မကွေးတိုင်း မြို့သစ်မြို့မြောက်ဘက် မြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်အား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ People’s Defence Force – Natmauk က ဒီကနေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၉ ရက် ညပိုင်းက မြို့သစ်မြို့မြောက်ဘက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရတာပါ။

တိုက်ခိုက်မှုအတွင်း ဂိတ်အတွင်းရှိနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၅ယောက် သေဆုံးခဲ့ပြီး၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အန္တရယ်ကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါဂိတ်ဟာ အရပ်သားပြည်သူတွေကို စစ်မှုထမ်းပေါ်တာဆွဲတာ၊ ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြ နှိပ်စက်ငွေကောက်ခံတွေ လုပ်ဆောင်နေတဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး” စစ်ကူရောက်ဖို့ သုံးမိနစ်ခန့်သာ ကြာမြင့်တဲ့နေရာ ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းပြီး သတ်မှတ်အချိန်အတွင်း ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ လက်နက်ရရှိရေးကို ဦးစားပေးဆောင်ရွက်တာ မဟုတ်ဘဲ၊ ရဲဘော်တွေရဲ့ လုံခြုံရေးဦးစားပေး ဆောင်ရွက်တာကြောင့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ နေပြည်တော်တိုင်း စစ်ဌာန အမှတ်-၉၀၂တပ်ရင်း ကပြောပါတယ်။

နေပြည်တော်တိုင်း စစ်ဌာန အမှတ်-၉၀၂တပ်ရင်းတဖြစ်လဲ နတ်မောက် PDF အနေနဲ့လည်း နေရာဒေသအချိန်မရွေး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေချိန်ဖြစ်တာကြောင့် အရပ်သားတွေအနေနဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရှိရာ အရပ်ဒေသတွေ၊ အထိုင်ချနေရာတွေနဲ့ နီးစပ်ရာနေရာမျိုးတွေမှာ နေထိုင်တာမျိုး မလုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

ဒီတိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန အမှတ် ၉၀၂ တပ်ရင်း၊ ဗျူဟာအမှတ် ၁၇ အထူးလှုပ်ရှားစစ်ကြောင်းနဲ့ သရက်ခရိုင်တပ်ရင်း ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video-People’s Defence Force – Natmauk
0 Shares:
You May Also Like
Read More

ဘုတလင်တွင် စစ်ကြောင်းထိုးလာသော စစ်အုပ်စုကို တိုက်ခိုက်၊ ၂ လအတွင်း စစ်သား ၄၀ ခန့် ထိခိုက် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းဖို့ အင်အား ၃၀၀ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းများနဲ့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းစစ်ကြောင်းတို့ သြဂုတ်လမှ စက်တင်ဘာလထိ ၂ လတာကာအတွင်း  ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ၊ စစ်သား အယောက် ၄၀ ခန့် ထိခိုက်သေဆုံးသွားကြောင်း ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်၊ ပြန်ကြားရေးနှင့် မဟာမိတ်ဆက်ဆံရေးဌာနက ဒီကနေ့ညမှာ ထုတ်ပြန်ပါတယ်။
Read More

မြိုင် ကပစ စက်မှု ၂ ရဲ့ အဆောက်အအုံတွေပေါ် ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကပစ စက်မှု ၂ ကို ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြင်းမူမှာ စစ်တပ်အထိုင်စခန်းကို ဗုံးသီးကြဲချတိုက်ခိုက်ရင်း သိန်း ၃၅၀ တန်ဖိုးရှိ ဒရုန်း ၁ စီး ဆုံးရှုံးခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့ မြောက်ဘက်က ရွှေတောင်ဆီဆိုင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force - MMU အဖွဲ့ထံက သိရပါတယ်။
Read More

ကော့ကရိတ်မြို့ဖက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက်ကျော် သေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့ဖက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်သား ၈ ယောက်ကျော် သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်အစောပိုင်းမှာ ကော့ကရိတ်မြို့ဖက်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာခဲ့ပြီး၊ ထိဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။ နှစ်ဘက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အလောင်း ၈လောင်းနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ယောက်အတွက် အလေးပြုခြင်းအခမ်းအနားပြုလုပ် (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်း ရဲဘော် သံခြေထောက်နဲ့ ရဲဘော် ကပ္ပလီတို့ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့်အဖြစ် ဒီဇင်ဘာ ၂၀ ရက်က လောင်းလုံးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ အလံတစ်ဝက်ချလွှင့်ထူခြင်းနဲ့ အလေးပြုခြင်းအခမ်းအနားပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လူးနယ်မြေရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်ကောင်စီတပ်သားအလောင်း ၁၀ လောင်းအထက်နှင့် လက်နက် ၁၈ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော်သေပြီး လက်နက် ၁၈ လက်သိမ်း ဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။