ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ လှည့်ကင်းထွက်ဖို့လုပ်နေတဲ့ ရဲတွေ ထိခိုက်သွားတယ်လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အောက်တိုဘာလ ၃၁ရက် မနေ့ညပိုင်းက အကြမ်းဖက်စစ်ကော်မရှင်လက်ပါးစေ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၁လုံးပစ်ခတ်မှုနဲ့အတူ ပြင်းအားမြင့်မိုင်း ၂ခုနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်တွေနဲ့ကင်းလှည့်ဖို့ လုပ်ဆောင်နေတဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ခဲ့တာပါ။

“ယူနီဖောင်းအနက်ဝတ်ရဲတွေက ညဘက် ၁၀နာရီဝန်းကျင်ဆိုရင် ဆ်ိုင်ကယ်တွေနဲ့ ကင်းပတ်ထွက်နေကြပါ။ ဆိုင်ကယ်၄၊ ၅ စီးနဲ့ ထွက်တာ၊ ၁စီး ကို ၂ကောင်စီးတယ်။ အဲ့နေ့က ဒီကောင်တွေ ကင်းပတ်ထွက်မယ့်အချိန်ကို စောင့်ပြီးဆော်ထည့်လိုက်တာ ၊ အနည်းဆုံး ၂ ကောင်တော့ တိုက်ရိုက်ထိနိုင်တယ်။ ဆိုင်ကယ်နဲ့ ထွက်ထွက်ခြင်း ဆော်လိုက်တာဆိုတော့ အနည်းဆုံးကိုပြောပြတာပါ” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Yangon Army (YA) နဲ့အတူ အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပုံစာ- ရွှေပေါက္ကံနယ်မြေရဲစခန်း (ပုံဟောင်း)

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာမှုနဲ့အတူ Yangon Army (YA) အပါအဝင် ရန်ကုန်ပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးဖော်ဆောင်မှုတွေ ခပ်စိပ်စိပ်ရှိလာတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ အကြမ်းဖက်စစ်တပ်လက်ပါးစေ အုပ်ချုပ်ရေးမှူးရုံးတွေ၊ ရဲစခန်းတွေနဲ့အတုယောင်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပါတီရုံးတွေ ဆက်တိုက်တိုက်ခိုက်ခံလာရပါတယ်။

ဒါ့အပြင် အတုယောင်ရွေးကောက်အတွက် အကြမ်းဖက်စစ်တပ်ကို ထောက်ခံကူညီနေကြတဲ့ ဝါဒဖြန့်သရုပ်ဆောင်နဲ့ ထောက်တိုင်တွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ Yangon Army (YA) နဲ့ ပြောက်ကျားတပ်ဖွဲ့တွေက ပြောထားပါသေးတယ်။

” ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်တဲ့ပွဲတွေ လုံးဝမသွားကြဖို့ အထူးမှာကြားချင်ပါတယ်။ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပစ်မှတ်တွေ ဆက်လက်တိုက်ခိုက်သွားမှာမလို့ပါ ” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ဦး PDF ထံ လက်နက်နှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးစခန်းက ရဲတပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ တောင်သူဦးကြီးများ PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ဆန့်ကျင်ကြောင်းနှင့် (လုံးဝ)ခွင့်မပြုကြောင်း ကော့သောင်းမြို့နယ် ပကဖ ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် တရားမဝင် ရွေးကောက်ပွဲနဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို ဆန့်ကျင်ကြောင်းနဲ့ လုံးဝ ခွင့်ပြုမှာမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သဘောထား ထုတ်ပြန်ကြေညာထားပါတယ်။
Read More

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါ စကမ အဖွဲ့ဝင် ၁၈ ဦးကို အကြမ်းဖက်သမားများအဖြစ် NUG  ကြေညာ

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဥပဒေမဲ့ခေါ်ယူပြီး  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ အဖွဲ့ဝင်တွေကို မတရား ဖမ်းဆီးခဲ့သူတွေနဲ့ ကာလုံအဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 
Read More

၅၉၈ တပ်ရင်းအနီး ဘန်ကာတွေဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၂ဦးသေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ် နဲ့ ဝင်းကံရွာကြားရှိ အမှတ် ၅၉၈ တပ်ရင်းနားမှာ ဘန်ကာတွေတည်ဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခဲ့ရတဲ့အတွက် စစ်သား ၂ဦး သေဆုံးသွားတယ်လို့ Bago District People’s Defense Organization - ပဲခူးခရိုင် ပကဖ ဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ထိုင်းကုန်ပစ္စည်းဖမ်းဆီးမှုတွေကြောင့် ပစ္စည်းအဝယ်ပါးကာ ကုန်ကားသမားတွေ အရှုံးပေါ်နေ…

အကြမ်းဖက်စစ်ကောင်စီကနေ အခုရက်ပိုင်းအတွင်းမှာ အခွန်မဲ့ ထိုင်းကုန်ပစ္စည်းတွေကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးလာတာကြောင့် ကုန်သည်တွေက ပစ္စည်းအဝယ်ပါးကာ ကုန်တင်ကားလုပ်ငန်း လုပ်ကိုင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီက လေယာဉ်နဲ့ရဟတ်ယာဉ်တွေ အစားထိုးဝယ်ယူဖြည့်တင်း၊ တိုက်ပွဲတွေမှာ လေကြောင်း ပိုမိုအသုံးပြုမယ်လို့ ခြိမ်းခြောက်

စစ်ကောင်စီက သူတို့ လေတပ်ကထုတ်လုပ်တဲ့ ကင်းထောက်လေယာဉ် အမျိုးအစားနှစ်ခုကို ထုတ်ဖော်ပြသလိုက်ပြီး လေကြောင်းစွမ်းအားကို စစ်ပွဲတွေမှာ ပိုမိုအသုံးပြုရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။