စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးသွားတဲ့အဖွဲ့က သိန်းတစ်သောင်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၃၀ ရက် ညနေ ၄ နာရီလောက်က မုံရွာမြို့ ကန်သာယာအနီး ကားပေါ်မှာထိုင်နေတဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို အမျိုးသား ၄ ယောက်ပါတဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခု လာရောက်ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။

“ကားရော၊ လူရော ပြန်ပေးဆွဲသွားပါတယ်။ အတူပါသွားတဲ့ကောင်လေးကို မှောက်ခိုင်းထားပြီး ထားခဲ့တယ်။ ပြန်ပေးဆွဲသွားတဲ့သူတွေက အရပ်ဝတ်နဲ့ mask တွေ တပ်ထားတယ်။ ဖမ်းသွားတဲ့အဖွဲ့က အကြောင်းပြန်လာတယ်။ သိန်းတစ်သောင်းတဲ့.. ဒီနေ့ နောက်ဆုံးတဲ့” လို့ ဖြစ်စဥ်ကို သိရှိတဲ့ မုံရွာဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ပြန်ပေးဆွဲတဲ့လူတွေက အမျိုးသားတွေဆိုတာသာ သိရပြီး ဘယ်အဖွဲ့အစည်းလဲဆိုတာ မသိရသေးသလို ပြန်ပေးဆွဲတဲ့နေ့က ကန်သာယာနားကို ကားအဖြူနဲ့ ရောက်လာပြီး သေနတ်အတို ၂ လက်နဲ့ သေနတ်အရှည် ၁ လက် ကိုင်ဆောင်ထားတယ်လို့ သိရပါတယ်။

“ကန်သာယာမှာက လူပြတ်တဲ့အချိန်တွေရှိတယ်။ လုပ်သွားတဲ့လူတွေက အဖွဲ့အစည်းတစ်ခုခုကလို့ ခန့်မှန်းရတယ်။ စကစဆို ကောင်လေးပါ ခေါ်မှာလေ၊ ကောင်မလေးက ပိုက်ဆံရှိတယ်။ ကောင်မလေးက မလိုက်ရဲဘူးပြောလို့ ပါးတွေ နားတွေ ရိုက်ပြီး ခေါ်သွားတာ” လို့ အထက်ပါ နယ်ခံက ဆက်ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့နဲ့ အနီးနားကျေးရွာတွေဘက်မှာ အခုလို ပြန်ပေးဆွဲမှု၊ ဓားပြမှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး အောက်တိုဘာ ၂၇ ရက်နေ့တုန်းကလည်း မုံရွာမြို့ ဘုန်းစိုးရပ်ကွက်က အမျိုးသားတစ်ယောက် ပြန်ပေးဆွဲခံခဲ့ရပါသေးတယ်။

0 Shares:
You May Also Like
Read More

ကမ္မမှာ အလင်းဝင်လာတဲ့ ရဲဒုတပ်ကြပ်က စစ်ကောင်စီကို ပြန်တိုက်မယ်လို့ဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ  ရဲဒုတပ်ကြပ် ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ Kamma Underground People's Defense Force (ကမ္မတပ်ပေါင်းစု) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်နေသည့် အကြမ်းဖက် စစ်အုပ်စု တိုက်နယ် ၃ခုကို လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်နယ် ၃ ခုကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ အရပ်သား ၁ ယောက်သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ချောင်းဦးမြို့နယ် ခင်မွန်ရွာ ဒေသခံ ၂၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးထား၊ နွားကျောင်းသား ၁ဦးကိုလည်း ပစ်သတ်ကာ မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာက ဒေသခံ အယောက် ၂၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထားပြီး နွားကျောင်းသားတစ်ယောက်ကိုလည်း မီးရှို့သတ်သွားတယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကိုင်း-မြစ်ငယ်ကားလမ်းတွင် စားသောက်ဆိုင်ကို ဆီဘောက်ဆာကား ဝင်တိုက်၊ မီးလောင်မှုဖြစ်ပွားပြီး လူထိခိုက်သေဆုံးမှု ရှိ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီး စစ်ကိုင်း-မြစ်ငယ် ကားလမ်းဘေးရှိ စားသောက်ဆိုင်တစ်ဆိုင်ကို ဆီဘောက်ဆာကားတစ်စီး ဝင်တိုက်မိတာကြောင့် မီးလောင်မှု ဖြစ်ပွားပြီး လူထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဖားကန့်နယ်ရှိ မှော်စီစာလမ်းဆုံထောင့်မှာ အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို အမည်မသိအဖွဲ့တစ်ခု လာရောက်စွန့်ပစ်သွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ၊ မှော်စီစာလမ်းဆုံတောင့်မှာ အမျိုးသား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို အမည်မသိအဖွဲ့တစ်ခုက လာရောက်စွန့်ပစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကြို့ပင်ကောက် စစ်ဆေးရေးဂိတ် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ဒုရဲအုပ်အပါ ၅ ဦး သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာမှာ ဒုရဲအုပ် အပါအဝင် ၅ ယောက် သေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့ကြောင်း သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုထံက သိရပါတယ်။