တော်လှန်စစ် ဆင်နွှဲချင်တဲ့ မိတ်ဆွေရဲဘော်တွေကို တစ်ဦးတစ်ယောက်ချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ထုတ်ပြန်ပါတယ်။

လက်ရှိအခြေအနေမှာ တော်လှန်ရေးအတွက် အထူးအရေးပါတဲ့ မဟာဗျူဟာမြောက် နယ်မြေတွေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ အရေးကြီးနေပြီး မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသမှာရှိတဲ့ စစ်အုပ်စုရဲ့ အသည်းနှလုံး အချက်အချာကျတဲ့ နေရာတွေကို ဆက်လက်ခြိမ်းခြောက်ဖို့ လုပ်စရာတွေ အများကြီးရှိနေတယ်လို့ ဆိုပါတယ်။

ဒီအတွက် MDY PDF အနေနဲ့ အခုထက် သာလွန်တဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ အင်အားသစ် ရဲဘော်သစ်တွေ အများကြီး လိုအပ်နေတာကြောင့် တပ်ဖွဲ့ဝင်အသစ်တွေအနေနဲ့ လာရောက်ပူးပေါင်းဖို့သာ လိုအပ်ပြီး အမှန်တကယ် တိုက်ခိုက်နိုင်ဖို့နဲ့ လိုအပ်တာတွေ တပ်ဆင်ပံ့ပိုးနိုင်ဖို့ အပြည့်အဝ တာဝန်ယူတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာ စစ်ရေးအရ PDF တွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို အကြမ်းဖက်စစ်အုပ်စုက မြေပြင်ဝေဟင် သာလွန်အင်အား များစွာနဲ့ ထိုးစစ်ဆင်နေပြီး ဒါတွေကို အကောင်းဆုံး အနေအထားနဲ့ အတတ်နိုင်ဆုံး ကြံ့ကြံ့ခံ ရင်ဆိုင်နေတယ်လို့ ဆိုပါတယ်။

အခုချိန်ဟာ နွေဦးတော်လှန်ရေးရဲ့ အခက်ခဲဆုံးသော အခိုက်အတန့် ကာလတစ်ခုကို ရင်ဆိုင်နေရတယ်ဆိုပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ စည်းလုံးညီညွတ်မှု၊ သန်မာကြံ့ခိုင်မှု၊ ဇွဲနဘဲကြီးမားမှုတွေနဲ့အတူ ရင်ဆိုင်ကျော်လွှားနိုင်မယ်ဆိုတာ အပြည့်အဝ ယုံကြည်ထားတယ်လို့ MDY PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကောလင်းမှာ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ ဝက်သဲကုန်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kawlin Info က ထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးက စစ်ကောင်စီတပ်ဖွဲ့၀င်နဲ့ မိသားစု၀င် ၃၁ ယောက်ကို MNDAA ထပ်လွှတ်ပေး

လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၃၁ ယောက်ကို MNDAA က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒီနေ့ အောက်တိုဘာ ၂၀ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့အနှံ့ စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်…

ရန်ကုန်မြို့ရဲ အချက်အချာကျတဲ့ နေရာတေီမှာ Youth of Anarchy အဖွဲ့က ပစ်တိုင်းထောင်ရဲ့ " လဲကျလဲ ပြန်ထ " အဓိပ္ပာယ်နဲ့ အာဏာရှင်စနစ်အမြစ်ပျက်သုဉ်းရေးအတွက် နည်းမျိုးစုံ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်ရဲဖက်မယတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပစ်တိုင်းထောင်သပိတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖျာပုံ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲမှာ ဖြူဖြူထွေး ပါလို့ဆိုပြီး ကြိုတင်လက်မှတ်တွေကို စုတ်ဖြဲနေကြ

ဧရာဝတီတိုင်း ဖျာပုံမြို့မှာ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ ကြိုတင်ရောင်းချထားခဲ့ပြီး အခုအခါ ဖျော်ဖြေပွဲမှာ ဖြူဖြူထွေး ပါလို့ဆိုပြီး ပွဲလက်မှတ်တွေကို ဆုတ်ဖြဲလွှင့်ပစ်တာတွေ၊ ဝယ်ပြီးသားကို ပြန်လည်ရောင်းချတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 
Read More

ရိက္ခာလာပို့တဲ့စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် စစ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာဘက်မှ လက်ယက်စခန်းကို ရိက္ခာပို့ဖို့ထွက်လာတဲ့ အင်အား (၃၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက အသိပေးထုတ်ပြန်ပါတယ်။
Read More

CDF – KKG တပ်ရင်း (၂) ရဲ့ အပတ်စဉ် ( ၅ ) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ 

Chinland Defense Force, Kalay - Kabaw - Gangaw (CDF - KKG) တပ်ရင်း (၂) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် မနေ့က နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။