ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ရာ စစ်တပ်ဘက်မှ ၈ဦးကျော် သေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်အစောပိုင်းမှာ ကော့ကရိတ်ကို စစ်တပ်က စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ထိဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါနေရာမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး စစ်တပ်ဘက်က အလောင်း ၈လောင်းနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
“ဒီမနက်တိုက်ပွဲက သူတို့ဘက်က အတုံးအရုန်းပဲ သေကုန်တယ်။ မျက်မြင်အလောင်းရတာတော့ ၈လောင်း… ဒါပေမယ့် မမြင်ရတဲ့ အလောင်းတွေလည်း ရှိဦးမယ်။ သူတို့ ထိခိုက်သွားတာ များတယ်။ လက်နက်တွေလည်း ရတယ်” လို့ မြေပြင်ရဲဘော်တဦးက မောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်စစ်ကြောင်းဟာ သေဆုံးသူတွေအပြင် ဒဏ်ရာရရှိသူတွေလည်း များတာကြောင့် နောက်ပြန်ဆုတ်သွားတယ်လို့ ကနဦး သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၇ တပ်ခွဲတွေနဲ့ ကလိုထူးဝါးဗျူဟာ စစ်ကြောင်းတွေအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အတူပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ- တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကော်မရှင်တပ်သားများ
0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်အရုံး (KNU) လက်အောက်ခံတပ်တွေ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အညာဒေသမှာ လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်… (ဓာတ်ပုံသတင်း)

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF နဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီက တော်လှန်ရဲဘော်တွေ ပူးပေါင်းပြီး လေကြောင်းအန္တရာယ်နဲ့ လက်နက်ကြီးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ကာကွယ်ဖို့၊ ဗုံးခိုကျင်းတွေ စနစ်တကျတူးဖို့နဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို စိုးမိုးနယ်မြေရှိ စစ်ရှောင်ပြည်သူတွေနဲ့အတူ အသိပညာပေး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မှာ တိုက်ပွဲဝင်အလံနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ပြောက်ကျားလူထုသပိတ် ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ ရန်ကုန်မှာ တိုက်ပွဲဝင်အလံတွေနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆန္ဒပြတဲ့ ပြောက်ကျားလူထုသပိတ်ကို ဒီနေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မတ်လတစ်လတာအတွင်း စစ်ကောင်စီတပ်က အလင်းဝင် (၆၈) ဦးနှင့် စစ်သုံ့ပန်း (၅၉) ဦးရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း မတ်လတစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အလင်းဝင်လာသူ (၆၈) ယောက်နဲ့ ဖမ်းဆီးရမိသူ (၅၉) ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေး PDF စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်ဖွဲ့စည်းပြီး ၂၀၂၅ မှစ၍ စစ်ဆင်ရေးအရှိန်အဟုန် တိုးမြှင့်သွားမည်

မန္တလေး PDF အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ တပ်မဟာအသစ်တစ်ခုဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင်းကျေးရွာများအား စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးများနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် သံဃာတော် ၁ပါး အပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ကကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းကတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် သံဃာတော် ၁ပါး အပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့၊ နေ့လည် ၁၁ နာရီအချိန်မှာ ကျောက်တံခါးမြို့နယ်၊ လက်ခံကျေးရွာအုပ်စု၊ ကျောက်စရစ်ကျေးရွာ နဲ့ ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ကျေးရွာ နှစ်ရွာပေါ်ကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။