စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ ပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ နွေဦးအောင်ပွဲ(တော်လှန်ရေးအင်အားစု) က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၁ ရက်ကနေ အောက်တိုဘာ ၂၆ ရက်အထိ အရာတော်မြို့နယ် သလဲဘာပျူကျေးရွာကနေ အင်အား ၁၀၀ ခန့်နဲ့  ဝက်လက်မြို့နယ် ကျောက်ကုန်း‌ကျေးရွာဘက်ကို စစ်ကြောင်းထိုးပြီး ပစ္စည်းခိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၆ ယောက် သေဆုံးခဲ့ပြီး အယောက် ၃၀ ခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်ဟာ သလဲဘာပျူကျေးရွာကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို အမှတ်(၁/၂/၄)ရွှေဘိုတပ်ရင်း၊ဝက်လက်မြို့နယ် ပကဖ၊ ရွှေပန်းကုံးတိုက်နယ်ပကဖ၊ကိုးတောင်ကြား အဖွဲ့၊ ရွှေဘိုခရိုင် Drone အဖွဲ့၊၊MSaiNaw Drone အဖွဲ့နဲ့ ဒေသခံပကဖတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – နွေဦးအောင်ပွဲ

0 Shares:
You May Also Like
Read More

တောပုပျူစခန်းနဲ့ ညောင်ဖြူပင်အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစခန်းနဲ့ မအူရဲစခန်းကို တစ်ရက်တည်း ၂ နေရာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 5/Commando Force အဖွဲ့ထံက သိရပါတယ်။
Read More

စလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်၊ စစ်သားနဲ့ ပျူ ၈ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် အနောက်ဘက်ရှိ ဝက်သည်းကန်အနီး ရှမ်းရွာကုန်းနဲ့ ဆင်ကျုံးကြား အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက ဧပြီ ၂၆ ရက် ဒီနေ့မနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံက သိရပါ တယ်။
Read More

နေပြည်တော်မှာ ယနေ့လှုပ်ခတ်သည့် ငလျင် ဘယ်လောက်ပြင်းခဲ့လဲ (ရုပ်/သံ)

ဇွန်လ ၅ ရက် ဒီနေ့ မနက်ပိုင်းက နေပြည်တော်၊ ပျဉ်မနားနဲ့ အနီးဝန်းကျင်နေရာတွေမှာ ငလျင်လှုပ်ခတ်သွားပြီး သိသိသာသာခံစားလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာ-ချောင်းဦးအစပ် ဆီးမီးသပိတ် စက်တပ်လေထီးဖြင့် ဗုံးသီးကြဲချခံရမှုအတွင်း သေဆုံးသူ ၂၀ ကျော်နှင့် ဒဏ်ရာရသူ ၄၀ ကျော်အထိ ရှိလာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးအစပ်မှာ ပြုလုပ်နေတဲ့ ဆီမီးသပိတ်ကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ အယောက် ၂၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ကျော်အထိ ရှိခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းရာ အရာရှိအပါ ၁၀ ယောက်ထက်မနည်း သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အောက်တိုဘာ ၁၂ ရက်ကစတင်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  - LLPDF ထံက သိရပါတယ်။
Read More

စလင်းမြို့ တ‌ညောင်တိုက်နယ်အတွင်း စစ်သင်္ဘော ၁ စီးကို တော်လှန်ရေးတပ်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် တညောင်တိုက်နယ်အတွင်း စစ်သင်္ဘော ၁ စီးကို ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။