ကရင်ပြည်နယ် ကော့ကရိတ်မြို့ဖက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်သား ၈ ယောက်ကျော် သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်အစောပိုင်းမှာ ကော့ကရိတ်မြို့ဖက်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာခဲ့ပြီး၊ ထိဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။

နှစ်ဘက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အလောင်း ၈လောင်းနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရပါတယ်။

Video – ပေးပို့
0 Shares:
You May Also Like
Read More

မုံရွာ နမခ စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတွင် ပြည်သူများကို လေကြောင်းနှင့် မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးဟောပြောပွဲပြုလုပ် (ရုပ်/သံ)

မင်းဘူးခရိုင်စစ်ဌာနအတွင်း စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတိုက်ခိုက်တဲ့ လေကြောင်းနဲ့ မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ကျော် ပျက်စီးခဲ့ရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၀ ‌ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမကြီးတွင် လုံခြုံရေးယူရန်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ လုံခြုံရေးယူဖို့လာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Special Forces 11 - PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းမူမြို့ပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းမူမြို့ရဲစခန်းနဲ့ ကျောင်းဝန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက အောက်တိုဘာ ၁၇ ရက် မနေ့က မနက် ၁ နာရီဝန်းကျင်အချိန်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Force MNRF အဖွဲ့ထံက သိရပါတယ်။