မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ပျူရွာက သိန်းတန် အမည်ရှိ ပျုစောထီးတစ်ယောက်ဟာ နွားစာရိတ်ဖို့ ထွက်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စနိုက်ဘာနဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး၊ ကျည်ထိမှန်သေဆုံးသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု- PLC တပ်ဖွဲ့ထံမှ သိရပါတယ်။

နိုဝင်ဘာ ၁ ရက်၊ ဒီကနေ့ မနက် ၈ နာရီကျော်လောက်မှာ အဲဒီပျုစောထီးတပ်သားဟာ သရက်ကန်ပျုရွာ အနောက်မြောက်ဖက်ခြမ်းရှိ မြေပဲခင်းဆီကို နွားစာရိတ်ဖို့ ထွက်လာချိန်မှာ စနိုက်ဘာနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ရင်ဘတ်ကိုထိမှန်ကာ သေဆုံးသွားတယ်လို့ သိရတာပါ။

ပျုစောထီး သိန်းတန် စနိုက်ဘာနဲ့ အပစ်ခံရပြီးနောက် ရွာထဲမှာရှိတဲ့ အခြားပျုစောထီးများ စစ်ကူထွက်လာတဲ့အတွက် အဆိုပါနေရာမှာ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ- တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး စနိုက်ဘာနဲ့ ပစ်ခတ်နေစဥ်

“ထွက်လာမယ့် ပျူစောထီးကို စောင့်ကြိုရှင်းလင်းဖို့ပဲ ရည်ရွည်ထားတာမို့ ရည်မှန်းချက်ပြည့်ပြီးတာနဲ့ မိနစ်ပိုင်းထိတွေ့မှုယူပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်၊ ထိတွေ့မှုက သရက်ကန်ပျူရွာရဲ့ အနောက်မြောက်ဖက်ခြမ်းမှာ ဖြစ်တာပါ” လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC တာဝန်ခံ ကိုမိုးက မောင်းသတင်းဌာနကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊မြိုင် ပ.က.ဖ တပ်ရင်း -၁ တပ်ခွဲ -၁၊တပ်ခွဲ -၄ (စကြာ်)၊ ဒေါင်းမာန်တပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်တပ်ဖွဲ့ နဲ့ TYK ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ သရက်ကန်ပျုရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရိက္ခာဖြတ်တောက်ထားတာ ၁ နှစ်ကျော်ခန့်ရှိပြီလို့လည်း သိရပါတယ်။

“သူတို့ဆီကို စစ်ကြောင်းရိက္ခာ မရောက်တာ ၁ နှစ်ကျော်လောက်ရှိနေပြီ၊ Y 12 နဲ့ ရိက္ခာချတာမျိုးတွေတော့ ရှိတယ်၊ သူတို့ ရိက္ခာမလောက်လို့ ဆန်ပြုတ် ပြုတ်စားနေရတယ်လို့ သိထားပါတယ်” လို့ အဆိုပါတာဝန်ခံ ကိုမိုးက ဆက်ပြောပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC တပ်ဖွဲ့ဟာ အဆိုပါပျုစောထီးရွာတွေကို မကြာခဏသွားရောက်ပစ်ခတ်တယ်လို့လည်း ဆိုပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့မှာ သရက်ကန်ရွာက ပျူတစ်ယောက်ကို အခုလိုပဲ သွားရောက်ပစ်ခတ်ခဲ့သလို၊ စက်တင်ဘာ ၂၈ ရက်နေ့မှာလည်း တွင်းမပျူရွာက စစ်ကော်မရှင်တပ်သား ၃‌ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး MA ၁ တစ်လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းခံရသူ များလာသလို သေနတ်ဒဏ်ရာဖြင့် သေဆုံး ရုပ်အလောင်းလည်း များပြားလာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ပြည်သူတွေ များပြားလာသလို သေနတ်ဒဏ်ရာနဲ့ သေဆုံးသူတွေလည်း များလာတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မိုင်းယု (၁၀၅)မိုင်တွင် ဖမ်းဆီးရမိထားသည့်မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃) ဖွဲ့ မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းခရိုင်၊ မိုင်းယု (၁၀၅) မိုင်မှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃) ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုတွင် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုရဲ့ စက်တပ်လေထီး (ပါရာမော်တာ) နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ရက်အတွင်း အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စဉ့်ကူးနှင့် သပိတ်ကျင်းကို စစ်ကောင်စီ ရှေ့ဆင့်နောက်ဆင့် လေကြောင်းတိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် အရပ်သား ၆ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ပုလဲ ပအဖ က တောင်ယမားရေလှောင်တမံကို သွားရောက်ကြည့်ရှုစစ်ဆေး

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ်၊ ရပ်ကျေး အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေ တောင်ယမားရေလှောင်တမံ ပြုပြင်ထိန်းသိမ်းစောက်ရှောက်ရေးကော်မတီတို့က စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာ တောင်ယမားဆည် ရေဝင်မှုအခြေအနေတွေ သေချာတိကျစွာ သိရှိနိုင်အောင် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးခဲ့ရသည့်ပြည်သူများနှင့် နှစ်ရှည်စစ်ရှောင်စခန်းကို ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူတွေနဲ့ ကာလကြာရှည်စစ်ရှောင်နေရတဲ့ နှစ်ရှည်စစ်ရှောင်ပြည်သူတွေကို ဩဂုတ်လအတွင်း ထောက်ပံ့ကူညီမှုတွေ သွားရောက်ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။