မကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာကနေ နွားစာလာရိတ်တဲ့ ပျူစောထီး ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။

ယနေ့ နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲဝန်းကျင်ခန့်မှာ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူစောထီး ရွာအနောက်ဘက်ရှိ မြေပဲခင်းကို နွားစာရိတ်ထွက်လာတဲ့ ပျူစောထီး ၁ ယောက်ကို စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရတာပါ။

တိုက်ခိုက်ခံရတဲ့ ပျူစောထီး သိန်းတန်ဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊ မြိုင် ပ.က.ဖ တပ်ရင်း -၁ တပ်ခွဲ -၁၊တပ်ခွဲ -၄ (စကြာ်)၊ ဒေါင်းမာန်တပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်တပ်ဖွဲ့ နှင့် TYK ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိ ရပါတယ်။

Video-ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု – P L C
0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင် Local တပ်ရင်း (၁) အပတ်စဥ် (၂) စစ်သင်တန်းလေ့ကျင့်ရေးနှင့် သင်တန်းဆင်းပုံရိပ်များ (ရုပ်/သံ)

ပခုက္ကူခရိုင် Local တပ်ရင်း (၁) အပတ်စဥ် (၂) စစ်သင်တန်းလေ့ကျင့်ရေးနဲ့ သင်တန်းဆင်းပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို Earthquake People’s Defence Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာ စစ်အုပ်စုတပ်စခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်သား အများအပြား သေပြီး PDF ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ် ရုံးည်ကြီးကျေးရွာရှိ စစ်အုပ်စုတပ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်း ရေထွက်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁၃ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို ယနေ့ ဧပြီ ၁၉ ရက် နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၁၃ ယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မှာ ပင်လုံရင်ပြင်ကို ငါတို့ပြန်လာပြီ လှုပ်ရှားမှု (ရုပ်/သံ)

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံရင်ပြင်ကဗိုလ်ချုပ်ကြေးရုပ် ရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်းဖြစ်တဲ့ “အလိုမရှိ” သီချင်းကို ဘလူးတုဘောက်နဲ့ ဖွင့်လှစ်ခဲ့ပြီး စစ်အဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကိုပြုလုပ်ခဲ့ပါတယ်။
Read More

မောင်းပြေးသည့် ကားကို ယာဉ်ထိန်းရဲ တွဲလောင်းခိုဖမ်းဆီးသည့် ဗီဒီယိုဖိုင် လူစိတ်ဝင်စားမှု မြင့်တက် (ရုပ်/သံ)

ရန်ကုန်မြို့ ပါရမီလမ်းမပေါ်မှာ စက်တင်ဘာ ၂၅ ရက် မနေ့ညပိုင်းက ယာဉ်စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ မရပ်ပေးဘဲ မောင်းပြေးတဲ့ ကားကို တွဲလောင်းခိုဖမ်းဆီးခဲ့တဲ့ ယာဉ်ထိန်းရဲတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ကို လူစိတ် ဝင်စားမှု မြင့်တက်နေပါတယ်။ 
Read More

စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၅ ရက် ဒီနေ့ မနက်အစောပိုင်းမှာ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။