တော်လှန်စစ် ဆင်နွှဲချင်တဲ့ မိတ်ဆွေရဲဘော်တွေကို တစ်ဦးတစ်ယောက်ချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ထုတ်ပြန်ပါတယ်။

လက်ရှိအခြေအနေမှာ တော်လှန်ရေးအတွက် အထူးအရေးပါတဲ့ မဟာဗျူဟာမြောက် နယ်မြေတွေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ အရေးကြီးနေပြီး မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသမှာရှိတဲ့ စစ်အုပ်စုရဲ့ အသည်းနှလုံး အချက်အချာကျတဲ့ နေရာတွေကို ဆက်လက်ခြိမ်းခြောက်ဖို့ လုပ်စရာတွေ အများကြီးရှိနေတယ်လို့ ဆိုပါတယ်။

ဒီအတွက် MDY PDF အနေနဲ့ အခုထက် သာလွန်တဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ အင်အားသစ် ရဲဘော်သစ်တွေ အများကြီး လိုအပ်နေတာကြောင့် တပ်ဖွဲ့ဝင်အသစ်တွေအနေနဲ့ လာရောက်ပူးပေါင်းဖို့သာ လိုအပ်ပြီး အမှန်တကယ် တိုက်ခိုက်နိုင်ဖို့နဲ့ လိုအပ်တာတွေ တပ်ဆင်ပံ့ပိုးနိုင်ဖို့ အပြည့်အဝ တာဝန်ယူတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာ စစ်ရေးအရ PDF တွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို အကြမ်းဖက်စစ်အုပ်စုက မြေပြင်ဝေဟင် သာလွန်အင်အား များစွာနဲ့ ထိုးစစ်ဆင်နေပြီး ဒါတွေကို အကောင်းဆုံး အနေအထားနဲ့ အတတ်နိုင်ဆုံး ကြံ့ကြံ့ခံ ရင်ဆိုင်နေတယ်လို့ ဆိုပါတယ်။

အခုချိန်ဟာ နွေဦးတော်လှန်ရေးရဲ့ အခက်ခဲဆုံးသော အခိုက်အတန့် ကာလတစ်ခုကို ရင်ဆိုင်နေရတယ်ဆိုပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ စည်းလုံးညီညွတ်မှု၊ သန်မာကြံ့ခိုင်မှု၊ ဇွဲနဘဲကြီးမားမှုတွေနဲ့အတူ ရင်ဆိုင်ကျော်လွှားနိုင်မယ်ဆိုတာ အပြည့်အဝ ယုံကြည်ထားတယ်လို့ MDY PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သြဂုတ်လအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၁) ဦးနှင့် သုံးစွဲသူ (၁၂) ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း TNLA ထုတ်ပြန်

တအာင်းပြည်၊ မိုးကုတ်၊ သီပေါ၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူနဲ့ ‌ကျောက်မဲမြို့နယ်တွေမှာ သြဂုတ်လအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၁) ယောက်နဲ့ သုံးစွဲသူ (၁၂)ယောက်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်ပါတယ်။
Read More

ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ပြုလုပ်သည့် ကရင့်အမျိုးသားအာဇာနည်နေ့ (ဓာတ်ပုံသတင်း)

သြဂုတ်လ ၁၂ရက် ဒီနေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့အတွက် ဂုဏ်ပြုပွဲအခမ်းအနားကို KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) ဌာနချုပ် မယ်သမီခီး (ထီးခီး) မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်တွင် စစ်ကူအင်အားဖြည့်ရန် ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးမှုရှိနိုင်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စစ်ကူအင်အားဖြည့်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

မင်းတုန်းတွင် မဲပုံးများပို့ရန် စစ်ကြောင်းထိုးသည့် အကြမ်းဖက် စစ်ကြောင်းဖြတ်တောက် တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ သရက်မြို့ကို ပို့ဆောင်မယ့် ရွေးကောက်ပွဲအတု မဲပုံးတွေအတွက် ​စစ်ကြောင်းထိုး နယ်မြေရှင်းတဲ့ခဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖြတ်တောက်တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက်သေဆုံး ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲနဲ့ ၆မိုင်သာ ဝေးတော့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရှမ်းမြောက်ထိုးစစ်…

“အခုက စခန်းသာကိုတော့ ရသွားပြီ၊ စခန်းသာက သူတို့ (စစ်တပ်) ရဲ့ ကြားရည်မှန်းချက်နေရာပေါ့နော်… အဲ့နေရာကနေ လက်နက်ကြီးတွေ ပစ်ကူပေးဖို့ အထိုင်ချမယ်လို့တော့ ထင်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အင်းတော်ကို လာသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်း ပျက်တဲ့အထိ ချေမှုန်းနိုင်ခဲ့သည့် တိုက်ပွဲ NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ ကသာမြို့ ခမရ-၃၀၉ ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်‌ကြောင်းကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။