တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၅ ရက် မနက် ၆နာရီခွဲလောက်က ရေဖြူမြို့နယ်၊ ဝက်ချောင်းရွာနဲ့ မူးဒူးရွာအကြား ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း လမ်းမပေါ်မှာ စစ်ကော်မရှင်ရဲ့ ယန္တရားတွေနဲ့ လမ်းလုပ်ငန်းအတွက် ကာကင်းယူထားတဲ့ စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်မှု ၁နာရီနီးပါး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၁၀ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ပွဲကို ရေဖြူမြို့နယ်အခြေစိုက် မဟာမိတ် ပူးပေါင်းတပ်နဲ့ ဗထူးအာမီတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့တုန်းကလည်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှာ တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်သိန်းငှက် ရှေ့တန်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်းရင်း မြင့်မြတ်စွာ ကျဆုံးသွားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မင်းလှတွင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၄၀ ခန့်မှ ဒေသခံပြည်သူ သောင်းနှင့်ချီ တိမ်ရှောင်ထွက်ပြေးနေရ 

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး  မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာပေါင်း ၄၀ နီးပါးက သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ရှောင်ထွက်ပြေးရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ရန်ကုန်မြို့အနှံ့ စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်…

ရန်ကုန်မြို့ရဲ အချက်အချာကျတဲ့ နေရာတေီမှာ Youth of Anarchy အဖွဲ့က ပစ်တိုင်းထောင်ရဲ့ " လဲကျလဲ ပြန်ထ " အဓိပ္ပာယ်နဲ့ အာဏာရှင်စနစ်အမြစ်ပျက်သုဉ်းရေးအတွက် နည်းမျိုးစုံ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်ရဲဖက်မယတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပစ်တိုင်းထောင်သပိတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကိုထိန်လင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim Aris တို့ ဒီနေ့မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြပါတယ်။
Read More

နိုင်ငံတဝန်း ဇူလိုင်လအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၅၄ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်း ပြန်ဆုတ်သွားသည်အထိ တိုက်ခိုက်ရင်း မင်းကွန်းနယ်အတွင်းက ကျေးရွာ ၂ ရွာကို တော်လှန်ရေးတပ်များ ပြန်လည်ထိန်းချုပ်

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တပ်ဆုတ်သွားတဲ့အထိ ခုခံတိုက်ခိုက်ရင်း လက်လွှတ်ထားခဲ့ရတဲ့ ကျေးရွာတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ရတနာပုံတပ်ဦး သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ပေါက်မြို့နယ်မှာ ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နေရာ ၃ နေရာကို ဒရုန်းနဲ့ ဗုံးသီး ၃၀၀ ကျော် ကြဲချတိုက်ခိုက်…

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ခုကို ဒရုန်းဗုံးသီးပေါင်း ၃၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။