စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ အောက်တိုဘာလ ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သား အယောက် ၈၀ နီးပါးကို ပြန်ပေးဆွဲဖမ်းဆီးခဲံပြီး၊ အမျိုးသမီး ၂ယောက်ကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ -ကန့်ဘလူခရိုင်ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်၊ ထန်းတပင်ရွာနေအရပ်သား ၂၉ ယောက်၊ ဇီးကုန်းရွာက ၁၈ ယောက် နဲ့ ဗျူဟာလမ်းကြောပေါ်သွားလာနေတဲ့ အရပ်သားအယောက် ၃၀ ထက်မနည်းကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ထန်းတပင်ကျေးရွာကို ဝင်ရောက်ရင်း အမျိုးသမီး ၁ ယောက်ကို အဓမ္မပြုကျင့် မီးရှို့သတ်ဖြတ်ခဲ့သလို အမျိုးသား ၂၉ ယောက်ကို ကန့်ဘလူ ၆၀၀၆ တပ်ရင်းဆီ ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရတာပါ။

ဒါ့အပြင် အောက်တိုဘာ ၂၅ ရက်နေ့ကလည်း ဇီးကုန်းရွာအတွင်းက အမျိုးသား ၉ယောက်၊ အမျိုးသမီး ၉ ယောက် စုစုပေါင်း ၁၈ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။

အဲ့ဒီဖြစ်စဥ်တွေမတိုင်ခင် အောက်တိုဘာလ ၁၄ရက်နေ့ကလည်း ဗျူဟာလမ်းပေါ် အထိုင်ချတပ်စွဲထားတဲ့ စံပါယ်နံ့သာ စစ်ကောင်စီအထိုင်စခန်းကနေ အရာတော်-တနိုင်းပြေးဆွဲတဲ့ အန်စာတုံးအဖြူရောင်ကားပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ဒီပဲယင်းမြို့နယ်၊ သက္ကယ်ခြံရွာက အမျိုးသား ၉ ယောက်ကို ဖမ်းဆီးခဲ့သလို အောက်တိုဘာလ ၁၅ရက်နေ့မှာလည်း ခင်ဦးမြို့နယ်နေ ခရီးသွား အမျိုးသား ၃ ယောက်ကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- အောက်တိုဘာ၁၆ ရက်နေ့တွင် စံပါယ်နံ့သာပျူအထိုင်မှ ထွက်ပြေးလွတ်မြောက်လာသည့် မအေးမာဦးအမျိုးသား
ပုံ – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ဒါ့အပြင် အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းရွာကနေ တန့်ဆည်မြို့ဘက် ကထိန်ခင်းဖို့လာတဲ့ မအေးမာဦးဆိုသူနဲ့ အမျိုးသားဖြစ်သူကို အဲ့ဒီစံပါယ်နံ့သာ ပျူအထိုင်စခန်းက ဖမ်းဆီးခဲ့ပြီး အဖိုးတန် ရွှေထည်တွေကို လုယူကာ မအေးမာဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပါတယ်။ အမျိုးသားဖြစ်သူကတော့ ပျူတွေရဲ့ ဖမ်းဆီးနှိပ်စက်ညှင်းပန်းတာကို ခံရပြီး ဒဏ်ရာ‌တွေရရှိခဲ့ပေမဲ့ သူတို့အလစ်မှာ ကိုယ်လွတ်ရုန်းထွက်ပြေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ ဒါ‌တွေကို ကျူးလွန်ခဲ့ရုံသာမက အောက်တိုဘာ ၁၇ ရက်နေ့မှာလည်း ခရီးသွားကားပေါ်ပါ အမျိုးသား ၃ ယောက်ကို အဲဒီဂိတ်စခန်းမှာပဲ ထပ်မံဖမ်းဆီးခဲ့ပါသေးတယ်။ ဒီဖြစ်စဥ်တွေမတိုင်ခင် အောက်တိုဘာ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကန့်ဘလူမြို့နယ်၊ အေးသာယာရွာကအမျိုးသမီး၂ယောက် စံပယ်နံ့သာ စစ်ကောင်စီအထိုင်စခန်းကိုဖြတ်ပြီး ဇီးကုန်းမြို့ကိုအသွား လမ်းမှာပျောက်ဆုံးသွားခဲ့တာဟာလည်း တစ်လကြာလာချိန်အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၉ ရက်နေ့မှာလည်း ကောလင်းမြို့နယ်၊‌ ပေကုန်းရွာနေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်၂ယောက်ဟာ ရွှေဘိုမြို့ကို ဆိုင်ကယ်နဲ့ သွားရောက်ချိန် စံပါယ်နံ့သာပျူအထိုင်စခန်းမှာပဲ ဖမ်းဆီးခံကြရပြီး ၂ယောက်စလုံး ခက်ခက်ခဲခဲ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ-ကန့်ဘလူခရိုင်ရဲ့ပြောကြားချက်အရ စံပါယ်နံ့သာပျူအထိုင်စခန်းဟာ တပ်သားသစ်စုဆောင်းနိုင်ဖို့ အမျိုးသားတွေကို ပစ်မှတ်ထား ပေါ်တာဆွဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင် တပ်သား ၁၀၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး အဆင့်ရှိသူများ အပါအဝင် စစ်သုံ့ပန်း ၆၀ ကျော်ဖမ်းဆီး နိုင်ခဲ့ကြောင်း PRA -Magway ပြော၊ လေ့ကျင့်ရေးပိုင်းနှင့် အင်အားစုဆောင်းရေးကို ယခု နှစ်(၂၀၂၆) အတွင်း ပိုမိုလုပ်ဆောင် သွားမည်ဟု ဆို

ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်းအနောက်ခြမ်း၊ တောင်ပေါ်ဒေသ တွေမှာ ပြီးခဲ့တဲ့ (၂၀၂၅)တစ်နှစ်တာ အတွင်း အရှိန်အဟုန်မြင့် စစ်​ဆင်ရေးတွေ ဖော်ဆောင်နိုင်ခဲ့ကြောင်းနဲ့ အခြားတော်လှန်ရေး လုပ်ငန်းစဥ်တွေ တွဲဖက်လုပ်ကိုင် နိုင်ခဲ့တယ်လို့ လည်း PRA-Magway စစ်ဦးစီးချုပ် နောင်သူရိန်က မောင်းကို ပြောပါတယ်။
Read More

ဖျာပုံမြို့ပေါ် နေရာတချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး လစဉ်ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းတွေကို ထောက်ပံ့ဖို့ဆိုပြီး ရပ်ကွက်အတွင်း နေထိုင်သူတွေဆီကလစဉ် ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဖျာပုံမြို့ နေထိုင်သူတွေဆီက သိရပါတယ်။
Read More

အုတ်ဖိုမှာ စစ်ကောင်စီတပ် အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး၊ ကျေးရွာ ၁၀ ရွာနီးပါး တိမ်းရှောင်နေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၀ ရွာနီးပါးက ပြည်သူတွေ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

စစ်ကောင်စီ တန်ပြန်ထိုးစစ်ဆင်လာနိုင်တာကြောင့် မော်ချီးဒေသလမ်းပိုင်းကို  IEC ခေတ္တပိတ်ထား

ကရင်နီပြည်နယ်အတွင်းက စစ်ရေးအခြေအနေတွေအရ စစ်ကောင်စီဘက်က ဘော်လခဲကနေ တန်ပြန်ထိုးစစ်ဆင်လာနိုင်တာကြောင့် မော်ချီးဒေသလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်းကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က မတ်လ ၄ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ABSDF မှ ရဲဘော်များ လွတ်မြောက်နယ်မြေတစ်နေရာမှ စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

စစ်တပ်ထိန်းချုပ်မှုအောက်က ရွေးကောက်ပွဲ လွတ်လပ်ပြီး မမျှတနိုင်၊ အကြမ်းဖက်မှုများ ပိုမိုမြင့်တက်စေမည်ဟု ကုလလူ့အခွင့်အရေးအကြီးအကဲ ထပ်မံပြောကြား

မြန်မာနိုင်ငံမှာပြုလုပ်မယ့် စစ်တပ်ထိန်းချုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ကြောင်းနဲ့ အကြမ်းဖက်မှုတွေကို ပိုမိုမြင့်တက်စေမှာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က စက်တင်ဘာလ ၃၀ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။