စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဆက်သွယ်ရေး ၆ တပ်ကနေ ရခိုင် စစ်မျက်နှာကို ပို့ဆောင်ခံရတဲ့ စစ်ကော်မရှင် တပ်ကြပ် ၁ ယောက် ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့က ထွက်ပြေးအလင်းဝင်ရောက်လာတဲ့ တပ်ကြပ်ဟာ ရခိုင်ပြည်နယ်ဘက် တာဝန်ကျဖို့ သွားရောက်ချိန် ကိုယ်လွတ်ရုန်း ထွက်ပြေးလာခဲ့တာဖြစ်ပြီး မုံရွာမြို့နယ်ပကဖ အမှတ် (၂) တိုက်နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ -တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့ထံ ချိတ်ဆက်အလင်းဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူဟာ စစ်မှုထမ်း သက်တမ်း အနှစ် ၂၀ ကျော်ရှိ တပ်ကြပ် ၁ယောက်ဖြစ်တာကြောင့် စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့ခြင်းရှိမရှိအပေါ် စစ်ဆေးနေကြောင်းနဲ့ အပြစ်မရှိရင် ကာယကံရှင်ရဲ့ သဘောထားဆန္ဒအတိုင်း လုပ်ပေးသွားမှာဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ရခိုင်အစပ်ကနေ ထွက်ပြေးလာပြီး မုံရွာနယ်ထဲ အရောက်မှာ ကြားခံ‌မြေပြင်ချိတ်ဆက်ပေးမှုနဲ့ အလင်းဝင်လာတာပါ။ လက်ရှိအချိန်မှာတော့ အလင်းဝင်တာကို လက်ခံပေးပြီး စစ်ရာဇဝတ်မှု ကျူးလွန်မှုရှိမရှိ စစ်ဆေးနေပါတယ်။ တစုံတရာအပြစ်မရှိဘူးဆိုရင်တော့ လုံခြုံရေးဆိုင်ရာ အစီအမံတွေနဲ့ သူဖြစ်ချင်တဲ့အတိုင်း လုပ်ပေးသွားမှာပါ” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အလင်းဝင်ထွက်ပြေးလာသည့် စစ်ကော်မရှင် တပ်ကြပ်အား တွေ့ရစဥ်

၂၀၂၅ ခုနှစ်အတွင်း မုံရွာမြို့နယ်ပကဖထံ သန္ဓေတပ်သား၊ တပ်ကြပ်နဲ့ ပစအပါအဝင် စစ်ကော်မရှင်တပ်သား အယောက် ၂၀ ကျော် ထွက်ပြေးအလင်းဝင်ရောက်ခဲ့ရာမှာ တပ်ဖွဲ့အနေနဲ့ အလင်းဝင်လာသူတွေကို ရိုက်နှက်နှိပ်စက်တာ၊ အကြမ်းဖက်တာမျိုးတွေမရှိကြောင်း၊ အများစုဟာ အကြမ်းဖက်စစ်ကော်မရှင်ကို ပြန်ပြီးတိုက်ခိုက်နေကြောင်း သိရပါတယ်။

“သူပြောပုံအရဆို တပ်ထဲမှာ ပြေးတော့ ပြေးချင်နေကြတာဗျ။ ဒါပေမယ့် သန္ဓေတွေအနေနဲ့ကျ မိသားစုက အထဲမှာရှိတော့ ပြေးဖို့မလွယ်ကြဘူး။ ဒီနှစ်ထဲဆို အယောက် ၂၀ ကျော် ရှိပြီဗျ။ တချို့က ကျနော်တို့ ဆီမှာပဲ ပြန်တိုက်နေကြတယ်။ တချို့ကတော့ သာမန် အရပ်သားအနေနဲ့ နေကြတယ်။ တချို့ကတော့ သူတို့ဒေသက ကာကွယ်ရေးအဖွဲ့တွေနဲ့ ပြန်ပူးပေါင်းပြီး စခကို တိုက်ကြတယ်” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ရက်နေ့ကလည်း မုံရွာမြို့နယ်၊ ကျောက္ကာ-ရွှေဂူနီ ဘုရားဝန်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်အထိုင်စခန်းကနေ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ ပစ (စစ်မှုထမ်း) တပ်သား ၂ယောက် Titans Force Monywa- အမှတ် (၂) တိုက်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ကို ချိတ်ဆက်ပြီး သေနတ်တွေယူဆောင် အလင်းဝင်ရောက်လာခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးမြို့အနီးတဝိုက် စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်အများအပြားနဲ့ အများပြည်သူဆိုင်ရာ နေရာတွေ၊ လမ်းတွေနဲ့ လျှပ်စစ်ဓာတ်ကြိုးတွေ ပျက်စီးခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့အနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းပြီးနောက် မေလအတွင်း သေဆုံးသူ (၁၇) ဦးအထိရှိဟု AAPP ထုတ်ပြန်…

မေလ ၁ ရက်ကနေ ၂၈ ရက် ဒီနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးခဲ့သူ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၁၆) ယောက် စုစုပေါင်း (၁၇) ယောက် ရှိခဲ့ပြီး နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ယုတ္တိမရှိကြောင်း ထိုင်းလွှတ်တော် အဆောက်အအုံမှာ ဆွေးနွေး

စစ်အာဏာသိမ်းမှုကြောင့် နေ့စဉ် အခြေအနေတွေ ဆိုးရွားနေတဲ့ မြန်မာ့အရေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က လွှတ်တော်အဆောက်အအုံမှာ ၂ ရက်တာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Read More

စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးလာသူတချို့ ကားပေါ်က ကုန်ချထွက်ပြေးလို့ အကြမ်းဖက်စစ်တပ် ပိုက်စိပ်တိုက် ရှာဖွေနေ

ကျုံပျော်မြို့မှာ အကြမ်းဖက်စစ်တပ် လူငယ်တချို့ကို ပေါ်တာဆွဲဖမ်းဆီးပြီး ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ ဓနုဖြူမြို့ဘက်ကို ပို့ဆောင်စဉ် ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားလို့ဆိုပြီး အကြမ်းဖက်စစ်တပ်က ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မီးဖြတ်ခံရတာကြောင့် ထိုင်းထုတ်ကုန်တွေ မသုံးဖို့ မြဝတီက မဘသတချို့ ဆန္ဒပြနေ…

ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုကို ရပ်တန့်လိုက်ပြီးနောက် မြဝတီမြို့က စစ်တပ်ထောက်ခံသူ မဘသတွေက ထိုင်းနိုင်ငံထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆန္ဒပြထုတ်ဖော်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နိုဝင်ဘာလအတွင်း ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနှင့်ရဲ (၃၃) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့

နိုဝင်ဘာလအတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့တဲ့ ဗိုလ်မှူး (၁) ယောက် အပါအဝင် စစ်သားနဲ့ ရဲ (၃၃) ယောက်ဟာ ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက်မှာ အသိပေး ထုတ်ပြန်လာပါတယ်။