လာမည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအကြပ်အတည်းအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တခုကို ရှာဖွေနိုင်ရေး အားထုတ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောပါတယ်။

သမ္မတမားကို့စ်က မြန်မာ့အခြေအနေကို “အာဆီယံရဲ့ မပျောက်နိုင်သေးတဲ့ ဒဏ်ရာတရပ်” အဖြစ် ထောက်ပြပြောဆိုခဲ့ပြီး အာဆီယံအဖွဲ့အနေနဲ့ ဒီကိစ္စကို အနီးကပ် အာရုံစိုက်နေရမည်ဖြစ်ကြောင်း၊ အခြေခံချဉ်းကပ်မှုက ထိတွေ့ဆက်ဆံရေးသာ ဖြစ်သင့်ကြောင်း အလေးထားပြောကြားခဲ့တယ်လို့ မလေးရှားသတင်းဌာန Bernama က အောက်တိုဘာ ၃၀ ရက်မှာ ဖော်ပြပါတယ်။

Bernama နဲ့ အထူးသီးသန့်တွေ့ဆုံမေးမြန်းမှုအတွင်း ၎င်းက “ပြည်တွင်းစစ်ကြောင့် ဖြစ်လာရတဲ့ ဘေးဒုက္ခတွေကို ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံက ခံစားနေရတာကို ကြည့်ပြီး နာကျင်ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ဆက်ဆံရပါမယ်၊ စကားဆက်ပြောရပါမယ်၊ ပြီးတော့ အခြေအနေကို ဖြေရှင်းဖို့ ရှေ့ဆက်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေရပါမယ်။ ဒါဟာ ကျွန်တော်တို့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူနေစဉ်အတွင်း လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတာပါ” လို့ ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျပ်အတည်းတွေကြောင့် မြန်မာကိုကျော်ပြီး လာမည့်နှစ်မှာ အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်က မလေးရှားဆီကနေ လက်လွှဲယူမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်လာမှာလားလို့ မေးမြန်းရာမှာ သမ္မတမားကို့စ်က “ကျွန်တော် အဲဒါကို မြင်ချင်ပါတယ်။ ကျွန်တော်ဟာ စိတ်ရင်းအမှန်နဲ့ အကောင်းမြင်သူတယောက်ပါ၊ ကျွန်တော်တို့ အဲဒီအဆင့်ကို ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

လက်ရှိ အာဆီယံဟာ ဘုံသဘောတူညီချက်တွေ လိုက်နာခြင်းမရှိတဲ့ စစ်အုပ်စုကို ၎င်းတို့ရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ နိုင်ငံရေးကိုယ်စားလှယ်တွေ တက်ရောက်ခွင့် ပိတ်ပင်ထားတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ကနေ ၂၈ ရက်အထိ ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးတွေကို စစ်အုပ်စုခန့် မြန်မာနိုင်ငံခြားရေးအတွင်းဝန် ဦးဟောက်ခန့်ဆမ် ဆိုသူက တက်ရောက်ခဲ့ပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ လုပ်ဆောင်နိုင်မှု အကန့်အသတ်တွေတွေ ရှိပေမဲ့ “မြန်မာနိုင်ငံမှာ ဘယ်သူပဲရှိနေ (အုပ်ချုပ်နေ)ပါစေ၊ ကျွန်တော်တို့က တံခါးပိတ်ပြီး နားမထောင်ဘူး လို့ ပြောလို့မရပါဘူး။ အစိုးရနဲ့ အုပ်ချုပ်ရေးယန္တရားတင်မကဘဲ အတိုက်အခံပါတီတွေ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ရပါမယ်။ မြန်မာနိုင်ငံအတွက် အကောင်းဆုံးရလဒ်ကတော့ သူ့ရဲ့စီးပွားရေး၊ ပြည်သူလူထုနဲ့ ငြိမ်းချမ်းရေးတွေမှာ အကျိုးရှိစေဖို့ အာဆီယံအဖွဲ့ထဲကို အပြည့်အဝ ပြန်လည်ပေါင်းစည်းနိုင်ဖို့ပါပဲ” လို့ မားကို့စ်က ပြောပါတယ်။

မြန်မာ့အရေးဟာ မကြာသေးမီနှစ်တွေမှာ “အနည်းငယ် နှေးကွေးနေတယ်” လို့ သူက ဝန်ခံထားပြီး မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုတွေဟာ အားတက်စရာပဲ လို့၎င်းက ဆိုပါတယ်။

“ပြီးခဲ့တဲ့နှစ်အတွင်းမှာ တိုးတက်မှုရှိတဲ့ လှုပ်ရှားမှုအချို့ကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်မို့ ဒီလမ်းကြောင်းအတိုင်း ဆက်သွားနေမယ်ဆိုရင် အခြေအနေ‌တွေ ဒီထက်ပိုကောင်းလာစေမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရပ်တန့်လို့မရပါဘူး” လို့ သူကပြောပါတယ်။
News-Bernama

0 Shares:
You May Also Like
Read More

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အနေနဲ့ ပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကို အားပေးထောက်ခံပြီး စစ်အုပ်စုကို ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၂၀ ကျော်က တောင်းဆို

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ(UN Human Rights Council – UNHRC) အနေဖြင့်  မြန်မာ့အရေးမှာ စစ်ကောင်စီကို အရေးယူမှုတွေအတွက် အဓိပ္ပါယ်ပြည့်ဝ ခိုင်မာအားကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပေးဖို့  ဒေသတွင်းနှင့် နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၁၂၁ ဖွဲ့က အိတ်ဖွင့်ပေးစာတစ်ရပ်နဲ့  ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Read More

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိခြင်းသည် စစ်အုပ်စုအား သွယ်ဝိုက်၍ အကာအကွယ်ပေးနေသည့် သဘောသက်ရောက်နိုင်ဟု NUG ပြော

(၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ပူးတွဲကြေညာချက်မှာ စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိတာဟာ အကြမ်းဖက်စစ်အုပ်စုကို သွယ်ဝိုက်ပြီး အကာအကွယ်ပေးနေတဲ့ သဘောသက်ရောက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စု၏ ICT အလွဲသုံးစားမှု၊ ဆိုက်ဘာလိမ်လည်မှု စင်တာများနှင့် အတုအယောင်ရွေးကောက်ပွဲ အန္တရာယ်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ

မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ဟာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးပြုပြီး ဘေးဖြစ်စေမယ့်လုပ်ငန်းတွေကို ကျူးလွန်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ထောက်ပြပြောဆိုခဲ့ပါတယ်။
Read More

မဲဆောက်မြို့ မူးယစ်ဆေးရောင်းဝယ်မှုအတွင်း မြန်မာအချင်းချင်း ဓားနဲ့ထိုး

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မူးယစ်ဆေးရောင်းဝယ်ရာက စတင်ဖြစ်ပွားတဲ့ ခိုက်ရန်ဖြစ်ပွားမှုတခုကြောင့် မြန်မာအမျိုးသားတယောက် ဓားထိုးခံလိုက်ရပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်း Thaiger မှာ ဖော်ပြပါတယ်။
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် စစ်ကောင်စီကို ထောက်ပံ့မယ့်သဘော တရုတ်ဘက်က ပြော

မြန်မာပြည်ရဲ့ ဆိုးရွားလာတဲ့ ပြည်တွင်းပဋိပက္ခကို တည်ငြိမ်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရုတ်ဘက်က စစ်ကောင်စီကို ပံ့ပိုးထောက်ခံပေးမယ့်သဘော တရုတ်ဝန်ကြီးချုပ်လီကျန်းက နိုဝင်ဘာလ ၆ ရက်မှာ မင်းအောင်လှိုင်ကို ပြောဆိုခဲ့ပါတယ်။
Read More

နယူးယောက်မြို့တွင် ကျင်းပသည့် “မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ခေါင်းစဥ်ဖြင့် အခမ်းအနားကို NUG ဝန်ကြီးများနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ “မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတွေနဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။