‘ကျွန်တော့မေမေ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မြောက်စေရန်၊ ပြည်သူများကို ကာကွယ်ပေးရန် (ဖိနှိပ်သူများအားမဟုတ်ပဲ) အကျိုးသက်ရောက်သော ပြုပြင်ပြောင်းလဲမှုများကို အတူတကွ ဆောင်ရွက်ရန် တောင်းဆိုချင်ပါတယ်”လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များထံ ကိုထိန်လင်းက တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို အကြမ်းဖက်မှု (သို့မဟုတ်) အတုအယောင် ရွေးကောက်ပွဲများနဲ့ မဖြေရှင်းနိုင်ကြောင်း ထပ်မံအတည်ပြုပေးခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း ကျေးဇူး တင်တယ်လို့ ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေက မြန်မာစစ်တပ်ကို တောင်းဆိုထားတဲ့ အချက် ၅ ချက်ကိုလည်း ဆက် လက်အတည်ပြုပေးတဲ့အတွက် စစ်အာဏာရှင်ဖိနှိပ်မှုအောက်မှာ နေထိုင်နေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် မျှော်လင့်ချက်တစ်ရပ်ဖြစ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အမှန်တကယ်စစ်မှန်တဲ့ ညီညွတ်မှု၊ တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာ အပေါ် ရပ်တည်တဲ့ အသိုက်အဝန်းတစ်ခု ဖြစ်လာမယ်လို့လည်း မျှော်လင့်ကြောင်း ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။

Video-Kim Aris – Htein Lin
0 Shares:
You May Also Like
Read More

ဘန်ကောက်မှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ BIMSTEC အစည်းဝေး ကျင်းပမယ့် ရှန်ဂီလာဟိုတယ်အနီးမှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲပြီး ဆန္ဒပြထားကြောင်း သိရပါတယ်။
Read More

အာဆီယံက စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ပြီး အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ရန် Justice For Myanmar တောင်းဆို…

အာဆီယံအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ပြီး နိုင်ငံရေးအရ တရားဝင်မှုကို ဖန်တီးဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကနေ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (နလအက) အဖြစ် အမည်ပြောင်းလဲမှုကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ တရားဝင်မှုရရှိရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းကို လှည့်စားဖို့ ပရိယာယ်တစ်ရပ်သာဖြစ်ကြောင်းကို အာဆီယံက ရှင်းလင်းစွာ ရှုမြင်သဘောပေါက်ဖို့ JFM က သတိပေးထားပါတယ်။
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိစေရေး ထောက်ခံဆန္ဒပြပွဲ တောင်ကိုးရီးယားတွင် ကျင်းပပြုလုပ်

တောင်ကိုးရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာ‌ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိစေရေးအတွက် ထောက်ခံဆန္ဒပြပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ တောင်ကိုးရီးယားနိုင်ငံ တော်လှန်ပြည်သူတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် ပြော

လာအိုမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေအတွင်း မြန်မာ့အရေးပြဿနာဟာ ခေါင်းစဉ်ကြီးတရပ်ဖြစ်ခဲ့တဲ့အလျှောက် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ ထိုင်းဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေးဖွင့်ပွဲနေ့မှာ တောင်းဆိုခဲ့ပါတယ်။
Read More

စစ်အာဏာသိမ်းမှုနှင့်အတူ ငလျင်ဘေးဒဏ် ခံစားနေရသည့် မြန်မာ့အခြေအနေကို နိုင်ငံတကာ ပါလီမန်များညီလာခံမှာ အသိပေးမည်

စစ်အာဏာသိမ်းမှုနဲ့အတူ မြန်မာပြည်သူတွေ ငလျင်ဘေးဒဏ် ခံစားနေရမှုအပေါ် ကမ္ဘာက ပိုမိုသိရှိပြီး အကူအညီတွေ ရရှိစေဖို့ နိုင်ငံတကာ လွှတ်တော် အသိုင်းအဝိုင်းကို သတင်းစကားပေးနိုင်အောင် ကြိုးစားနေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
Read More

မြန်မာပြည်ကို အကူအညီပေးရေး ဒေါ်လာသန်း ၁၀၀ ထောက်ပံ့ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် အတည်ပြု

မြန်မာပြည်မှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဘေးဒုက္ခရောက်ရှိခဲ့ရတဲ့ ပြည်သူတွေကို အကူအညီပေးရေး ဒေါ်လာသန်း ၁၀၀ ပံ့ပိုးဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အတည်ပြုလိုက်ကြောင်း Reuters သတင်းဌာနက ဖော်ပြထားပါတယ်။