စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းက သီလုံး ပျူရွာကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ ဗုံးသီးကျဲချ တိုက်ခိုက်ခဲ့လို့ ပျုခေါင်းဆောင် ၁ဦး သေဆုံးပြီး၊ ပျူစောထီး ၄ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Shwebo Crocodile က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တို့မှာ ပြလုပ်ခဲ့တာဖြစ်ပြီး ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့က ပျူရွာက ကင်းစခန်းတွေကို တိုက်ခိုက်တာပေါ့နော်။ အဲ့မှာ ပျူခေါင်းဆောင် ဝင်းဇော်အောင် ထိသွားပြီး ၄ဦးလည်း ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဒီပျူရွာတွေက အာဏာသိမ်းပြီးကာလ အစထဲက ပျူရွာ စတည်တာပေါ့နော်။ စစ်တပ်နဲ့ ပျူစောထီး ပေါင်းထိုင်ပါတယ်။ အင်အားက ရွာထဲမှာ ၈၀ လောက်ရှိတယ်” လို့ Shwebo Crocodile အဖွဲ့ခေါင်းဆောင် ဗိုလ်မိကျောင်းက မောင်းကို ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့များရဲ့ တိုက်ခိုက်ခံရပြီးနောက် ဇီးဖြူကုန်း ပျူရွာကနေ တပ်ကူတွေ ရောက်လာပြီး RPGဖြင့် ကောင်တာပြန်ပစ်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ပျူခေါင်းဆောင် ဝင်းဇော်အောင်ကို ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်မှာ နာရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်(၄) တပ်ရင်း ဦးဆောင်ပြီး ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ Shwebo Crocodile ၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ FIFတောင်သူ့လွတ်မြောင်ရေးအင်အားစု၊ ဒေါင်းစစ်သည်အဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ဆက်လက်ပြီးလည်း စစ်တပ်ထောက်တိုင် ပျူစောထီးတွေကို တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၂ မှ ရဲဘော်များ၏ အပတ်စဥ် (၇) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ ပဲခူးရိုးမတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဆင်ရေးနယ်မြေ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က ရဲဘော်တွေရဲ့ အပတ်စဥ် (၇) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ 
Read More

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပြည်သူတွေ မပူးပေါင်းကြဖို့ တောင်းဆို

"စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှုကို ပြည်သူလူထုတရပ်လုံးအနေဖြင့် မိမိတို့ တော်လှန်ရေး အင်အားစုများနှင့် အတူတကွ ရနိုင်သမျှ နည်းလမ်းမျိုးစုံသုံး၍ ဆန့်ကျင်ကြရန် လိုအပ်သည်" လို့ ရန်ကုန်သပိတ်အင်အားစုတွေရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Read More

ကတိုင်တိ စစ်တပ်စခန်း မကျစေရေး စစ်ကောင်စီ ဂျက်လေယာဉ်တွေနဲ့ ခုခံတိုက်ခိုက်နေ

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ကတိုင်တိ စစ်တပ်စခန်း လက်မလွှတ်ရရေးအတွက် အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဥ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပန်းပန်ခြင်း၊ အင်္ကျီအပြာ ဝတ်ဆင်ခြင်းကို အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချဖို့ စစ်တပ်လော်ဘီများ လှုံ့ဆော်နေ

အာဏာသိမ်းစစ်ကောင်စီကနေ မတရား ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ရက် မနက်ဖြန်ဆိုရင် အသက် ၈၀ ပြည့်ပြီဖြစ်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပြည်သူလူထုကြားမှာ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်တိုက်တွန်းထားပါတယ်။
Read More

လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စရဖရုံးတို့ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေပြီး အများအပြား ဒဏ်ရာရဟု ဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေရှိရာ တပ်စခန်း ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 
Read More

မုံရွာမှာ ပေါ်တာဆွဲဖို့လုပ်နေတဲ့ စစ်​အုပ်စုလှည့်ကင်းကား ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲနဲ့ စစ်သား ၄ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖို့ကင်းလှည့်နေတဲ့ စစ်အုပ်စုကားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ရဲနဲ့စစ်သား ၄ယောက် သေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်း တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းသတင်းဌာနကို ပြောပါတယ်။