မိုးကုတ်မြို့ကာကွယ်ရေးနဲ့ တော်လှန်ရေးတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့အတွက် အကြောင်းအမျိုးမျိုးကြောင့် တပ်ဖွဲ့နဲ့ ကင်းကွာနေခဲ့တဲ့ ရဲဘော်တွေအားလုံးကို ပြန်လည်ဖိတ်ခေါ်ကြောင်း မိုးကုတ်ဗျူဟာက ထုတ်ပြန်လာပါတယ်။

ဒီကြေညာချက်ကို မနေ့က အောက်တိုဘာလ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထုတ်ပြန်တဲ့နေ့ကစလို့ တပတ် (၇ ရက်) အတွင်း ပြန်လည်တာဝန်ထမ်းမယ့်အကြောင်း သတင်းပို့ချိတ်ဆက်ဖို့ မိုးကုတ်ဗျူဟာက ဆိုထားပါတယ်။

မိုးကုတ်ဗျူဟာက “ရဲဘော်တို့၏ အတွေ့အကြုံ၊ ရဲဘော်တို့၏ စွမ်းရည်၊ ရဲဘော်တို့၏ တော်လှန်ရေးပေါ်ထားရှိသော စေတနာများကို မိုးကုတ်ဗျူဟာအနေဖြင့် အမြဲတန်ဖိုးရှိနေမည်ဖြစ်သည့်အတွက် တော်လှန်ရေး၏ ခွန်အားတရပ်အနေဖြင့် မိုးကုတ်ဗျူဟာနှင့်အတူ ပြန်လည် လက်တွဲတိုက်ပွဲဝင်ကြရန် နွေးထွေးစွာဖိတ်ခေါ်ပါသည်” လို့ ထုတ်ပြန်ထားပါတယ်။

မိုးကုတ်ဗျူဟာက MOD (ကာကွယ်ရေးဝန်ကြီးဌာန) ရဲ့ တရားဝင်တပ်ဖွဲ့တာကြောင့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်ကြောင်းလည်း ထည့်သွင်းဆိုထားပါတယ်။

ခရီးလွန်နေတဲ့ ရဲဘော်တွေဟာ လူကိုယ်တိုင် လာရောက်ချိတ်ဆက်နိုင်မယ့် ရက်သတ်မှတ်ပြီး သတ်မှတ်ရက် (တစ်ပတ်) အတွင်း သတင်းပို့ ချိတ်ဆက်လာရင် စည်းမျဉ်းစည်းကမ်းတွေအတိုင်း စိစစ်ဆုံးဖြတ်ပြီး သက်ညှာထောက်ထားမှု မူဝါဒနဲ့အညီ ပြန်လည်ဝင်ရောက်လာမယ့် ရဲဘော်တွေရဲ့ နောင်တနဲ့ ဆန္ဒပြင်းပြမှုကို အလေးထား စဉ်းစားပေးမယ်လို့ သိရပါတယ်။

သတ်မှတ်ရက် ကျော်လွန်တဲ့အထိ ဆက်သွယ်ချိတ်ဆက်လာခြင်းမရှိတဲ့ ရဲဘော်တွေကိုတော့ တရားဝင် တပ်ပြေးအဖြစ် ကြေညာပြီး MOD ကနေ ထုတ်ပြန်ထားတဲ့ စစ်ဘက်ဆိုင်ရာ တပ်ပြေးမှု ဥပဒေအရ ပြစ်ဒဏ်ခံယူရမှာဖြစ်ကြောင်းကိုလည်း မိုးကုတ်ဗျူဟာကနေ အလေးအနက် အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် မူးမြို့နယ်တို့အတွင်း အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကန်ချနဘူရီမှာ ရဲလိုက်ဖမ်းလို့ တရားမဝင် ရွှေ့ပြောင်းမြန်မာ ၂၈ ဦး၏ကား တိမ်းမှောက်၊ ထိခိုက်သေဆုံးသူမရှိဘဲ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ သောင်ဖာဖုမ်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၈ ယောက်ကို တင်ဆောင်လာတဲ့ မှောင်ခိုသမား မောင်းနှင်တဲ့ ကားတစီး ရဲလိုက်လို့ ထွက်ပြေးရင်း လမ်းဘေးကျပြီး တိမ်းမှောက်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။
Read More

ငဖဲတွင် နှစ်လဆက် ထိတွေ့တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်း သေဆုံးခဲ့

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်း သေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ထားပါတယ်။
Read More

AA ၏ ထိုးစစ်အောက် နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်သား ၂၃ ယောက်ကို CDF-Asho ဖမ်းမိ၊ လက်နက်ခဲယမ်းများပါ ရရှိ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်တပ်သမိုင်းမှာ နာမည်အပျက်ဆုံး ဖြစ်နေသူ မင်းအောင်လှိုင်က သူ့လူများကို စစ်တပ်အတွက် နာမည်ကောင်းကျန်အောင် လုပ်ဆောင်ရန် ညွှန်ကြား …

“ကာကွယ်ရေးစွမ်းပကား တိုးတက်စေရေး ဆောင်ရွက်သွားဖို့အပါအဝင် မိမိကိုယ်ကိုကောင်းအောင် ထိန်းသိမ်းဆောင်ရွက်ကာ နိုင်ငံတော်နဲ့ စစ်တပ်ကို ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားခြင်းဖြင့် စစ်တပ်ကို နာမည်ကောင်းကျန်အောင် လုပ်ဆောင်ရမယ်” လို့ တစ်နိုင်ငံလုံးလှည့်ပတ်ဗုံးကြဲပြီး ပြည်သူကို အကြမ်းဖက်နေနေတဲ့ မင်းအောင်လှိုင်က ခပ်တည်တည်တဲ့ ပြောဆိုသွားခဲ့တာပါ။
Read More

စဉ့်ကူးမြို့နယ်အတွင်းရှိ အများပြည်သူသုံးလမ်း ၁ လမ်းအား ပြင်ဦးလွင်ခရိုင် ပကဖ ပြုပြင်ထိန်းသိမ်းပေးခဲ့… (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင်းရှိ အများပြည်သူသုံးလမ်း ၁ လမ်း ကို အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ဝင်တွေက ​အောက်တိုဘာလအတွင်း ပြုပြင်ထိန်းသိမ်းပေးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပကဖ အဖွဲ့ဝင်​တွေအ​နေနဲ့ အကြမ်းဖက်စစ်တပ် ကို​ ချေမှုန်းတိုက်ခိုက်​နေတာသာမက လူထုအကျိုးပြုလုပ်ငန်းတွေကိုလည်း အဓိက တာဝန်တစ်ရပ်အဖြစ် ထမ်း​ဆောင်နေတယ်လို့ သိရပါတယ်။