တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လေးမိုင်ရွာမှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ဗိုလ်ခရမ်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်းက တနင်္သာရီမြို့နယ် လေးမိုင်ရွာမှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့၊ မြိတ်ပကဖအဖွဲ့နှင့် တနင်္သာရီတပ်ပေါင်းစုတို့မှ ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ဗိုလ်ခရင်းတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ရန်ကုန်-ပြည်အမြန်လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနဲ့ ပြည်သူ့စစ်ခေါင်းဆောင်သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း မင်းလှမြို့နယ် ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃) မှ သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ရန်ကုန်-ပြည်အမြန်လမ်းပေါ်ရှိ အုတ်တွင်းကျေးရွာ၊ စစ်ကွင်းတာဆုံနဲံ တာဆုံအနီး ဘုရားမှာ အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူး ပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ် သံပြားကာယာဉ် ၂ စီးကို ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သံပြားကာယာဉ် ၂ စီးကို ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းမှာ ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KM ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းဘူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ်သားများ မိုင်းထိပြီး ၃ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ် သားတွေ မိုင်းထိပြီး ၃ ယောက်သေခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း ၅ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကာကနေ အရာတော်ဆီ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကျောက်ကာကနေ အရာတော်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Eagle PDF ထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ထက်စည်သူ၏ ပြောကြားချက် (ရုပ်/သံ)

''မင်းတို့ အလင်းဝင်မယ်ဆိုလည်း သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ မင်းတို့ကို မသတ်ပစ်ဘူးဆို ရင်တောင်မှာ မင်းတို့ကောင်တွေကို ရှေ့တန်းပို့မယ်၊ မင်းတို့ခြေထောက်တွေကို ခြံခြေချင်းခတ်ပြီး တော့ အဲလိုတွေ ပြောတယ်''
Read More

ပျူရွာမှာ အငတ်ဘေးကြုံ ဒုက္ခရောက်နေသည့် သက်ကြီးရွယ်အို ၇ ဦးကို PDF ရဲဘော်များ ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောပျူရွာမှာ အငတ်ဘေးကြုံဒုက္ခရောက်နေတဲ့ သက်ကြီးရွယ်အို ၇ ယောက်ကို ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်မှာ PDF ရဲဘော်တွေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။