မကွေးတိုင်း မြို့သစ်မြို့မြောက်ဘက် မြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်အား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ People’s Defence Force – Natmauk က ဒီကနေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၉ ရက် ညပိုင်းက မြို့သစ်မြို့မြောက်ဘက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရတာပါ။

တိုက်ခိုက်မှုအတွင်း ဂိတ်အတွင်းရှိနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၅ယောက် သေဆုံးခဲ့ပြီး၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အန္တရယ်ကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါဂိတ်ဟာ အရပ်သားပြည်သူတွေကို စစ်မှုထမ်းပေါ်တာဆွဲတာ၊ ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြ နှိပ်စက်ငွေကောက်ခံတွေ လုပ်ဆောင်နေတဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး” စစ်ကူရောက်ဖို့ သုံးမိနစ်ခန့်သာ ကြာမြင့်တဲ့နေရာ ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းပြီး သတ်မှတ်အချိန်အတွင်း ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ လက်နက်ရရှိရေးကို ဦးစားပေးဆောင်ရွက်တာ မဟုတ်ဘဲ၊ ရဲဘော်တွေရဲ့ လုံခြုံရေးဦးစားပေး ဆောင်ရွက်တာကြောင့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ နေပြည်တော်တိုင်း စစ်ဌာန အမှတ်-၉၀၂တပ်ရင်း ကပြောပါတယ်။

နေပြည်တော်တိုင်း စစ်ဌာန အမှတ်-၉၀၂တပ်ရင်းတဖြစ်လဲ နတ်မောက် PDF အနေနဲ့လည်း နေရာဒေသအချိန်မရွေး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေချိန်ဖြစ်တာကြောင့် အရပ်သားတွေအနေနဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရှိရာ အရပ်ဒေသတွေ၊ အထိုင်ချနေရာတွေနဲ့ နီးစပ်ရာနေရာမျိုးတွေမှာ နေထိုင်တာမျိုး မလုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

ဒီတိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန အမှတ် ၉၀၂ တပ်ရင်း၊ ဗျူဟာအမှတ် ၁၇ အထူးလှုပ်ရှားစစ်ကြောင်းနဲ့ သရက်ခရိုင်တပ်ရင်း ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video-People’s Defence Force – Natmauk
0 Shares:
You May Also Like
Read More

စစ်မှုထမ်းဥပဒေ အိမ်တံခါးလာခေါက်တာ ခံမလား၊ ပြည်သူတွေချစ်တဲ့ တော်လှန်ရေးတပ်ထဲ လာမလား (ရုပ်/သံ)

မြန်မာနိုင်ငံအနှံ့ အမျိုးသား အမျိုးသမီး အသက်အရွယ်စုံကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကနေ ရှောင်တိမ်းလိုတဲ့ လူငယ်တွေအတွက် ထွက်ပေါက်တစ်ခုအနေနဲ့ ကျားသစ်နက်စစ်ကြောင်းကနေ တော်လှန်ရေးတပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

ကျောက်ဂူတိုက်နယ်‌ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီ အဆိပ်ငွေ့ဗုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DPLA ထုတ်ပြန် (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအတွင်း အကြမ်းဖက်စစ် ကောင်စီက အဆိပ်ငွေ့ဗုံး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ကြီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်စောင်းပေါ်မှ နေအိမ် ၁ လုံး ပြိုကျ (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်စောင်းပေါ်က နေအိမ် ၁ လုံးပြိုကျခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြိုမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက်သေကာ PDF ရဲဘော် ၁ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၅၆ က ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို အောက်တိုဘာ ၁၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇီးကုန်းနဲ့ ဇီးကုန်းကျွန်းကျေးရွာကြား အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်ထံက သိရပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်အုပ်စု ရွာ ၂ ရွာရှိ အိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပေါက်ပင်ရွာနဲ့ နဂါတွင်းရွာရှိ အိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Monywa Revolution -MR က ထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတွေ ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို နိုဝင်ဘာ ၂၁ ရက် မနေ့က နေ့လည်ပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေသွားတယ်လို့ ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့ထံက သိရပါတယ်။