အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားနဲ့ ပတ်သက်တော်လှန်ရေးအင်အားစုတွေရဲ့ ဝေဖန်ပြောဆိုမှုအပေါ် လူမှုကွန်ရက်ကတဆင့် ထောက်ခံအားပေးတယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်တွင်းက ဒါရိုက်တာ၂ယောက်ကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်ဟာ ၄င်းတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ဇာတ်လမ်းတွေကိုလည်း ဆက်တိုက်ရိုက်ကူး ထုတ်လွှင့်လာနေတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုရိုက်ကူးတဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” အမည်ရ အတုယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်း ထွက်ရှိလာပြီးတဲ့နောက် ဇာတ်လမ်းထဲ ပါဝင်တဲ့သရုပ်ဆောင်တွေအပေါ် တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေနဲ့ တော်လှန်အနုပညာရှင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ဒီလိုမျိုးပြောဆိုမှုတွေအပေါ် “Love reaaction” ထောက်ခံခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက ရုပ်ရှင်ဒါရိုက်တာ မိုက်တီးနဲ့ သရုပ်ဆောင်၂ယောက်ကို စတင်ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒါရိုက်တာအောင်ချမ်းလူနဲ့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်တို့ကိုပါ ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ အောက်တိုဘာလ ၃၁ရက်နေ့ ထုတ်ပြန်ချက်အရ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်ကို အဆိုပါ ဝါဒဖြန့်ဇာတ်ကားနဲ့ သရုပ်ဆောင်တွေအပေါ် ဝေဖန်ရေးသားထားတဲ့ တော်လှန်အနုပညာရှင် ဒါရိုက်တာ ကိုပေါက်(ခ) ကိုအောင်မင်းနိုင်ရဲ့ ပို့စ်နဲ့ ခေတ်သစ်သတင်းမီဒီယာရဲ့ ပို့စ်တွေအပေါ် အသည်း(Love React ) ပေးခဲ့တယ်ဆိုတဲ့ ရမ်းကားစွတ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့သလို၊ ဒါရိုက်တာအောင်ချမ်းလူကိုလည်း တော်လှန်အနုပညာရှင် ဟစ်ဟော့(ပ်)အဆိုတော် ရန်ရန်ချမ်းရဲ့ပို့စ်ကိုအလားတူ ထောက်ခံ အသည်း(Love React) ပေးမှု၊ တော်လှန်ရေးကာလအစ ဆန္ဒဖော်ထုတ်ခဲ့မှု ပို့စ်တွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုကတော့ သူတို့ရဲ့အတုယောင်ရွေးကောက်ပွဲအပေါ် ဝေဖန်ပြောဆိုသူတွေကို မတရားဥပဒေတွေနဲ့ ပြင်းပြင်းထန်ထန် အရေးယူဖမ်းဆီးနေရာမှာ စစ်အုပ်စုထောက်ခံသူတွေကလည်း တရားလွန်ဖိအားပေး တိုက်တွန်းတာမျိုးတွေ ရှိနေတာလည်းဖြစ်ပါတယ်။

လက်ရှိဖမ်းဆီးထားတဲ့ ဒါရိုက်တာ ၂ယောက်ကိုလည်း သူတို့ရဲ့ အတုယောင်ရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တားမှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောက်ယှက်ဖျက်ဆီးဟန့်တားမှု စတဲ့ ဥပဒေတွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်ကြောင်းနဲ့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း စစ်ကောက်မရှင်က ဆိုပါတယ်။

စစ်အုပ်စုက မတရားထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေဟာ ထောင်ဒဏ် ၃နှစ်ကနေ အမြင့်ဆုံးသေဒဏ်အထိ ချမှတ်နိုင်တာဖြစ်ပြီး အခုနှစ် ဇူလိုင်လ ၂၉ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်သလို လက်ရှိအချိန် ဒီဥပဒေနဲ့ အရေးယူခံထားရသူ အယောက် ၆၀ ကျော်ရှိလာတဲ့အထဲ အသက်မပြည့်သူတွေနဲ့ အနုပညာရှင်တွေ ပါဝင်လာတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာ ပြည်တွင်းစျေးကွက်ရ မင်းသားမင်းသမီးတွေ အပါအဝင် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်များစွာကို ၄င်းတို့ရဲ့ အတုယောင်ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်လမ်းတွေမှာ ပါဝင်ရိုက်ကူးရမယ်လို့ ဖိအားပေးပြောဆိုထားပြီး၊ အဆိုပါ ဝါဒဖြန့်ဇတ်လမ်းတွေဟာလည်း ဆက်တိုက်ထွက်ရှိလာဖို့ရှိနေပါတယ်။

အကြမ်းဖက်စစ်အုပ်စု ရဲ့ ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများ ဇာတ်လမ်းကို စာရေးဆရာ ချစ်ဦးညိုရဲ့သား လကာ်ညို(ခ) တေဇာကျော်က တွဲဖက်ဒါရိုက်တာအဖြစ် ရိုက်ကူးတာဖြစ်တယ်လို့ သိရပါတယ်။

တဖက်မှာလည်း အတုယောင်ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားမှာ ပါဝင်ခဲ့သူတွေကို ပြည်သူတွေ Bycott လုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်နေကြသလို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

“အခုဆို စကမက မဲမဲမြင်ရာအကုန်ဖမ်းနေတာဆိုတော့ ပြည်သူတွေအနေနဲ့လည်း အကောင့်စစ်ထက် အတုတွေကိုပဲဖွင့်ပြီး လွတ်လွတ်လပ်သုံးစေချင်ပါတယ် .. နာမည်အစစ်ပုံအစစ်တွေနဲ့သုံးတဲ့အခါကျရင် သတိကြီးကြီးထားပြီး သုံးစေချင်ပါတယ်” လို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုတစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်အုပ်စာဟာ သူတို့ရဲ့ အတုယောင်ရွေးကောက်ပွဲအပိုင်း (၁) လာမယ့် ဒီဇင်ဘာလ အတွင်းအပိုင်း ၃ပိုင်းခွဲကာ လုပ်သွားမှာဖြစ်ပြီး မြို့နယ် ၁၀၂ မြို့နယ်ပါဝင်မှာ ဖြစ်ပါတယ်။

ပုံစာ- စစ်အုပ်စု ထုတ်ပြန်ထားသည့် ဒါရိုက်တာ ၂ဦးနဲ့
0 Shares:
You May Also Like
Read More

ရေစကြိုတွင် အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီ လေကြောင်းက ဆက်တိုက် ဗုံးကြဲနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုနေကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်ထံက သိရပါတယ်။
Read More

ဧရာဝတီတိုင်းထဲ ရောက်လာတဲ့ ရခိုင်စစ်ရှောင်တွေကို စစ်ကောင်စီလက်အောက်ခံတွေက အကြောင်းအမျိုးမျိုးပြ လိုက်လံမောင်းထုတ်နေ

ရခိုင်ဒေသ တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းထဲ စစ်ဘေးရှောင်လာသူတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲ နဲ့ စစ်သားတွေက လိုက်လံမောင်းထုတ်မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ဘေးရှောင်တချို့ထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ ဘုရင့်နောင် တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်မှု သင်တန်းသား ဗိုလ်မှူးများအပါ ၇ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့က စစ်ကောင်စီရဲ့ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးသွားတယ်လို့ Brave Warriors For Myanmar (BWM) က နောက်ဆက်တွဲ သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာက ရေရှည်စစ်ဘေးရှောင် ပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗိုလ်တစ်ထောင် ရေတပ်က ဗိုလ်ကြီး ၁ ဦးနှင့် ဘားအံ ရတဖ ၂၂ က ရဲတပ်သား ၁ ဦး ကျားသစ်နက်စစ်ကြောင်းဆီ အလင်းဝင်လာ

ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရေတပ်က ဗိုလ်ကြီး ၁ ယောက်နဲ့ ဘားအံအခြေစိုက်  ရတဖ ၂၂ (ရဲတပ်ရင်း) က ရဲတပ်သား ၁ ယောက် အလင်းဝင်ရောက်လာတယ်လို့ ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က ထုတ်ပြန်ထားပါတယ်။