တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့အောက်တိုဘာ ၃၁ ရက်မှာ ဒူရကစစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းက မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၁၂ ယောက် သေဆုံးပြီး စခန်းတစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်ကော်မရှင်တပ်သားတွေထံကနေ Uzi သေနတ် ၆ လက်၊ G3 ၇ လက်၊ Shot Gun/Smoke gun ၂ လက်၊ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်၊ ခြောက်လုံးပြူး ၄ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၂၁ လက်၊ Jammer စက် ၂ လုံးနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ (၃၃)၊ ဒေါနတပ်ရင်း တပ်ခွဲ-၄ (KBDF) ၊ ဒေါနတပ်ရင်းတပ်ခွဲ-၇ (LPF) နဲ့အတူ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ D.N.L.A ဒူရကစစ်ကြောင်း၊ ရာမညမွန်တပ်တော်၊ ဖက်ဒရယ်ဓူဝံကြယ် တပ်တွေ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော် ၁ ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Video – ဒူရက စစ်ကြောင်း

0 Shares:
You May Also Like
Read More

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တောင်သာ-မိတ္ထီလာလမ်းပေါ်က ရုံးစဉ်ကြီးရဲစခန်းကို စီးနင်းတိုက်ခိုက်မှု ရဲ ၂ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာ-မိတ္ထီလာလမ်းပေါ်မှာရှိတဲ့ ရုံးစဉ်ကြီးရဲစခန်းကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာ ပကဖ ထံက သိရပါတယ်။
Read More

စက်တပ်လေထီး ကြဲချပြီး မပေါက်ကွဲသေးသည့် ဗုံးသီးကို ပြည်သူများ မထိခိုက်စေရန် ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးကနေ ကြဲချထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့ ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့က ရုပ်သံမှတ်တမ်းဖိုင်နဲ့တကွ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

တံတားဦးမှ ငါန်းဇွန်ဘက် လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲပြီး လက်နက်ငယ်‌များဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဘက် လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Special Task Force ngazun က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားသည့် စစ်အုပ်စု စနိုက်ပါနှင့် ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း ဖြူးမြို့နယ် စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တယ်လို့ Falcons Guerilla Force စွန်ရဲက သတင်းထုတ်ပြန် ထားပါတယ်။
Read More

မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေ တပ်စွဲထားနေရာကို ၂ ရက်ဆက် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ မြောင်မြို့ရဲစခန်းနဲ့ မြောင်မြို့ဆေးရုံတွေကို လက်နက်ကြီးနဲ့ ၂ ရက်ဆက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forcesမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၂၈ ရက်က မြောင်မြို့နယ် ရဲစခန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆောက်အအုံ ၁ လုံး ပျက်စီးခဲ့ပြီး စစ်ဗိုလ်အပါအဝင် ၃ ဦးထက်မနည်း ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
Read More

Yoma Fighter စစ်ကြောင်း ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စစ်ကြောင်းမွန်းမံ သင်တန်းဆင်းပွဲ ကျင်းပပြီးစီး (ရုပ်/သံ)

Yoma Fighter စစ်ကြောင်း ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စစ်ကြောင်းမွန်းမံ သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက်က ပဲခူးရိုးမအတွင်းရှိ လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြီးစီးခဲ့တယ်လို့ Nay Pyi Taw PDF က ဒီကနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ Yoma Fighter စစ်ကြောင်းကို နေပြည်တော်တိုင်းစစ်ဌာန၊ စစ်ဗျူဟာအမှတ်(၁၇) တပ်ရင်းအမှတ် ၉၀၂၊ တပ်ရင်းအမှတ် ၈၀၄ နဲ့ သရက်ခရိုင်အမှတ် ၁ တပ်ရင်းတို့နဲ့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။