စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ အောက်တိုဘာလ ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သား အယောက် ၈၀ နီးပါးကို ပြန်ပေးဆွဲဖမ်းဆီးခဲံပြီး၊ အမျိုးသမီး ၂ယောက်ကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ -ကန့်ဘလူခရိုင်ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်၊ ထန်းတပင်ရွာနေအရပ်သား ၂၉ ယောက်၊ ဇီးကုန်းရွာက ၁၈ ယောက် နဲ့ ဗျူဟာလမ်းကြောပေါ်သွားလာနေတဲ့ အရပ်သားအယောက် ၃၀ ထက်မနည်းကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ထန်းတပင်ကျေးရွာကို ဝင်ရောက်ရင်း အမျိုးသမီး ၁ ယောက်ကို အဓမ္မပြုကျင့် မီးရှို့သတ်ဖြတ်ခဲ့သလို အမျိုးသား ၂၉ ယောက်ကို ကန့်ဘလူ ၆၀၀၆ တပ်ရင်းဆီ ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရတာပါ။

ဒါ့အပြင် အောက်တိုဘာ ၂၅ ရက်နေ့ကလည်း ဇီးကုန်းရွာအတွင်းက အမျိုးသား ၉ယောက်၊ အမျိုးသမီး ၉ ယောက် စုစုပေါင်း ၁၈ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။

အဲ့ဒီဖြစ်စဥ်တွေမတိုင်ခင် အောက်တိုဘာလ ၁၄ရက်နေ့ကလည်း ဗျူဟာလမ်းပေါ် အထိုင်ချတပ်စွဲထားတဲ့ စံပါယ်နံ့သာ စစ်ကောင်စီအထိုင်စခန်းကနေ အရာတော်-တနိုင်းပြေးဆွဲတဲ့ အန်စာတုံးအဖြူရောင်ကားပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ဒီပဲယင်းမြို့နယ်၊ သက္ကယ်ခြံရွာက အမျိုးသား ၉ ယောက်ကို ဖမ်းဆီးခဲ့သလို အောက်တိုဘာလ ၁၅ရက်နေ့မှာလည်း ခင်ဦးမြို့နယ်နေ ခရီးသွား အမျိုးသား ၃ ယောက်ကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- အောက်တိုဘာ၁၆ ရက်နေ့တွင် စံပါယ်နံ့သာပျူအထိုင်မှ ထွက်ပြေးလွတ်မြောက်လာသည့် မအေးမာဦးအမျိုးသား
ပုံ – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ဒါ့အပြင် အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းရွာကနေ တန့်ဆည်မြို့ဘက် ကထိန်ခင်းဖို့လာတဲ့ မအေးမာဦးဆိုသူနဲ့ အမျိုးသားဖြစ်သူကို အဲ့ဒီစံပါယ်နံ့သာ ပျူအထိုင်စခန်းက ဖမ်းဆီးခဲ့ပြီး အဖိုးတန် ရွှေထည်တွေကို လုယူကာ မအေးမာဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပါတယ်။ အမျိုးသားဖြစ်သူကတော့ ပျူတွေရဲ့ ဖမ်းဆီးနှိပ်စက်ညှင်းပန်းတာကို ခံရပြီး ဒဏ်ရာ‌တွေရရှိခဲ့ပေမဲ့ သူတို့အလစ်မှာ ကိုယ်လွတ်ရုန်းထွက်ပြေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ ဒါ‌တွေကို ကျူးလွန်ခဲ့ရုံသာမက အောက်တိုဘာ ၁၇ ရက်နေ့မှာလည်း ခရီးသွားကားပေါ်ပါ အမျိုးသား ၃ ယောက်ကို အဲဒီဂိတ်စခန်းမှာပဲ ထပ်မံဖမ်းဆီးခဲ့ပါသေးတယ်။ ဒီဖြစ်စဥ်တွေမတိုင်ခင် အောက်တိုဘာ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကန့်ဘလူမြို့နယ်၊ အေးသာယာရွာကအမျိုးသမီး၂ယောက် စံပယ်နံ့သာ စစ်ကောင်စီအထိုင်စခန်းကိုဖြတ်ပြီး ဇီးကုန်းမြို့ကိုအသွား လမ်းမှာပျောက်ဆုံးသွားခဲ့တာဟာလည်း တစ်လကြာလာချိန်အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၉ ရက်နေ့မှာလည်း ကောလင်းမြို့နယ်၊‌ ပေကုန်းရွာနေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်၂ယောက်ဟာ ရွှေဘိုမြို့ကို ဆိုင်ကယ်နဲ့ သွားရောက်ချိန် စံပါယ်နံ့သာပျူအထိုင်စခန်းမှာပဲ ဖမ်းဆီးခံကြရပြီး ၂ယောက်စလုံး ခက်ခက်ခဲခဲ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ-ကန့်ဘလူခရိုင်ရဲ့ပြောကြားချက်အရ စံပါယ်နံ့သာပျူအထိုင်စခန်းဟာ တပ်သားသစ်စုဆောင်းနိုင်ဖို့ အမျိုးသားတွေကို ပစ်မှတ်ထား ပေါ်တာဆွဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

အတုအယောင်ရွေးကောက်ပွဲပျက်အောင် လှုံ့ဆောင်သည်ဟုဆိုကာ အသက်မပြည့်သူများအပါ အမျိုးသား ၉ ဦးကို စစ်ကော်မရှင် ထပ်မံဖမ်းဆီး

အတုအယောင်ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုပြီး အသက်မပြည့်သေးသူတွေအပါ အမျိုးသား ၉ ယောက်ကို အမှုဖွင့်ဖမ်းဆီးထားတယ်လို့ အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၃ ရက် ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

ဝမ်ပေါင်ရဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို တိုက်ခိုက်ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီး…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကနေ ထွက်လာတဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီးခဲ့တယ်လို့ Black Eagle Defence Force-MMU က သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲကို ပယ်ချရန် အာဆီယံခေါင်းဆောင်များထံ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀၀ ကျော် စာပို့

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ပယ်ချဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၁၅ ဖွဲ့က အာဆီယံခေါင်း ဆောင်တွေထံ စက်တင်ဘာ ၃ ရက် မနေ့က စာတစောင်ပေးပို့ပြီး အရေးတကြီး တောင်းဆိုလိုက်ကြောင်း တရားမဝင်အတု အယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး-Anti-illegal Sham Election က ထုတ်ပြန်ထားပါတယ်။
Read More

မကွေးတိုင်း ခရိုင် ၂ခုတွင် ရွေးကောက်ပွဲအတု ထောက်ခံကြောင်း ပြသရန် စစ်အုပ်စုက အိမ်ပေါက်စေ့ ခြိမ်းခြောက် အလံထောင်ခိုင်းထား

မကွေးတိုင်း၊ မင်းဘူးနဲ့ သရက်ခရိုင်အတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲအကြို နေအိမ်တိုင်းလိုလို အလံတွေ ထောင်ထားကြဖို့နဲ့ မလိုက်နာသူတွေကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

နတ်တလင်းမြို့နယ်တွင် စစ်တပ် စက်တပ်လေထီး ပစ်ခတ်မှုကြောင့် ဘုန်းကြီး ၁ပါး ပျံလွန်တော်မူကာ ဒေသခံ ၁ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၄ရက် မနေ့ နေ့လယ် ၃နာရီကျော်လောက်မှာ သဲကုန်းမြို့ကနေ တက်လာတဲ့ စက်တပ်လေထီး ၃စီးဟာ ငုတ်တိုရွာနဲ့ ကံစုရွာတွေထဲကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကံစုရွာက ဘုန်းကြီး ၁ပါး ပျံလွန်တော်မူကာ ဒေသခံ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
Read More

သံလွင်တံတား (မော်လမြိုင်) မှာ လက်နက်တွေ ဖမ်းဆီးရမိ ဟုဆို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်တံတားက စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်ဆောင်လာသူ ၁ ယောက်ကို ပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ် ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။