အကြမ်းဖက်စစ်တပ်အနေနဲ့ ရခိုင်ဒေသ တစ်ခုလုံးကို လက်လွှတ်ဆုံးရှုံးရဖို့ လက်တစ်ကမ်းအလို ရောက်ရှိနေပြီဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့ထဲက စစ်ကော်မရှင်တပ်နဲ့ အပစ်အခတ် မရပ်စဲဘဲ ကျန်နေခဲ့တဲ့ တစ်ဖွဲ့တည်းသော အာရက္ခတပ်တော် (AA) ဟာ မျှော်မှန်းထားတဲ့ စစ်ရေး နိုင်ငံရေး ရည်မှန်းချက်တွေ အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့အတွက် ရခိုင်လူထုနဲ့ လက်တွဲပြီး အစွမ်းကုန် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသအပြင် ရခိုင်ရိုးမနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ AA စစ်ရေးလှုပ်ရှားတဲ့ နေရာတချို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ ဆိုထားပါတယ်။

စစ်ရေးနိုင်ငံရေး အဘက်ဘက်က ရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ ခုနှစ်အတွင်း ညီနောင်မဟာမိတ် ၃ဖွဲ့ထဲက ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA တို့နဲ့ ရှမ်းမြောက်ဒေသ အပစ်အခတ်ရပ်စဲရေးကို မရှေးမနှောင်း ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်ဆင်ရေးနယ်မြေ ကျုံ့သွားတဲ့ စစ်တပ်က နိုင်ငံအနှံ့ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ဆက်တိုက် ကျူးလွန်နေသလို မနေ့ကစပြီး AA တပ်ဖွဲ့ဝင်တွေရှိရာနဲ့ ရခိုင်ပြည်သူတွေရှိရာကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မနေ့က အောက်တိုဘာ ၃၀ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်တွေမြို့၊ ရသေ့တောင်မြို့၊ ပုဏ္ဏားကျွန်းမြို့၊ ပေါက်တောမြို့နဲ့ ကျောက်ဖြူမြို့၊ ဇင်ချောင်းတိုက်နယ်ရှိ ကုန်ဘွေကျေးရွာက အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ သူရဲဘောကြောင်စွာ လုပ်ဆောင်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၈ ယောက် သေကာ ၂၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကော်မရှင်တပ်က ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ယောက် သေဆုံးပြီး ၁၀ ယောက် ပြင်းထန်ဒဏ်ရာရကာ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ရှုံး စစ်ကော်မရှင်တပ်အနေနဲ့ နိုင်ငံအနှံ့မှာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းနဲ့ လက်နက်အားကိုးကာ သူရဲဘောကြောင်စွာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေသလို ရခိုင်ဒေသက ပြည်သူတွေအပေါ်မှာလည်း ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တာကြောင့် အရင်ရက်တွေထက် ပိုမိုသတိထားကြဖို့၊ စစ်ရေးသတိ နေ့ညမ‌ရွေး အပြည့်အဝ ရှိနေပေးဖို့ ရခိုင်ပြည်သူတွေကို AA က တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းမှာ လုံလောက်သည့် ကယ်ဆယ်ရေးများ မရောက်ရှိသေးတာကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ

ငလျင်ဒဏ်ကြောင့် အသေအပျောက် များပြားနေတဲ့ စစ်ကိုင်းမြို့မှာ လူနာအရေအတွက်နဲ့ ဆေးရုံတွေ လုံလောက်မှု မရှိသလို လုံလောက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မဆောင်ရွက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Read More

လက်ပံလှရွာထဲ ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှရွာထဲကို အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ ပစ်ခတ်တဲ့ ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း Wetlet Informational Network ထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုဂုဏ်ပြု…

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်းကို လျှပ်တပြက် စီးနင်းတိုက်ခိုက်မှု ရဲ ၆ ဦး သေ၊ ရဲနှင့် ရဲမိသားစုဝင်အချို့ ဖမ်းမိကာ သေနတ်များ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က တပ်ရင်းရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် အမှတ် ၃၀ တပ်ရင်း (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA) က တပ်ရင်းက တပ်ခွဲတွေရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကစယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး သေဆုံး၊ ၆ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင်‌ပျောက်ကျေးရွာအုပ်စု ကျောက်အိုင် (ကွီးလေး)‌ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးလာကြဲတာကြောင့် ဒေသခံ (၂) ယောက် သေဆုံးပြီး (၆) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (မြိတ်-ထားဝယ်ခရိုင်) က မနေ့က ထုတ်ပြန်ပါတယ်။