မကွေးတိုင်း မြို့သစ်မြို့မြောက်ဘက် မြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်အား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ People’s Defence Force – Natmauk က ဒီကနေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၉ ရက် ညပိုင်းက မြို့သစ်မြို့မြောက်ဘက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရတာပါ။

တိုက်ခိုက်မှုအတွင်း ဂိတ်အတွင်းရှိနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၅ယောက် သေဆုံးခဲ့ပြီး၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အန္တရယ်ကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါဂိတ်ဟာ အရပ်သားပြည်သူတွေကို စစ်မှုထမ်းပေါ်တာဆွဲတာ၊ ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြ နှိပ်စက်ငွေကောက်ခံတွေ လုပ်ဆောင်နေတဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး” စစ်ကူရောက်ဖို့ သုံးမိနစ်ခန့်သာ ကြာမြင့်တဲ့နေရာ ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းပြီး သတ်မှတ်အချိန်အတွင်း ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ လက်နက်ရရှိရေးကို ဦးစားပေးဆောင်ရွက်တာ မဟုတ်ဘဲ၊ ရဲဘော်တွေရဲ့ လုံခြုံရေးဦးစားပေး ဆောင်ရွက်တာကြောင့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ နေပြည်တော်တိုင်း စစ်ဌာန အမှတ်-၉၀၂တပ်ရင်း ကပြောပါတယ်။

နေပြည်တော်တိုင်း စစ်ဌာန အမှတ်-၉၀၂တပ်ရင်းတဖြစ်လဲ နတ်မောက် PDF အနေနဲ့လည်း နေရာဒေသအချိန်မရွေး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေချိန်ဖြစ်တာကြောင့် အရပ်သားတွေအနေနဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရှိရာ အရပ်ဒေသတွေ၊ အထိုင်ချနေရာတွေနဲ့ နီးစပ်ရာနေရာမျိုးတွေမှာ နေထိုင်တာမျိုး မလုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

ဒီတိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန အမှတ် ၉၀၂ တပ်ရင်း၊ ဗျူဟာအမှတ် ၁၇ အထူးလှုပ်ရှားစစ်ကြောင်းနဲ့ သရက်ခရိုင်တပ်ရင်း ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video-People’s Defence Force – Natmauk
0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့်ပြည်သူများအတွက် ရှေ့တန်းစစ်မျက်နှာပြင်ရောက် PDF ရဲဘော်များ ဆုတောင်းပွဲပြုလုပ် (ရုပ်/သံ)

တောင်ပိုင်း​စစ်ဒေသ​၊ စစ်​ဆင်ရေးနယ်မြေ (၁)၊ အမှတ်(၂၇) စစ်ဗျူဟာ ကွပ်ကဲမှုအောက်ရှိ‌ ဖာပွန်ရှေ့တန်းစစ်မျက်နှာပြင်မှာ ရောက်ရှိနေတဲ့ PDF ရဲဘော်တွေက ငလျင်သေးသင့်ပြည်သူတွေအတွက် ဆုတောင်းပွဲပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်သားများကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Myingyan District Battalion - 2 က အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း အများပြည်သူသွားလာရာ လမ်းပေါ်တွင် စစ်တပ်ထောင်ခဲ့သည့် မိုင်းများကို ဖယ်ရှားရှင်းလင်းပေး (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ထောင်သွားခဲ့တဲ့ မိုင်းတွေကို ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ဖယ်ရှားရှင်းပေးခဲ့တယ်လို့ Taung Tha People Defense Force က ထုတ်ပြန်ပါတယ်။
Read More

သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သား တွေကို တိုက်ခိုက်ခဲ့ရာ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုတ်ပြင်းမြို့နယ် အခြေစိုက် ရေတပ်ရင်းမှ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကား ၁ စီး (ရုပ်/သံ)

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် အခြေစိုက် ရေတပ်ရင်းမှ အကြမ်းဖက်စစ်တပ် ကား ၁ စီးဟာ စက်တင်ဘာ ၂၇ ရက်က ကရသူရိမှ အပြန် တော်လှန်ရေးတပ်တွေ စောင့်ကြိုမိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ်ပကဖထံက သိရပါတယ်။