တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၅ ရက် မနက် ၆နာရီခွဲလောက်က ရေဖြူမြို့နယ်၊ ဝက်ချောင်းရွာနဲ့ မူးဒူးရွာအကြား ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း လမ်းမပေါ်မှာ စစ်ကော်မရှင်ရဲ့ ယန္တရားတွေနဲ့ လမ်းလုပ်ငန်းအတွက် ကာကင်းယူထားတဲ့ စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်မှု ၁နာရီနီးပါး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၁၀ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ပွဲကို ရေဖြူမြို့နယ်အခြေစိုက် မဟာမိတ် ပူးပေါင်းတပ်နဲ့ ဗထူးအာမီတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့တုန်းကလည်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှာ တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်သိန်းငှက် ရှေ့တန်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်းရင်း မြင့်မြတ်စွာ ကျဆုံးသွားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တွင် ဆီကားမောင်းသူ အပါအဝင် အမျိုးသမီးတစ်ဦးနှင့် စိတ်ကျန်းမာရေး မကောင်းသူတစ်ဦးတို့ကို အကြမ်းဖက်စစ်တပ်ဖမ်းဆီး

ကချင်ပြည်နယ် ဖားကန့်ဘက်ကို ဆီသယ်ကားမောင်းနှင်လာတဲ့ ယာဥ်မောင်းအမျိုးသား အပါအဝင် အမျိုးသမီးတစ်ယောက်နဲ့ စိတ်ကျန်းမာရေးမကောင်းသူ တစ်ယောက်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ပုလဲမြို့ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Brother Defense Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ယူကေရောက် တိုင်းရင်းသားတွေ ပင်လုံစာချုပ် (၇၉) နှစ်မြောက် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ယူကေရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားတွေက ပင်လုံစာချုပ်ချုပ်ဆိုခြင်း(၇၉) နှစ်မြောက် အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက် မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

KNU အုပ်ချုပ်မှုနယ်မြေရှိ စာသင်ကျောင်းကို ကျောင်းချိန်အတွင်း စစ်တပ် ဗုံးကြဲ

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်းက အခြေခံပညာအလယ်တန်းကျောင်းကို အကြမ်းဖက်စစ်တအ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ 
Read More

စစ်တောင်းမြစ်ဝှမ်းလွင်ပြင်မှာ တိုက်ပွဲဝင်နေသည့် ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးအဖွဲ့ ၅ ဖွဲ့နှင့် ဒရုန်းတပ်ဖွဲ့များကို ရန်ကုန်တိုင်း ပကဖ တာဝန်ခှံင့် ဒုတာဝန်ခံတို့ တွေ့ဆုံခဲ့…

တောင်ပိုင်းစစ်ဒေသ၊ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်မှာရှိနေတဲ့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးအဖွဲ့တွေကို ရန်ကုန်တိုင်း ပကဖ တိုင်းတာဝန်ခံ ရဲဘော်နောင်ရိုးနဲ့ တိုင်းဒုတာဝန်ခံ(စစ်ဘက်ရေးရာ)ရဲဘော်မင်းရန်နိုင်တို့ တွေ့ဆုံပြီး ပကဖ လုပ်ငန်းစဥ်တွေ ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲအတု မဲစာရင်းကြည့်သူမရှိသဖြင့် အိမ်တိုင်ရာရောက် တိုက်စစ်N

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာပြုလုပ်မယ့် အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို စိတ်ဝင်စားသူမရှိလို့ မဲစာရင်းစစ်ဆေးမယ့်သူ မရှိတဲ့အတွက် အိမ်တိုင်ရာရောက် မဲစာရင်းစစ်ဆေးနေကြောင်း ရန်ကုန်မြို့ခံ ပြည်သူတချို့က ပြောပါတယ်။