စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးသွားတဲ့အဖွဲ့က သိန်းတစ်သောင်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၃၀ ရက် ညနေ ၄ နာရီလောက်က မုံရွာမြို့ ကန်သာယာအနီး ကားပေါ်မှာထိုင်နေတဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို အမျိုးသား ၄ ယောက်ပါတဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခု လာရောက်ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။

“ကားရော၊ လူရော ပြန်ပေးဆွဲသွားပါတယ်။ အတူပါသွားတဲ့ကောင်လေးကို မှောက်ခိုင်းထားပြီး ထားခဲ့တယ်။ ပြန်ပေးဆွဲသွားတဲ့သူတွေက အရပ်ဝတ်နဲ့ mask တွေ တပ်ထားတယ်။ ဖမ်းသွားတဲ့အဖွဲ့က အကြောင်းပြန်လာတယ်။ သိန်းတစ်သောင်းတဲ့.. ဒီနေ့ နောက်ဆုံးတဲ့” လို့ ဖြစ်စဥ်ကို သိရှိတဲ့ မုံရွာဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ပြန်ပေးဆွဲတဲ့လူတွေက အမျိုးသားတွေဆိုတာသာ သိရပြီး ဘယ်အဖွဲ့အစည်းလဲဆိုတာ မသိရသေးသလို ပြန်ပေးဆွဲတဲ့နေ့က ကန်သာယာနားကို ကားအဖြူနဲ့ ရောက်လာပြီး သေနတ်အတို ၂ လက်နဲ့ သေနတ်အရှည် ၁ လက် ကိုင်ဆောင်ထားတယ်လို့ သိရပါတယ်။

“ကန်သာယာမှာက လူပြတ်တဲ့အချိန်တွေရှိတယ်။ လုပ်သွားတဲ့လူတွေက အဖွဲ့အစည်းတစ်ခုခုကလို့ ခန့်မှန်းရတယ်။ စကစဆို ကောင်လေးပါ ခေါ်မှာလေ၊ ကောင်မလေးက ပိုက်ဆံရှိတယ်။ ကောင်မလေးက မလိုက်ရဲဘူးပြောလို့ ပါးတွေ နားတွေ ရိုက်ပြီး ခေါ်သွားတာ” လို့ အထက်ပါ နယ်ခံက ဆက်ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့နဲ့ အနီးနားကျေးရွာတွေဘက်မှာ အခုလို ပြန်ပေးဆွဲမှု၊ ဓားပြမှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး အောက်တိုဘာ ၂၇ ရက်နေ့တုန်းကလည်း မုံရွာမြို့ ဘုန်းစိုးရပ်ကွက်က အမျိုးသားတစ်ယောက် ပြန်ပေးဆွဲခံခဲ့ရပါသေးတယ်။

0 Shares:
You May Also Like
Read More

မွန်ပြည်လွတ်မြောက်ရေးတပ်တော် အပတ်စဥ် (၆) အခြေခံစစ် ပညာသင်တန်းဆင်းပွဲ

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် မနေ့က KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ Mon Liberation Army - MLA က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် ဒေသခံပြည်သူများ သွားလာနေသည့် စစ်ရှောင်လမ်းကို ရွှေဘို ပကဖ ပြုပြင်ပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ဒေသခံပြည်သူတွေ သွားလာနေတဲ့ ၁ မိုင်ကျော် အရှည်ရှိ အရေးပေါ်စစ်ရှောင်လမ်းကို ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြုပြင်ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ဂန့်ဂေါခရိုင် “Yawland Operation” စစ်ဆင်ရေးအတွင်း ပျူစောထီးစခန်းနှစ်ခု သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စုဝင် ၄၂ ဦး သေဆုံး

“ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ မျက်မြင်ရုပ်အလောင်းက ၂၀ ဝန်းကျင်လောက် ကျွန်တော်တို့ တွေ့ခဲ့တာရှိတယ်။ ရန်သူဘက်က ဆက်သွယ်ရေးစက်ကနေတဆင့် သိရတာမျိုးလည်းရှိတယ်။ ပြီးတော့ ရန်သူဘက်က သတင်းရင်းမြစ်တွေကနေ သိရတာပါ” လို့ ဂန့်ဂေါခရိုင်စစ်ဌာနမှ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘုရားသုံးဆူမှာ DKBA တပ်ဖွဲ့ နဲ့ NMSP တပ်ဖွဲ့တို့ ညှိနှိုင်းမှုနဲ့ ဂိတ်တွေ ပြန်ဖြုတ်

ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ကြားမှာ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် နှစ်ဖက်စလုံးရဲ့ ဂိတ်စခန်းတွေကို ပြန်လည်ဖြုတ်သွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကြောင်းထိုးလို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ ကျေးရွာတွေထဲက အိုမကျေးရွာကို စစ်တပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရတဲ့ ရွာတွေထဲက အိုမကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။
Read More

မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်၏ တပ်စိတ်ကို ဝင်ရောက်ပစ်ခတ်၊ စစ်သား ၁ ဦးသေပြီး သေနတ် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ တပ်စိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက်သေပြီး သေနတ် ၁ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။