တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လေးမိုင်ရွာမှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ဗိုလ်ခရမ်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်းက တနင်္သာရီမြို့နယ် လေးမိုင်ရွာမှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့၊ မြိတ်ပကဖအဖွဲ့နှင့် တနင်္သာရီတပ်ပေါင်းစုတို့မှ ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ဗိုလ်ခရင်းတပ်ဖွဲ့

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်သားတွေရဲ့ အစောင့်အကြပ်နဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ကနေ မုံရွာမြို့ကို အကြမ်းဖက်စစ်သား အစောင့်အကြပ်တွေနဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ယာဉ်တန်းကို နိုဝင်ဘာ ၄ ရက် နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း ၄  (Monywa The Boys) ထံက သိရပါတယ်။
Read More

တီးတိန်မြို့နယ်တွင် စားကျက်မြေအတွင်း ဝင်ရောက်လာသည့် အင်းကျား ၂ ကောင် သေဆုံး (ရုပ်/သံ)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပိမ်းပိကျေးရွာမှာ ဒေသခံတွေရဲ့ တောင်ယာလုပ်ငန်းအနီး ရောက်ရှိလာတဲ့ အင်းကျား ၂ ကောင် တူမီးနဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တော်လှန်ရင်း ကျဆုံးခဲ့သည့် စလင်းပကဖ ရဲဘော် အောင်ဌေးဝင်း စျာပန (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်အောင်ဌေးဝင်းဟာ ဇူလိုင် ၂၃ ရက်က အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းက ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်က ဇီးဖြူကုန်းပျူစခန်းအတွက် လေကြောင်းကနေ ချပေးတဲ့ ပိုးကျဆန်ရိက္ခာတွေ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစခန်းအတွက် အကြမ်းဖက်စစ်ကောင်စီတပ်က  Y8 လေယာဥ်နဲ့  ချပေးတဲ့ ပိုးကျဆန်ရိက္ခာတွေ ကြားဖြတ်သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ဆွစ်ဇာလန်နိုင်ငံ ဘားတွင် မီးလောင်ပြီး လူပေါင်း ၄၀ ခန့် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရ (ရုပ်/သံ)

ဆွစ်ဇာလန်နိုင်ငံ အဲလ်ပိုင်းတောင်တန်းပေါ်က နာမည်ကြီး နှင်းလျှောစီး အပန်းဖြေစခန်းတစ်ခုရဲ့ ဘားမီးလောင်မှု ဖြစ်ပွားပြီး လူပေါင်း ၄၀ လောက် သေဆုံးကာ ၁၁၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
Read More

မုံရွာမြို့နယ် ညောင်ဖြူပင်ရွာကို မီးရှို့ဖျက်ဆီးလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ‌တောပုပျူစခန်းမှ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သံမဏိတပ်ခွဲ ၃ Force - MPDF ထံက သိရပါတယ်။