အကြမ်းဖက်စစ်တပ်အနေနဲ့ ရခိုင်ဒေသ တစ်ခုလုံးကို လက်လွှတ်ဆုံးရှုံးရဖို့ လက်တစ်ကမ်းအလို ရောက်ရှိနေပြီဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့ထဲက စစ်ကော်မရှင်တပ်နဲ့ အပစ်အခတ် မရပ်စဲဘဲ ကျန်နေခဲ့တဲ့ တစ်ဖွဲ့တည်းသော အာရက္ခတပ်တော် (AA) ဟာ မျှော်မှန်းထားတဲ့ စစ်ရေး နိုင်ငံရေး ရည်မှန်းချက်တွေ အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့အတွက် ရခိုင်လူထုနဲ့ လက်တွဲပြီး အစွမ်းကုန် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသအပြင် ရခိုင်ရိုးမနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ AA စစ်ရေးလှုပ်ရှားတဲ့ နေရာတချို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ ဆိုထားပါတယ်။

စစ်ရေးနိုင်ငံရေး အဘက်ဘက်က ရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ ခုနှစ်အတွင်း ညီနောင်မဟာမိတ် ၃ဖွဲ့ထဲက ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA တို့နဲ့ ရှမ်းမြောက်ဒေသ အပစ်အခတ်ရပ်စဲရေးကို မရှေးမနှောင်း ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်ဆင်ရေးနယ်မြေ ကျုံ့သွားတဲ့ စစ်တပ်က နိုင်ငံအနှံ့ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ဆက်တိုက် ကျူးလွန်နေသလို မနေ့ကစပြီး AA တပ်ဖွဲ့ဝင်တွေရှိရာနဲ့ ရခိုင်ပြည်သူတွေရှိရာကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မနေ့က အောက်တိုဘာ ၃၀ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်တွေမြို့၊ ရသေ့တောင်မြို့၊ ပုဏ္ဏားကျွန်းမြို့၊ ပေါက်တောမြို့နဲ့ ကျောက်ဖြူမြို့၊ ဇင်ချောင်းတိုက်နယ်ရှိ ကုန်ဘွေကျေးရွာက အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ သူရဲဘောကြောင်စွာ လုပ်ဆောင်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၈ ယောက် သေကာ ၂၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကော်မရှင်တပ်က ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ယောက် သေဆုံးပြီး ၁၀ ယောက် ပြင်းထန်ဒဏ်ရာရကာ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ရှုံး စစ်ကော်မရှင်တပ်အနေနဲ့ နိုင်ငံအနှံ့မှာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းနဲ့ လက်နက်အားကိုးကာ သူရဲဘောကြောင်စွာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေသလို ရခိုင်ဒေသက ပြည်သူတွေအပေါ်မှာလည်း ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တာကြောင့် အရင်ရက်တွေထက် ပိုမိုသတိထားကြဖို့၊ စစ်ရေးသတိ နေ့ညမ‌ရွေး အပြည့်အဝ ရှိနေပေးဖို့ ရခိုင်ပြည်သူတွေကို AA က တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုဂံ-ညောင်ဦးလမ်းပေါ် အိမ်စီးကားတစ်စီးမှ ပျူ ၂ ဦးကို ဖမ်းမိ၊ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးလုံး သေဆုံး

မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦး လမ်းပိုင်းမှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေးလုပ်ဆောင်ချိန် အိမ်စီးကားနဲ့ လာတဲ့ ပျူစောထီး ၂ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ Bagan Bo Cho PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၂) ဦးသေဆုံး၊ ကလေး(၂) ဦးနှင့် ပြည်သူ (၁) ဦးဒဏ်ရာရ…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ကလေးငယ် ၂ ယောက်အပါ အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်ဒေသနှင့် ပြည်ပကိုရောက်နေသည့် မြန်မာနိုင်ငံသားများ ပြန်လာနိုင်ကြောင်း စစ်ကောင်စီ ဖိတ်ခေါ်

တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေနဲ့ ပြည်ပနိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်တိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်ဖို့ စစ်ကောင်စီက ဖိတ်ခေါ်လိုက်ပါတယ်။
Read More

မြင်းခြံတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PDF များတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း သေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ PDF စခန်းကို ဝင်တိုက်တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်နီးပါးဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဂုဏ်သိက္ခာမဲ့စွာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်က သိက္ခာရှိတဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်တစ်ရပ် ကျင်းပပေးမယ်လို့ ပြောပြန်

မကြာခင် စစ်တပ်က ကျင်းပပေးတဲ့ ရွေးကောက်ပွဲနဲ့  လွှတ်တော်ဟာ သိက္ခာရှိစေရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွါးနေပြီး စစ်ကောင်စီတပ်က တစ်ရက်အတွင်း လက်နက်ကြီး (၁၂၇) လုံးနှင့် ဒရုန်းဖြင့် ဗုံး (၄၂) လုံး ပစ်ကူတိုက်ခိုက်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ မျက်ချီးနု၊ ရေမောင်းတန်း၊ နောင်လင်၊ ကျောက်ကြမ်း၊ နန်းကျီးကုန်းနဲ့ နားမိုင်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေရာ ဇူလိုင် ၇ ရက်နေ့၊ ၁ ရက်တာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၂၇) လုံး၊ ဒရုန်းနဲ့ ဗုံး (၄၂) လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။