အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားနဲ့ ပတ်သက်တော်လှန်ရေးအင်အားစုတွေရဲ့ ဝေဖန်ပြောဆိုမှုအပေါ် လူမှုကွန်ရက်ကတဆင့် ထောက်ခံအားပေးတယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်တွင်းက ဒါရိုက်တာ၂ယောက်ကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်ဟာ ၄င်းတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ဇာတ်လမ်းတွေကိုလည်း ဆက်တိုက်ရိုက်ကူး ထုတ်လွှင့်လာနေတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုရိုက်ကူးတဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” အမည်ရ အတုယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်း ထွက်ရှိလာပြီးတဲ့နောက် ဇာတ်လမ်းထဲ ပါဝင်တဲ့သရုပ်ဆောင်တွေအပေါ် တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေနဲ့ တော်လှန်အနုပညာရှင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ဒီလိုမျိုးပြောဆိုမှုတွေအပေါ် “Love reaaction” ထောက်ခံခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက ရုပ်ရှင်ဒါရိုက်တာ မိုက်တီးနဲ့ သရုပ်ဆောင်၂ယောက်ကို စတင်ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒါရိုက်တာအောင်ချမ်းလူနဲ့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်တို့ကိုပါ ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ အောက်တိုဘာလ ၃၁ရက်နေ့ ထုတ်ပြန်ချက်အရ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်ကို အဆိုပါ ဝါဒဖြန့်ဇာတ်ကားနဲ့ သရုပ်ဆောင်တွေအပေါ် ဝေဖန်ရေးသားထားတဲ့ တော်လှန်အနုပညာရှင် ဒါရိုက်တာ ကိုပေါက်(ခ) ကိုအောင်မင်းနိုင်ရဲ့ ပို့စ်နဲ့ ခေတ်သစ်သတင်းမီဒီယာရဲ့ ပို့စ်တွေအပေါ် အသည်း(Love React ) ပေးခဲ့တယ်ဆိုတဲ့ ရမ်းကားစွတ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့သလို၊ ဒါရိုက်တာအောင်ချမ်းလူကိုလည်း တော်လှန်အနုပညာရှင် ဟစ်ဟော့(ပ်)အဆိုတော် ရန်ရန်ချမ်းရဲ့ပို့စ်ကိုအလားတူ ထောက်ခံ အသည်း(Love React) ပေးမှု၊ တော်လှန်ရေးကာလအစ ဆန္ဒဖော်ထုတ်ခဲ့မှု ပို့စ်တွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုကတော့ သူတို့ရဲ့အတုယောင်ရွေးကောက်ပွဲအပေါ် ဝေဖန်ပြောဆိုသူတွေကို မတရားဥပဒေတွေနဲ့ ပြင်းပြင်းထန်ထန် အရေးယူဖမ်းဆီးနေရာမှာ စစ်အုပ်စုထောက်ခံသူတွေကလည်း တရားလွန်ဖိအားပေး တိုက်တွန်းတာမျိုးတွေ ရှိနေတာလည်းဖြစ်ပါတယ်။

လက်ရှိဖမ်းဆီးထားတဲ့ ဒါရိုက်တာ ၂ယောက်ကိုလည်း သူတို့ရဲ့ အတုယောင်ရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တားမှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောက်ယှက်ဖျက်ဆီးဟန့်တားမှု စတဲ့ ဥပဒေတွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်ကြောင်းနဲ့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း စစ်ကောက်မရှင်က ဆိုပါတယ်။

စစ်အုပ်စုက မတရားထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေဟာ ထောင်ဒဏ် ၃နှစ်ကနေ အမြင့်ဆုံးသေဒဏ်အထိ ချမှတ်နိုင်တာဖြစ်ပြီး အခုနှစ် ဇူလိုင်လ ၂၉ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်သလို လက်ရှိအချိန် ဒီဥပဒေနဲ့ အရေးယူခံထားရသူ အယောက် ၆၀ ကျော်ရှိလာတဲ့အထဲ အသက်မပြည့်သူတွေနဲ့ အနုပညာရှင်တွေ ပါဝင်လာတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာ ပြည်တွင်းစျေးကွက်ရ မင်းသားမင်းသမီးတွေ အပါအဝင် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်များစွာကို ၄င်းတို့ရဲ့ အတုယောင်ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်လမ်းတွေမှာ ပါဝင်ရိုက်ကူးရမယ်လို့ ဖိအားပေးပြောဆိုထားပြီး၊ အဆိုပါ ဝါဒဖြန့်ဇတ်လမ်းတွေဟာလည်း ဆက်တိုက်ထွက်ရှိလာဖို့ရှိနေပါတယ်။

အကြမ်းဖက်စစ်အုပ်စု ရဲ့ ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများ ဇာတ်လမ်းကို စာရေးဆရာ ချစ်ဦးညိုရဲ့သား လကာ်ညို(ခ) တေဇာကျော်က တွဲဖက်ဒါရိုက်တာအဖြစ် ရိုက်ကူးတာဖြစ်တယ်လို့ သိရပါတယ်။

တဖက်မှာလည်း အတုယောင်ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားမှာ ပါဝင်ခဲ့သူတွေကို ပြည်သူတွေ Bycott လုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်နေကြသလို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

“အခုဆို စကမက မဲမဲမြင်ရာအကုန်ဖမ်းနေတာဆိုတော့ ပြည်သူတွေအနေနဲ့လည်း အကောင့်စစ်ထက် အတုတွေကိုပဲဖွင့်ပြီး လွတ်လွတ်လပ်သုံးစေချင်ပါတယ် .. နာမည်အစစ်ပုံအစစ်တွေနဲ့သုံးတဲ့အခါကျရင် သတိကြီးကြီးထားပြီး သုံးစေချင်ပါတယ်” လို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုတစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်အုပ်စာဟာ သူတို့ရဲ့ အတုယောင်ရွေးကောက်ပွဲအပိုင်း (၁) လာမယ့် ဒီဇင်ဘာလ အတွင်းအပိုင်း ၃ပိုင်းခွဲကာ လုပ်သွားမှာဖြစ်ပြီး မြို့နယ် ၁၀၂ မြို့နယ်ပါဝင်မှာ ဖြစ်ပါတယ်။

ပုံစာ- စစ်အုပ်စု ထုတ်ပြန်ထားသည့် ဒါရိုက်တာ ၂ဦးနဲ့
0 Shares:
You May Also Like
Read More

တော်လှန်ရေးဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိဖို့လိုအပ်ပြီး အမှန်တရားပေါ်မှ စုစည်းမှုသည်သာ အောင်ပွဲအတွက် အစစ်မှန်ဆုံးခွန်အားဖြစ်သည် ဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ပြောကြား

ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က တော်လှန်ရေးအင်အားစုတွေ ရန်သူကို လက်နက်အင်အားနဲ့ ယှဉ်ပြိုင်ဖို့ထက် အမှန်တရားပေါ်မှာ အခြေခံတဲ့ စုစည်းညီညွတ်မှုနဲ့ အောင်ပွဲဖော်ဆောင်ကြဖို့ တိုက်တွန်းပြောဆိုလာပါတယ်။
Read More

ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောများကို ကနီနှင့် မင်းကင်းကြားတွင် တော်လှန်ရေးတပ်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်သင်္ဘောတွေကို စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ကြားမှာ တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) ထံက သိရပါတယ်။
Read More

ရေဖြူမြိုနယ်တွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ၅ ဦး ထိခိုက်သေဆုံး… စစ်အုပ်စုက တောင်ကရင်းအင်းရွာက ရိက္ခာဝင်ယူသည့် စစ်ရှောင် အရပ်သား လင်မယားကိုလည်း သတ်ဖြတ်…

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ၊ ဆယ်အိမ်စုကျေးရွာဖက် က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်တပ်က ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒေါနစစ်ကြောင်း-၃ (KBDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကော့ဖငန်ကျွန်းတွင် တရားမဝင် ကန်ထရိုက်ဆောက်နေသည့် မြန်မာ ၉ ဦး အဖမ်းခံရ 

ထိုင်းနိုင်ငံ၊ ကော့ဖငန်ကျွန်းမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်အတွက် တရားမဝင် ကန်ထရိုက်ယူ အိမ်ဆောက်ပေးနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ 
Read More

စစ်ကောင်စီရဲ့ ပခုက္ကူ – မြိုင် အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်းအတွင်း ပခုက္ကူ - မြိုင်အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းစစ်ဆင်ရေးအဖြစ် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

⁨ပေါက်ခေါင်းမှာ စစ်တပ်အတွက် ရိက္ခာပို့ကားကို ကြားဖြတ်တိုက်ခိုက်၊ ကားပေါ်ပါလာတဲ့ စစ်သားအားလုံး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေရှိရာကို ရိက္ခာလိုက်လံပို့နေတဲ့ ရိက္ခာသည်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်ရာ ကားပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်သား (၉) ယောက်လုံး သေဆုံးသွားတယ်လို့  ပြည်ခရိုင်တပ်ရင်း ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။