စစ်ကိုင်းတိုင်း၊ ကလေးတောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ၄င်းတို့ဖမ်းဆီးထားတဲ့ ဒေသခံအချို့ကို သတ်ဖြတ်လိုက်ပြီး၊ ကျန်အချို့ကို ကတုံးတုံးကာ ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ဆို ကလေးနယ်ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့မှာ စစ်ကော်မရှင်တပ်သားတွေဟာ အင်အားအလုံးအရင်း နဲ့ ကလေးမြို့ တောင်ပိုင်း ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် တွင်းချောင်း ကျေးရွာထဲကို ဝင်ရောက်ခဲ့ပြီး ရွာထဲက ထွက်မပြေးပဲ ကျန်နေခဲ့တဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီကနေတစ်ဆင့် စစ်ကော်မရှင်တပ်သားတွေဟာ သာယာကုန်းကျေးရွာထဲကို ဝင်ရောက်သွားပြီး ရွာထဲရှိ ဒေသခံတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကို ခိုးယူသွားတယ်လို့လည်း သိရပါတယ်။ ထောက်ကြံ့ကျေးရွာထဲကို ဝင်ရောက်သွားချိန်မှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ပထမဝင်တုန်းက တွင်းချောင်းရွာထဲမှာ တစ်ယောက်ပဲကျန်တာ၊ သူက နည်းနည်းစိတ်မနှံ့ဘူးပေါ့နော်… သူ့ကိုလည်းသတ်သွားတယ်၊ အဲ့မှာတိုက်ပွဲဖြစ်သေးတယ်၊ ဒုတိယရက်ကျတော့ သာယာကုန်းကိုဝင်တယ်၊ သာယာကုန်းမှာတော့ ပစ္စည်းတွေယူသွားတယ်၊ ထောက်ကြံမှာ တိုက်ပွဲပြန်ဖြစ်တယ်၊ အဲ့မှာ သူတို့မနည်းဘူး ကျတယ်၊ တိုက်ပွဲက ခဏခဏဖြစ်တယ်၊ ကိုယ့်ဘက်က အင်အားလည်းနည်းတယ်၊ သူတို့ဘက်က အလုံးအရင်းနဲ့ ဝင်လာတာ ၆၀၀၊ ၇၀၀ လောက်ရှိတယ်၊ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးတာ”လို့ ကလေးနယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကော်မရှင်တပ်သားတွေဟာ ထောက်ကြံ့ရွာထဲရှိ ဘုန်းကြီးကျောင်းမှာ ရှောင်တိမ်းနေတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း စာသင်ကျောင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ အဲဒီထဲက ဒေသခံ ၄ ယောက်ကို သတ်ဖြတ်လိုက်သလို၊ ကျန်တစ်ချို့ကိုလည်း ကတုံးတုံးကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဆိုပါနယ်ခံက ဆက်ပြောပါတယ်။

“ထောက်ကြံ့ဘုန်းကြီးကျောင်းမှာ သက်ကြီးပိုင်း ၅၀ကျော် ၊ ၆၀ ကျော်တွေက တစ်ခြားမရှောင်ပဲ ဘုန်းကြီးကျောင်းမှာ ရှောင်နေတာ၊ အဲဒီထဲက ၄ ယောက်ကိုတော့ ပစ်သတ်လိုက်တယ်၊ ကျန်တဲ့ လူတွေကိုတော့ ဘုန်းကြီးကျောင်းကနေ စာသင်ကျောင်းကို ခေါ်သွားပြီး ကတုံးတုံးပြီး ဖမ်းခေါ်သွားတယ်၊ အခု ဘယ်ကိုရောက်သွားလဲ မသိဘူး၊ ရွာကိုလည်း ပြန်ရောက်မလာသေးဘူး” လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်သားတွေဟာ ကလေးတောင်ပိုင်းထဲမှာရှိနေသေးပြီး၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေတာကြောင့် ဒေသခံတစ်ချို့ဟာ တောင်တွေပေါ်ကို သွားရောက်ရှောင်တိမ်းကြရပြီး၊ တစ်ချို့ကလည်း တောတွေထဲမှာ ရှောင်တိမ်းနေကြရတယ် လို့သိရပါတယ်။

ပုံစာ – ကလေးတောင်ပိုင်းရှိဒေသခံများ ထွက်ပြေးတိမ်းရှောင်နေပုံ ၊ ဓာတ်ပုံ – Thu Rain
0 Shares:
You May Also Like
Read More

ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်က စစ်ဒေသအသီးသီးတွင် ၆၃ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့

(၆၃) နှစ်‌မြောက် ဆဲဗင်းဂျူလိုင်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို ဇူလိုင်လ (၇)ရက် မနေ့က ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဌာနချုပ်နယ်မြေနဲ့ စစ်ဒေသအသီးသီးမှာ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေး အရှိန်မြင့်လာသလို ပြည်သူတွေ လုံခြုံရေး ပိုဂရုစိုက်ကြဖို့ ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တွေ သတိပေး

စစ်အာဏာရှင် အမြစ်ပြတ်စေဖို့ တော်လှန်ရေးအရှိန်အဟုန် မြင့်လာတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေး ပိုမိုဂရုစိုက်စေချင်တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။
Read More

မိတ္ထီလာမှာ သားအမိ ၂ ယောက် နေအိမ်အတွင်း အသတ်ခံရ၊ ကျူးလွန်သူ ၃ ဦးမှာ အသက် ၂၀ ဝန်းကျင်ဖြစ်ပြီး ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီး

မန္တလေးတိုင်းက အကြမ်းဖက်စစ်တပ်စိုးမိုးထားတဲ့ မိတ္ထီလာမြို့ပေါ်က နေအိမ်တစ်အိမ်မှာ သားအမိနှစ်ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဂန့်ဂေါတွင် တသီးပုဂ္ဂလအမတ်လောင်း သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးအမတ် ပြိုင်ဘက်မရှိ အနိုင်ရပြန်၊ ရွေးကောက်ပွဲမစသေးဘဲ ကြံ့ခိုင်ရေး အနိုင်ရမှု များပြားနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ကနေ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့် တသီးပုဂ္ဂလအမတ်လောင်းဖြစ်သူ ဦးသန်းဝင်း သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးပါတီအမတ်လောင်း ဒေါ်အိဖြူလွင်က ပြိုင်ဘက်မရှိ အနိုင်ရသွားပြန်တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
Read More

စလင်း ပကဖ နဲ့ ပအဖ ကြား သဘောထားကွဲလွဲနေတဲ့ ဦးစံ သေဒဏ်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အမျိုးသမီး ၁ ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ပြီး ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ခဲ့တဲ့ တရားခံ ဦးစံကို သေဒဏ်ချမှတ်ခဲ့မှုအတွက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အကြား သဘောထားကွဲလွဲမှုတချို့  ရှိနေပါတယ်။
Read More

ကင်းစောင့် ပျူစောထီးကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်းရာ မျှော်စင်ပေါ်မှ ပြုတ်ကျသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာ ပျူစောထီးစခန်းက ကင်းစောင့် ၁ ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်ရာ သေဆုံးသွားတယ်လို့ MPLမြောက်ပိုင်းဇုန်  (မြိုင်-ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။