက်က မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

တရုတ်ကျားဖြန့် ရာနှင့်ချီ ထိန်းသိမ်းထားသည့် မဲဆောက်ရှိ စခန်းတခုတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား၊ လွတ်မြောက်သူရှိမရှိ စစ်ဆေးနေဆဲ

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖြိုခွင်းနေမှုအတွင်း ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၃၀၀ ခန့်ကို ထိန်းသိမ်းထားတဲ့ မဲဆောက်မြို့က စခန်းတခုမှာ ဒီဇင်ဘာ ၉ ရက် ညက ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို အကြမ်းဖက်စစ်တပ်ကို တရားစွဲဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေဟု NUG လူ့အခွင့်အရေးဝန်ကြီး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ “လူထုတွေ့ဆုံဆွေးနွေးပွဲ”ကို မေလ ၁၈ ရက် မနေ့က ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေး ရိပ်သာခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။