မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ပျူရွာက သိန်းတန် အမည်ရှိ ပျုစောထီးတစ်ယောက်ဟာ နွားစာရိတ်ဖို့ ထွက်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စနိုက်ဘာနဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး၊ ကျည်ထိမှန်သေဆုံးသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု- PLC တပ်ဖွဲ့ထံမှ သိရပါတယ်။

နိုဝင်ဘာ ၁ ရက်၊ ဒီကနေ့ မနက် ၈ နာရီကျော်လောက်မှာ အဲဒီပျုစောထီးတပ်သားဟာ သရက်ကန်ပျုရွာ အနောက်မြောက်ဖက်ခြမ်းရှိ မြေပဲခင်းဆီကို နွားစာရိတ်ဖို့ ထွက်လာချိန်မှာ စနိုက်ဘာနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ရင်ဘတ်ကိုထိမှန်ကာ သေဆုံးသွားတယ်လို့ သိရတာပါ။

ပျုစောထီး သိန်းတန် စနိုက်ဘာနဲ့ အပစ်ခံရပြီးနောက် ရွာထဲမှာရှိတဲ့ အခြားပျုစောထီးများ စစ်ကူထွက်လာတဲ့အတွက် အဆိုပါနေရာမှာ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ- တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး စနိုက်ဘာနဲ့ ပစ်ခတ်နေစဥ်

“ထွက်လာမယ့် ပျူစောထီးကို စောင့်ကြိုရှင်းလင်းဖို့ပဲ ရည်ရွည်ထားတာမို့ ရည်မှန်းချက်ပြည့်ပြီးတာနဲ့ မိနစ်ပိုင်းထိတွေ့မှုယူပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်၊ ထိတွေ့မှုက သရက်ကန်ပျူရွာရဲ့ အနောက်မြောက်ဖက်ခြမ်းမှာ ဖြစ်တာပါ” လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC တာဝန်ခံ ကိုမိုးက မောင်းသတင်းဌာနကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊မြိုင် ပ.က.ဖ တပ်ရင်း -၁ တပ်ခွဲ -၁၊တပ်ခွဲ -၄ (စကြာ်)၊ ဒေါင်းမာန်တပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်တပ်ဖွဲ့ နဲ့ TYK ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ သရက်ကန်ပျုရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရိက္ခာဖြတ်တောက်ထားတာ ၁ နှစ်ကျော်ခန့်ရှိပြီလို့လည်း သိရပါတယ်။

“သူတို့ဆီကို စစ်ကြောင်းရိက္ခာ မရောက်တာ ၁ နှစ်ကျော်လောက်ရှိနေပြီ၊ Y 12 နဲ့ ရိက္ခာချတာမျိုးတွေတော့ ရှိတယ်၊ သူတို့ ရိက္ခာမလောက်လို့ ဆန်ပြုတ် ပြုတ်စားနေရတယ်လို့ သိထားပါတယ်” လို့ အဆိုပါတာဝန်ခံ ကိုမိုးက ဆက်ပြောပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC တပ်ဖွဲ့ဟာ အဆိုပါပျုစောထီးရွာတွေကို မကြာခဏသွားရောက်ပစ်ခတ်တယ်လို့လည်း ဆိုပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့မှာ သရက်ကန်ရွာက ပျူတစ်ယောက်ကို အခုလိုပဲ သွားရောက်ပစ်ခတ်ခဲ့သလို၊ စက်တင်ဘာ ၂၈ ရက်နေ့မှာလည်း တွင်းမပျူရွာက စစ်ကော်မရှင်တပ်သား ၃‌ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး MA ၁ တစ်လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အပစ်ရပ် သက်တမ်းတိုးထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်မှာ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး၊ ခြေလျင်စစ်ကြောင်းများနှင့် နေ့စဥ် ထိုးစစ်ဆင် တိုက်ခိုက်နေ…

ဟန်ပြ အပစ်ရပ်သက်တမ်း ၁ လ တိုးထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်း၊ လေကြောင်းနဲ့ နေ့စဉ်အသုံးပြုတိုက်ခိုက်ခြင်းတွေ နေ့စဥ် ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

“ပြည်သူမှပြည်သူသို့” အစီအစဉ်နဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ခဲ့တဲ့ တော်ဝင်ဒေါင်းစစ်ကြောင်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ဝင်ဒေါင်းတပ်ရင်းရဲ့ ဆရာဝန် ဒေါက်တာချင်းက ဦးဆောင်ပြီး “ပြည်သူမှပြည်သူသို့” အစီအစဉ်အဖြစ် ပြည်တွင်းပြည်ပအလှူရှင်တွေ ပေးပို့လှူဒါန်းထားတဲ့ အလှူငွေနဲ့ ရိက္ခာပစ္စည်းတွေကို တပ်ရင်းစစ်ကြောင်းစိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေဆီ ပြန်လည်မျှဝေ‌ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

နှစ်လ အတွင်း အကြမ်းဖက်စစ်သား ၁၆ ဦး ဖမ်းမိပြီး တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ်အပါ ၁၃ ဦး အလင်းဝင်ဟု SF/SAF ဆို

မကွေးတိုင်း၊ အမ်း-ပဒါန်းနဲ့ ပုသိမ်-မုံရွာလမ်းပိုင်း တွေက (၂)လအတွင်း စစ်သုံ့ပန်း (၁၆)ယောက်အထိ ဖမ်းဆီးရမိခဲ့ကာ တပ်ကြပ်ကြီးနဲ့ ဒုတပ်ကြပ် အဆင့်ရှိသူတွေ အပါ အလင်းဝင် ခိုလှုံလာသူ (၁၃)ယောက်အထိ ရှိခဲ့တယ်လို့ ကျောင်းသားတပ်ဦး/ ကျောင်းသား လက်ရုံး‌တပ်တော် ( SF/SAF) သတင်းပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စလင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ချည်ကျေးရွာ အနီးတဝိုက် ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းနဲ့ မကွေးကနေ ဖမ်းဆီးခံရပြီး မိုးဗြဲမှာ စစ်မှုထမ်းနေရသူ ၂ ဦး PDF ထံ ထွက်ပြေးခိုလှုံံ

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်သားသစ်အဖြစ်စုဆောင်းခံရပြီး မိုးဗြဲ ခမရ ၄၂၂တပ်ရင်းမှာတာဝန်ကျနေသူ ၂ ယောက် လက်နက်ကိုယ်စီယူဆောင်ရင်း အလင်းဝင်ရောက်လာကြောင်း ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေး အရှေ့ခြမ်းအဖွဲ့ထံက သိရပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ထံမှ ခဲယမ်းများစွာ သိမ်းဆည်းရရှိ၊ “ပစ္စည်းကမှာထားတာကြာပြီ၊ အခုမှလာပို့တာ၊ လက်ခံရရှိကြောင်း ငါ လက်မှတ်ထိုးပေးလိုက်မယ်နော်၊ တပ်မ (၂၂) တပ်မမှူးကို”

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီးက တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ထံကနေ တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်းကို ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။