ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ လှည့်ကင်းထွက်ဖို့လုပ်နေတဲ့ ရဲတွေ ထိခိုက်သွားတယ်လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အောက်တိုဘာလ ၃၁ရက် မနေ့ညပိုင်းက အကြမ်းဖက်စစ်ကော်မရှင်လက်ပါးစေ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၁လုံးပစ်ခတ်မှုနဲ့အတူ ပြင်းအားမြင့်မိုင်း ၂ခုနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်တွေနဲ့ကင်းလှည့်ဖို့ လုပ်ဆောင်နေတဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ခဲ့တာပါ။

“ယူနီဖောင်းအနက်ဝတ်ရဲတွေက ညဘက် ၁၀နာရီဝန်းကျင်ဆိုရင် ဆ်ိုင်ကယ်တွေနဲ့ ကင်းပတ်ထွက်နေကြပါ။ ဆိုင်ကယ်၄၊ ၅ စီးနဲ့ ထွက်တာ၊ ၁စီး ကို ၂ကောင်စီးတယ်။ အဲ့နေ့က ဒီကောင်တွေ ကင်းပတ်ထွက်မယ့်အချိန်ကို စောင့်ပြီးဆော်ထည့်လိုက်တာ ၊ အနည်းဆုံး ၂ ကောင်တော့ တိုက်ရိုက်ထိနိုင်တယ်။ ဆိုင်ကယ်နဲ့ ထွက်ထွက်ခြင်း ဆော်လိုက်တာဆိုတော့ အနည်းဆုံးကိုပြောပြတာပါ” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Yangon Army (YA) နဲ့အတူ အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပုံစာ- ရွှေပေါက္ကံနယ်မြေရဲစခန်း (ပုံဟောင်း)

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာမှုနဲ့အတူ Yangon Army (YA) အပါအဝင် ရန်ကုန်ပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးဖော်ဆောင်မှုတွေ ခပ်စိပ်စိပ်ရှိလာတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ အကြမ်းဖက်စစ်တပ်လက်ပါးစေ အုပ်ချုပ်ရေးမှူးရုံးတွေ၊ ရဲစခန်းတွေနဲ့အတုယောင်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပါတီရုံးတွေ ဆက်တိုက်တိုက်ခိုက်ခံလာရပါတယ်။

ဒါ့အပြင် အတုယောင်ရွေးကောက်အတွက် အကြမ်းဖက်စစ်တပ်ကို ထောက်ခံကူညီနေကြတဲ့ ဝါဒဖြန့်သရုပ်ဆောင်နဲ့ ထောက်တိုင်တွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ Yangon Army (YA) နဲ့ ပြောက်ကျားတပ်ဖွဲ့တွေက ပြောထားပါသေးတယ်။

” ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်တဲ့ပွဲတွေ လုံးဝမသွားကြဖို့ အထူးမှာကြားချင်ပါတယ်။ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပစ်မှတ်တွေ ဆက်လက်တိုက်ခိုက်သွားမှာမလို့ပါ ” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမှာ စစ်အုပ်စုက ရွာ ၃ ရွာကို မီးထပ်ရှို့လို့ နေအိမ် ၁၃၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အရပ်သား ၁ ယောက်ကိုပါ မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာ ၃ ရွာကို အကြမ်းဖက်စစ်အုပ်စုက ​မီးထပ်ရှို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်မြို့နယ်တွင် လယ်ရိတ်ဖို့သွားသည့် အမျိုးသား ၃ ဦး စစ်အုပ်စုထောင်ထားသည့်မိုင်း ထိမှန်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ လယ်ရိတ်ဖို့သွားတဲ့ အမျိုးသား ၃ ယောက်ဟာ အကြမ်း ဖက်စစ်ကော်မရှင် ထောင်ထားတဲ့ မိုင်းထိမှန်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့နယ်ထံက သိရပါတယ်။
Read More

ပုလောမြို့၊ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးကို နေအိမ်မှာတင် ပစ်ခတ်ရှင်းလင်း

တနင်္သာရီတိုင်း၊ ပုလောမြို့ရှိ စစ်ကောင်စီခန့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သူ့ရဲ့နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းမှာ ဇွန်လအတွင်း စစ်ရေးဖော်ဆောင်မှု ၁၁ ကြိမ် ရှိခဲ့ကြောင်း Operation Flame ထုတ်ပြန်

ခဲ့တဲ့ ဇွန်လမှာ ရန်ကုန်တိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း ၁၁ ကြိမ်အထိ ရှိခဲ့ကြောင်း Operation Flame (OF) အဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ စုစုပေါင်း ၁၁ ကြိမ်ထဲမှာ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု ၈ ကြိမ်၊ လုပ်ကြံမှု ၁ ကြိမ် နဲ့ ဖယ်ရှားရှင်းလင်းခံရမှု ၂ ကြိမ် ပါဝင်တယ်လို့ ဆိုပါတယ်။
Read More

မြိုင်တွင် ပိတ်ဆို့ခံထားရပြီး ငတ်ပြတ်နေသည့် စစ်အုပ်စုရွာကို စစ်ကောင်စီ Y8 လေယာဥ်ဖြင့် ရိက္ခာချပေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ ပိတ်ဆို့ဝန်းရံထားတဲ့ သရက်ကန် ပျူစောထီးရွာကို စစ်ကောင်စီက ထောက်ပို့လေယာဥ်နဲ ရိက္ခာထုပ်တွေချပေးခဲ့ကြောင်း TKY ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်စောကြီးက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်း‌ပေါ်တွက် တည်ရှိသည့် စဉ့်ကိုင်မြို့နယ်မှာ မြို့နယ် ပကဖ   မွမ်းမံသင်တန်း ပြုလုပ်နေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ ဝင်ရောက်လာတဲ့ ရဲဘော်အသစ်တွေနဲ့ ပကဖ ရဲဘော်ဟောင်းတွေကို စုပေါင်းပြီး အပတ်စဉ် (၃) အခြေခံစစ်ပညာ မွမ်းမံသင်တန်း ပြုလုပ်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။