စစ်ကိုင်းတိုင်း၊ ကလေးတောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ၄င်းတို့ဖမ်းဆီးထားတဲ့ ဒေသခံအချို့ကို သတ်ဖြတ်လိုက်ပြီး၊ ကျန်အချို့ကို ကတုံးတုံးကာ ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ဆို ကလေးနယ်ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့မှာ စစ်ကော်မရှင်တပ်သားတွေဟာ အင်အားအလုံးအရင်း နဲ့ ကလေးမြို့ တောင်ပိုင်း ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် တွင်းချောင်း ကျေးရွာထဲကို ဝင်ရောက်ခဲ့ပြီး ရွာထဲက ထွက်မပြေးပဲ ကျန်နေခဲ့တဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီကနေတစ်ဆင့် စစ်ကော်မရှင်တပ်သားတွေဟာ သာယာကုန်းကျေးရွာထဲကို ဝင်ရောက်သွားပြီး ရွာထဲရှိ ဒေသခံတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကို ခိုးယူသွားတယ်လို့လည်း သိရပါတယ်။ ထောက်ကြံ့ကျေးရွာထဲကို ဝင်ရောက်သွားချိန်မှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ပထမဝင်တုန်းက တွင်းချောင်းရွာထဲမှာ တစ်ယောက်ပဲကျန်တာ၊ သူက နည်းနည်းစိတ်မနှံ့ဘူးပေါ့နော်… သူ့ကိုလည်းသတ်သွားတယ်၊ အဲ့မှာတိုက်ပွဲဖြစ်သေးတယ်၊ ဒုတိယရက်ကျတော့ သာယာကုန်းကိုဝင်တယ်၊ သာယာကုန်းမှာတော့ ပစ္စည်းတွေယူသွားတယ်၊ ထောက်ကြံမှာ တိုက်ပွဲပြန်ဖြစ်တယ်၊ အဲ့မှာ သူတို့မနည်းဘူး ကျတယ်၊ တိုက်ပွဲက ခဏခဏဖြစ်တယ်၊ ကိုယ့်ဘက်က အင်အားလည်းနည်းတယ်၊ သူတို့ဘက်က အလုံးအရင်းနဲ့ ဝင်လာတာ ၆၀၀၊ ၇၀၀ လောက်ရှိတယ်၊ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးတာ”လို့ ကလေးနယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကော်မရှင်တပ်သားတွေဟာ ထောက်ကြံ့ရွာထဲရှိ ဘုန်းကြီးကျောင်းမှာ ရှောင်တိမ်းနေတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း စာသင်ကျောင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ အဲဒီထဲက ဒေသခံ ၄ ယောက်ကို သတ်ဖြတ်လိုက်သလို၊ ကျန်တစ်ချို့ကိုလည်း ကတုံးတုံးကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဆိုပါနယ်ခံက ဆက်ပြောပါတယ်။

“ထောက်ကြံ့ဘုန်းကြီးကျောင်းမှာ သက်ကြီးပိုင်း ၅၀ကျော် ၊ ၆၀ ကျော်တွေက တစ်ခြားမရှောင်ပဲ ဘုန်းကြီးကျောင်းမှာ ရှောင်နေတာ၊ အဲဒီထဲက ၄ ယောက်ကိုတော့ ပစ်သတ်လိုက်တယ်၊ ကျန်တဲ့ လူတွေကိုတော့ ဘုန်းကြီးကျောင်းကနေ စာသင်ကျောင်းကို ခေါ်သွားပြီး ကတုံးတုံးပြီး ဖမ်းခေါ်သွားတယ်၊ အခု ဘယ်ကိုရောက်သွားလဲ မသိဘူး၊ ရွာကိုလည်း ပြန်ရောက်မလာသေးဘူး” လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်သားတွေဟာ ကလေးတောင်ပိုင်းထဲမှာရှိနေသေးပြီး၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေတာကြောင့် ဒေသခံတစ်ချို့ဟာ တောင်တွေပေါ်ကို သွားရောက်ရှောင်တိမ်းကြရပြီး၊ တစ်ချို့ကလည်း တောတွေထဲမှာ ရှောင်တိမ်းနေကြရတယ် လို့သိရပါတယ်။

ပုံစာ – ကလေးတောင်ပိုင်းရှိဒေသခံများ ထွက်ပြေးတိမ်းရှောင်နေပုံ ၊ ဓာတ်ပုံ – Thu Rain
0 Shares:
You May Also Like
Read More

ဘုတ်ပြင်းမြို့နယ်အခြေစိုက် စကခ (၁၃) နှင့် ခလရ (၄၃၂)တပ်ရင်းမှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်မဲ့ အလင်းဝင်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ (၁၃) နဲ့ ခလရ (၄၃၂) တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ် ၃ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သုံးဆယ်မှာ ပေါ်တာဆွဲခံရသည့် လူငယ် ၃ ဦးကို သိန်း ၂၀၀ ဖြင့် ရွေးခဲ့ရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မိုးမောက်နဲ့ ဗန်းမော်ကြား KIA သိမ်းပိုက်ထားတဲ့ တပ်စခန်းကို စစ်ကောင်စီ ပြန်လည်ထိုးစစ်ဆင်နေ

စစ်ကောင်စီက မိုးမောက်နဲ့ ဗန်းမော်မြို့ကြားက KIA ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်နေတယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။ 
Read More

ဂန့်ဂေါမြို့နယ်ကနေ ပုလဲမြို့နယ်အတွင်း ခိုလှုံနေတဲ့ အမြဲစစ်ရှောင်တွေကို ပုလဲ ပအဖ သွားရောက်ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်က ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားစာနာတာဝန်ခံနဲ့အတူ သစ်တောတာဝန်ခံ၊ မြို့နယ်ပအဖအဖွဲ့ဝင်တွေ၊ ပညာရေးဘုတ်အဖွဲ့ဝင်တွေ၊ မြို့နယ် ပလဖအဖွဲ့တွေ၊ တိုက်နယ်ပအဖ လူသားစာနာတာဝန်ခံ၊ တိုက်နယ်ပကဖ တာဝန်ခံနဲ့အဖွဲ့ဝင်တွေ၊ ကျောတိုက်နယ် အပဖ၊ ပကဖ တွေက ဂန်ဂေါမြို့နယ်၊ ကျောမြို့အနီးရှိ နေရပ်မပြန်နိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေဆီ သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို သိမ်းပိုက်ရရှိမှု KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားတဲ့ ခလရ (၃၁) ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

မွန်တော်လှန်ရေးတပ်များ ပါဝင်သည့် ရာမညပူးတွဲစစ်ကြောင်း ရုတ်သိမ်းထား

မွန်လက်ကိုင်တော်လှန်ရေး ၄ဖွဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ကြေညာခဲ့တဲ့ ရာမညပူးတွဲစစ်ကြောင်းဟာ ၄လ သက်တမ်းကုန်ပြီးတဲ့နောက် ပူးတွဲစစ်ကြောင်းကို ခေတ္တ ရုတ်သိမ်းထားတယ်လို့ မွန်တော်လှန်ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။