မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ကြောင်းလန်ပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ညောင်ဦးမြို့နယ် ပကဖတာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက ငါ့သရောက်မြို့နယ် ရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်အင်အား ၁၀၀ ကျော်နဲ့ တော်လှန်ရေးတပ်တွေ ကန်နပေါက် ရေကန်အနီးမှာ ထိတွေ့တိုက်ပွဲ နာရီဝက်ကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို ညောင်ဦး ပကဖ (ပုဂံပြည်ဘီလူးတပ်) က တပ်ခွဲမှူး ရဲဘော် မင်းခန့် နဲ့ ညောင်ဦးခရိုင် အထူးတိုက်ခိုက်ရေး အဖွဲ့ခေါင်းဆောင် ရဲဘော် ရန်ရန်တို့ ဦးဆောင်တဲ့ တော်လှန်းပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေဘက်က RPG ၂ လုံးနဲ့ အီနာဂါဗုံးသီးတွေအပြင် ငါးကြင်းမြှီးနဲ့ လက်နက်ငယ်တွေပါ အသုံးပြု တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်ကြောင်း ဖရိုဖရဲဖြစ်ပြီး စစ်ဦးလန်သွားခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ သူတို့ရဲ့ မူလဦးတည်ချက်ဖြစ်တဲ့ အိုရင်းကျေးရွာကို မဝင်ရောက်နိုင်တာကြောင့် ရွာထဲကို တိုက်ခိုက်ရေးဒရုန်းတွေ အသုံးပြုပြီး မီးလောင်ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၁၅လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၈ ယောက်ကိုလည်း ကားတွေနဲ့ ပြန်လည်တင်ဆောင်သွားကာ ညောင်ဦးဆေးရုံကြီးမှာ အရေးပေါ်ကုသပေးနေရတယ်လို့ ကိုဇီးက ပြောပါတယ်။

“အခုလက်ရှိ ငါ့သရောက်စခန်းထဲ အချို့စခတွေ ပြန်ဝင်သွားပါပြီ။ သေတဲ့ကောင်တွေနဲ့ ထိတဲ့ကောင်တွေကို ကားတွေနဲ့ လာသယ်တယ်။ ပြီးတော့ ထိထားတဲ့ကောင်တွေကို ညောင်ဦးဆေးရုံမှာ ကုနေပါတယ်။ လက်ရှိတချို့ရွာတွေ လူပြန်ဝင်နေပေမယ့် လုံခြုံရေးစိုးရိမ်ရသေးလို့ မပြောနိုင်သေးဘူး။” လို့ ညောင်ဦးမြို့နယ် ပကဖတာဝန်ခံ ကိုဇီးက မောင်းကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ငါ့သရောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ Popa Production Guerrilla Force(PPGF)၊ Garuda Secret Force (ပုဂံ-ဂဠုန်တပ်)၊ ညောင်ဦးခရိုင် အမှတ် (၁) တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် (၅) တပ်ရင်းနဲ့ ညောင်ဦးခရိုင် ပကဖ တို့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ထမင်းမစားကျေးရွာ တပ်စခန်း ပြန်လည်ရရှိရေး အကြမ်းဖက်စစ်တပ် ထိုးစစ်ဆင်လာ၊ စစ်အုပ်စုကို ခုခံတိုက်ခိုက်မှု စစ်တပ်က ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ထမင်းမစားကျေးရွာ စစ်တပ်စခန်း ပြန်လည်ရရှိရေး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူနှင့် တောင်ငူ-လိပ်သိုလမ်းပိုင်းအတွင်း လုပ်ဆောင်ခဲ့သည့် ကမ်းနီကြားဒေသအဖွဲ့၏ စစ်ရေးဖော်ဆောင်မှုများတွင် စစ်အုပ်စု ၄ ဦးထက်မနည်း သေဆုံးခဲ့

ပဲခူးနဲ့ကရင်အစပ်ရှိ တောင်ငူ-လိပ်သိုလမ်းပိုင်းနဲ့ စစ် တောင်းမြစ်အရှေ့ကမ်း ပဒဲကျေးရွာမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေထဲ အကြမ်းဖက်စစ်တပ်ဘက်က ၄ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဖြူး-အုတ်ဖြတ်လမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်လမ်းပေါ်က တာကျိုးလမ်းဆုံမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) အာဠာဝကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက ကယားပြည်နယ်နေ့ ကျင်းပပြီး နောက်တစ်နေ့ စစ်ရှောင်စခန်းကို ဗုံးကြဲ၊ စစ်ဘေးရှောင်မောင်နှမ အပါအဝင် ၃ ယောက် သေဆုံး

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Loikaw Local PDF ထံက သိရပါတယ်။
Read More

တော်လှန်ရေးအင်အားစုများ ညီညွတ်ဖို့လိုအပ်နေပြီး  စစ်ကောင်စီရဲ့ သွေးခွဲမယ့်နည်းလမ်းများကို သတိပြုဖို့ NUG ဝန်ကြီးချုပ် သတိပေး

တော်လှန်ရေးအင်အားစုတွေ အားလုံးညီညွတ်ဖို့လိုအပ်ပြီး မညီညွတ်ရင် စစ်ကောင်စီက အရင်က အသုံးပြုနေကျ သွေးခွဲတဲ့ နည်းလမ်းတွေအတိုင်း လုပ်ဆောင်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲရက်ဆက်ဖြစ်ပြီး စစ်တပ်က မြေပြင်ကရော လေကြောင်းနဲ့ပါ အင်အားသုံးတိုက်ခိုက်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အင်အားသုံးစစ်ကြောင်းထိုးကာ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။