စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ အောက်တိုဘာလ ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သား အယောက် ၈၀ နီးပါးကို ပြန်ပေးဆွဲဖမ်းဆီးခဲံပြီး၊ အမျိုးသမီး ၂ယောက်ကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ -ကန့်ဘလူခရိုင်ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်၊ ထန်းတပင်ရွာနေအရပ်သား ၂၉ ယောက်၊ ဇီးကုန်းရွာက ၁၈ ယောက် နဲ့ ဗျူဟာလမ်းကြောပေါ်သွားလာနေတဲ့ အရပ်သားအယောက် ၃၀ ထက်မနည်းကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ထန်းတပင်ကျေးရွာကို ဝင်ရောက်ရင်း အမျိုးသမီး ၁ ယောက်ကို အဓမ္မပြုကျင့် မီးရှို့သတ်ဖြတ်ခဲ့သလို အမျိုးသား ၂၉ ယောက်ကို ကန့်ဘလူ ၆၀၀၆ တပ်ရင်းဆီ ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရတာပါ။

ဒါ့အပြင် အောက်တိုဘာ ၂၅ ရက်နေ့ကလည်း ဇီးကုန်းရွာအတွင်းက အမျိုးသား ၉ယောက်၊ အမျိုးသမီး ၉ ယောက် စုစုပေါင်း ၁၈ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။

အဲ့ဒီဖြစ်စဥ်တွေမတိုင်ခင် အောက်တိုဘာလ ၁၄ရက်နေ့ကလည်း ဗျူဟာလမ်းပေါ် အထိုင်ချတပ်စွဲထားတဲ့ စံပါယ်နံ့သာ စစ်ကောင်စီအထိုင်စခန်းကနေ အရာတော်-တနိုင်းပြေးဆွဲတဲ့ အန်စာတုံးအဖြူရောင်ကားပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ဒီပဲယင်းမြို့နယ်၊ သက္ကယ်ခြံရွာက အမျိုးသား ၉ ယောက်ကို ဖမ်းဆီးခဲ့သလို အောက်တိုဘာလ ၁၅ရက်နေ့မှာလည်း ခင်ဦးမြို့နယ်နေ ခရီးသွား အမျိုးသား ၃ ယောက်ကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- အောက်တိုဘာ၁၆ ရက်နေ့တွင် စံပါယ်နံ့သာပျူအထိုင်မှ ထွက်ပြေးလွတ်မြောက်လာသည့် မအေးမာဦးအမျိုးသား
ပုံ – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ဒါ့အပြင် အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းရွာကနေ တန့်ဆည်မြို့ဘက် ကထိန်ခင်းဖို့လာတဲ့ မအေးမာဦးဆိုသူနဲ့ အမျိုးသားဖြစ်သူကို အဲ့ဒီစံပါယ်နံ့သာ ပျူအထိုင်စခန်းက ဖမ်းဆီးခဲ့ပြီး အဖိုးတန် ရွှေထည်တွေကို လုယူကာ မအေးမာဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပါတယ်။ အမျိုးသားဖြစ်သူကတော့ ပျူတွေရဲ့ ဖမ်းဆီးနှိပ်စက်ညှင်းပန်းတာကို ခံရပြီး ဒဏ်ရာ‌တွေရရှိခဲ့ပေမဲ့ သူတို့အလစ်မှာ ကိုယ်လွတ်ရုန်းထွက်ပြေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ ဒါ‌တွေကို ကျူးလွန်ခဲ့ရုံသာမက အောက်တိုဘာ ၁၇ ရက်နေ့မှာလည်း ခရီးသွားကားပေါ်ပါ အမျိုးသား ၃ ယောက်ကို အဲဒီဂိတ်စခန်းမှာပဲ ထပ်မံဖမ်းဆီးခဲ့ပါသေးတယ်။ ဒီဖြစ်စဥ်တွေမတိုင်ခင် အောက်တိုဘာ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကန့်ဘလူမြို့နယ်၊ အေးသာယာရွာကအမျိုးသမီး၂ယောက် စံပယ်နံ့သာ စစ်ကောင်စီအထိုင်စခန်းကိုဖြတ်ပြီး ဇီးကုန်းမြို့ကိုအသွား လမ်းမှာပျောက်ဆုံးသွားခဲ့တာဟာလည်း တစ်လကြာလာချိန်အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၉ ရက်နေ့မှာလည်း ကောလင်းမြို့နယ်၊‌ ပေကုန်းရွာနေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်၂ယောက်ဟာ ရွှေဘိုမြို့ကို ဆိုင်ကယ်နဲ့ သွားရောက်ချိန် စံပါယ်နံ့သာပျူအထိုင်စခန်းမှာပဲ ဖမ်းဆီးခံကြရပြီး ၂ယောက်စလုံး ခက်ခက်ခဲခဲ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ-ကန့်ဘလူခရိုင်ရဲ့ပြောကြားချက်အရ စံပါယ်နံ့သာပျူအထိုင်စခန်းဟာ တပ်သားသစ်စုဆောင်းနိုင်ဖို့ အမျိုးသားတွေကို ပစ်မှတ်ထား ပေါ်တာဆွဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကိုကျင်းပနိုင်အောင် လုံခြုံရေးကို အထူးဂရုစိုက်ဖို့ မင်းအောင်လှိုင်က မှာကြား

အခုနှစ် ဒီဇင်ဘာလထဲမှာ နိုင်ငံတစ်ဝန်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

မြွေနှစ်ရဲ့ ကိုယ်စားပြုမှုဟာ နွေဦးတော်လှန်ရေးရဲ့ လက္ခဏာတွေကို ထင်ဟပ်နေတယ်လို့ NUG ယာယီသမ္မတ တရုတ်နှစ်ကူးဆုတောင်းမှာ ထည့်သွင်းပြောကြား

ဇန်နဝါရီ ၂၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ မြွေနှစ်ကိုကူးပြောင်းတဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နှစ်သစ်ကူးအခါသမယ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

ရွှေဘိုမြို့တွင် စစ်တပ်နှင့်ဆက်နွယ်သူများသာ သွားသည့် GYM ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စစ်သား၊ ရဲတွေနဲ့ သူတို့ရဲ့ ပတ်သက်ဆက်နွယ်နေသူတွေသာ လာကြတဲ့ အားကစားခန်းခ (GYM) ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

MDY PDF တိုက်ခိုက်မှုကြောင့် ဧရာဝတီမြစ်အတွင်း စစ်ကောင်စီသင်္ဘော ၁ စီး နစ်မြုပ်၊ ၃ စီး မီးလောင်ပျက်စီး

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းက စတင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေပါဝင်တဲ့ သင်္ဘောအုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က လမ်းတစ်လျှောက် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမှာ စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ ၁၄ နှစ်အရွယ် ပျုစောထီး လက်နက်မဲ့အလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ ၁၄ နှစ်အရွယ် ပျုစောထီး ၁ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ဦးကို WY ဆေးပြား ၅၂၀၀ ပြားနှင့်အတူ ပကဖ ဖမ်းဆီး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ယောက်ကို WY ဆေးပြား ၅၂၀၀ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။