စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဆက်သွယ်ရေး ၆ တပ်ကနေ ရခိုင် စစ်မျက်နှာကို ပို့ဆောင်ခံရတဲ့ စစ်ကော်မရှင် တပ်ကြပ် ၁ ယောက် ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့က ထွက်ပြေးအလင်းဝင်ရောက်လာတဲ့ တပ်ကြပ်ဟာ ရခိုင်ပြည်နယ်ဘက် တာဝန်ကျဖို့ သွားရောက်ချိန် ကိုယ်လွတ်ရုန်း ထွက်ပြေးလာခဲ့တာဖြစ်ပြီး မုံရွာမြို့နယ်ပကဖ အမှတ် (၂) တိုက်နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ -တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့ထံ ချိတ်ဆက်အလင်းဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူဟာ စစ်မှုထမ်း သက်တမ်း အနှစ် ၂၀ ကျော်ရှိ တပ်ကြပ် ၁ယောက်ဖြစ်တာကြောင့် စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့ခြင်းရှိမရှိအပေါ် စစ်ဆေးနေကြောင်းနဲ့ အပြစ်မရှိရင် ကာယကံရှင်ရဲ့ သဘောထားဆန္ဒအတိုင်း လုပ်ပေးသွားမှာဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ရခိုင်အစပ်ကနေ ထွက်ပြေးလာပြီး မုံရွာနယ်ထဲ အရောက်မှာ ကြားခံ‌မြေပြင်ချိတ်ဆက်ပေးမှုနဲ့ အလင်းဝင်လာတာပါ။ လက်ရှိအချိန်မှာတော့ အလင်းဝင်တာကို လက်ခံပေးပြီး စစ်ရာဇဝတ်မှု ကျူးလွန်မှုရှိမရှိ စစ်ဆေးနေပါတယ်။ တစုံတရာအပြစ်မရှိဘူးဆိုရင်တော့ လုံခြုံရေးဆိုင်ရာ အစီအမံတွေနဲ့ သူဖြစ်ချင်တဲ့အတိုင်း လုပ်ပေးသွားမှာပါ” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အလင်းဝင်ထွက်ပြေးလာသည့် စစ်ကော်မရှင် တပ်ကြပ်အား တွေ့ရစဥ်

၂၀၂၅ ခုနှစ်အတွင်း မုံရွာမြို့နယ်ပကဖထံ သန္ဓေတပ်သား၊ တပ်ကြပ်နဲ့ ပစအပါအဝင် စစ်ကော်မရှင်တပ်သား အယောက် ၂၀ ကျော် ထွက်ပြေးအလင်းဝင်ရောက်ခဲ့ရာမှာ တပ်ဖွဲ့အနေနဲ့ အလင်းဝင်လာသူတွေကို ရိုက်နှက်နှိပ်စက်တာ၊ အကြမ်းဖက်တာမျိုးတွေမရှိကြောင်း၊ အများစုဟာ အကြမ်းဖက်စစ်ကော်မရှင်ကို ပြန်ပြီးတိုက်ခိုက်နေကြောင်း သိရပါတယ်။

“သူပြောပုံအရဆို တပ်ထဲမှာ ပြေးတော့ ပြေးချင်နေကြတာဗျ။ ဒါပေမယ့် သန္ဓေတွေအနေနဲ့ကျ မိသားစုက အထဲမှာရှိတော့ ပြေးဖို့မလွယ်ကြဘူး။ ဒီနှစ်ထဲဆို အယောက် ၂၀ ကျော် ရှိပြီဗျ။ တချို့က ကျနော်တို့ ဆီမှာပဲ ပြန်တိုက်နေကြတယ်။ တချို့ကတော့ သာမန် အရပ်သားအနေနဲ့ နေကြတယ်။ တချို့ကတော့ သူတို့ဒေသက ကာကွယ်ရေးအဖွဲ့တွေနဲ့ ပြန်ပူးပေါင်းပြီး စခကို တိုက်ကြတယ်” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ရက်နေ့ကလည်း မုံရွာမြို့နယ်၊ ကျောက္ကာ-ရွှေဂူနီ ဘုရားဝန်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်အထိုင်စခန်းကနေ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ ပစ (စစ်မှုထမ်း) တပ်သား ၂ယောက် Titans Force Monywa- အမှတ် (၂) တိုက်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ကို ချိတ်ဆက်ပြီး သေနတ်တွေယူဆောင် အလင်းဝင်ရောက်လာခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တွင် ကမ်းပါးပြိုပြီး ရေမဆေးကျောက်ရှာသူ ၂ ဦး မြေစာပိ သေဆုံး၊ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး စက်ကြီးအစီး ၄၀ နှင့် ကားအစီး ၃၀ ကျော်ကိုလည်း စစ်အုပ်စု မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်၊ တောင်ယာကုန်းရွာရှိ ကုမ္ပဏီလုပ်ကွက်ဟောင်းတစ်ခုမှာ ကမ်းပါးပြိုကျပြီး လက်ကျင်းတူး ရေမဆေးကျောက်ရှာသူ ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး ပါဝင်တိုက်ခိုက်ခဲ့၊ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (𝗕𝗟𝗗𝗙) က မဟာမိတ်တပ်ဖွဲ့အဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

DKBA ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံခြားသားများ အထူးသဖြင့် တရုတ် မသယ်ရဟု အမိန့်ထုတ်

အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေနဲ့ ပတ်သက်နေတယ်လို့ ပြောဆိုပြစ်တင်ခံနေရတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က သူတို့ရဲ့ ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံခြားသားတွေ သယ်ဆောင်ခြင်း မလုပ်ရဘူးလို့ အမိန့်ထုတ်လိုက်ပါတယ်။
Read More

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ ညအချိန် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူတွေ ရွာပြင် ထွက်အိပ်နေရ…

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှု​ကြောင့် နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ တောင်သာ လူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

နွားထိုးကြီးမြို့နယ် သူစိုးကျေးရွာနှင့် မာန်လည်ကျေးရွာတို့ကို စစ်ကောင်စီ ဗုံးကြဲ၊ ပြည်သူများ ထိခိုက်မှုရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က သူစိုးကျေးရွာနဲ့ မာန်လည်ကျေးရွာတို့ကို စစ်‌ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အုတ်ဖိုတွင် စစ်ကြောင်းထိုး စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု မျက်မြင် ၇ ဦး သေပြီး စက်တပ်လေထီး ဗုံးကြဲကာ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က မျက်မြင် ၇ ယောက်သေဆုံးကာ စက်တပ်လေထီး ဗုံးကြဲရင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။