စစ်ကိုင်းတိုင်း ဆားတောင်မြို့မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပျောက်ကြားတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ရက် ညနေပိုင်းက ဆားတောင်မြို့ကနေ ကူကြီးကုန်းကျေးရွာရှိ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးအင်အား ၁၅၀ နီးပါးထဲက စစ်သားတချို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ပြောက်ကျားတိုက်ခိုက်ဖို့လုပ်ရင်း ထိပ်တိုက်ထိတွေ့မှုဖြစ်တာဗျ။ MA 1 သေနတ်၂လက်ရတယ်” လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အဲဒီနေ့ ညနေပိုင်းမှာ မုံရွာ နမခတက် ဂျိုင်ဒိုကောပတာ ၂စီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေလည်း လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

Video – ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ရွာမီးရှို့မယ့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ၊ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွါသွား (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရွှင်းဘိုရွာကို မီးရှို့ဖို့ ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို မတ်လ ၄ ရက်မှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

မန္တလေးတုင်း မြင်းခြံခရိုင် ငါးဇွန်နဲ့ မြို့သာအကြား စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ပြည်သူတွေက ကြိုဆို ဂုဏ်ပြုခဲ့ကြတယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၇)ထံမှ သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၂ ယောက်သေပြီး ၆ ယောက် ဖမ်းဆီးမိကာ သေနတ် ၂ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၂ ယောက်သေဆုံးကာ ၆ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စပါးရိတ်သိမ်းချိန် တောင်ယာလုပ်ငန်းခွင်အတွင်း အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ (ရုပ်/သံ)

စပါးရိတ်သိမ်းချိန်‌ တောင်ယာလုပ်ငန်းခွင်အတွင်း အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် အတုအ ယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့တယ်လို့ လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်မြို့ တစ်နေရာမှာ လူငယ်တွေက ‘ဖိရင်ကြွမယ် ထိရင် ချမယ်’ ဘန်ကာကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်မှုတစ်ရပ် ပြုလုပ် (ရုပ်/သံ)

ရန်ကုန်မြို့တစ်နေရာမှာ အောက်တိုဘာ ၅ ရက် မနေ့က မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီက စစ်ကောင်စီတပ်ရဲ့ မတရားစစ်မှုထမ်းခေါ်ယူတာ၊ သန်းခေါင်းစာရင်းကောက်ခြင်းတာနဲ့ စစ်အာဏာရှင်အမြစ်ဖြတ်‌ရေးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်းကျင်းပပြီးစီး (ရုပ်/သံ)

အင်းလေးဒေသကို အခြေခံဖွဲ့စည်းထားတဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင်ကို ခုခံကာကွယ်ရင်း တစ်ဖက်မှာလည်း တပ်တည်ဆောက်ရေး မူ (၅) ချက်ကိုင်စွဲကာ တပ်ရင်းကို စနစ်တကျပြန်လည်တည်ဆောက်ခဲ့ပြီး ''တိုက်ရင်း လေ့ကျင့်၊ လေ့ ကျင့်ရင်းတိုက်''ဆိုတဲ့ မူကိုစွဲကိုင်ကာ နောက်တန်းပြန်ရောက်လာတဲ့ တပ်ခွဲများအား မွမ်းမံသင်တန်း ဖွင့်လှစ်လေ့ကျင့်ပေးခဲ့တယ်လို့ သိရပါတယ်။