ကရင်ပြည်နယ် ကော့ကရိတ်မြို့ဖက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်သား ၈ ယောက်ကျော် သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်အစောပိုင်းမှာ ကော့ကရိတ်မြို့ဖက်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာခဲ့ပြီး၊ ထိဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။

နှစ်ဘက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အလောင်း ၈လောင်းနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရပါတယ်။

Video – ပေးပို့
0 Shares:
You May Also Like
Read More

ကပစ ၁၂ အား ရှော့တိုက်ဒုန်းများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

CDF – Asho မှ ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းများအား မေးမြန်းချက် (ရုပ်/သံ)

''သူတို့ပြောတာတော့ လစာ နှစ်သိန်းလေးထောင်ရတယ်တော့ ပြောတယ်။ ၂ လပိုင်းက သုံးသိန်း ကျော်ဖြစ်သွားတယ်လို့ သူတို့ပြောတာပဲ။ ဒါပေမယ့် တစ်ကျပ်မှတော့ မထုတ်ပေးဘူး။ အိမ်ကို လွှဲပေးမယ်တော့ ပြောတယ်။ မိဘနဲ့က အဆက်အသွယ်မရဘူး။ စစ်ကြောရေးမှာထဲက ဖုန်းတွေလည်း အကုန်သိမ်းပဲ။ ငါးသောင်းဖိုး ပစ္စည်းမှာရင် တစ်သိန်းလောက်ဖြတ်တယ်။ အဓိကက တပ်ရင်းမှူးရယ်၊ တပ်ရင်းဗိုလ်ကြီးရယ် သူတို့ပဲ ချုပ်ကိုင်ထားတာ''
Read More

တောကျီးကန်းစစ်ကြောင်း ဒရုန်းတပ်ဖွဲ့ရဲ့ ၆လတာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား ၁၃ ယောက်သေပြီး ၆၂ ယောက်ဒဏ်ရာရ (ရုပ်/သံ)

တောကျီးကန်းစစ်ကြောင်းရဲ့ ၆ လတာ စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူး ၁ ယောက်၊ ရဲအရာရှိ ၁ ယောက်နဲ့ ဗိုလ်အဆင့် ၁ ယောက်အပါအဝင် ၁၃ ယောက်သေပြီး ၆၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သား ၄၀ ကျော်သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ (ရုပ်/သံ)

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်းက စစ် ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သား ၄၀ ကျော်သေဆုံးခဲ့ရကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

Myingyan Black Tiger(MBT) တပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းမယ့် “ကျားမဲဟိန်းသံမြိုသိုညံ” သိန်း ၇၀၀၀ ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

Myingyan Black Tiger(MBT) တပ်ဖွဲ့ရဲ့ လိုအပ်နေတဲ့ လက်နက်ခဲယမ်းဝတ်စုံတွေ ဖြည့်တင်းနိုင် ဖို့ "ကျားမဲဟိန်းသံမြိုသိုညံ" သိန်း ၇၀၀၀ ကမ်ပိန်းပြုလုပ်ထားတယ်လို့ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။
Read More

ပင်လယ်ဘူးမြို့ကို သိမ်းပိုက်ထားတဲ့ PDF ရဲဘော်တွေနဲ့ ပြည်သူတွေ အတူတကွ အောင်ပွဲခံ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး မြို့သိမ်းပိုက်ထားတဲ့ PDF ရဲဘော်တွေ(ဗျူဟာ ၄၂)နဲ့ ပြည်သူတွေ အတူတကွ အောင်ပွဲခံနေတဲ့ ရုပ်သံမြင်ကွင်းကို ဗိုလ်စွမ်း(ဓါးမဆိုင်း)မှ ထုတ်ပြန်ပြသလိုက်ပါတယ်။