စစ်ကိုင်းတိုင်း ဆားတောင်မြို့မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပျောက်ကြားတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ရက် ညနေပိုင်းက ဆားတောင်မြို့ကနေ ကူကြီးကုန်းကျေးရွာရှိ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးအင်အား ၁၅၀ နီးပါးထဲက စစ်သားတချို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ပြောက်ကျားတိုက်ခိုက်ဖို့လုပ်ရင်း ထိပ်တိုက်ထိတွေ့မှုဖြစ်တာဗျ။ MA 1 သေနတ်၂လက်ရတယ်” လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အဲဒီနေ့ ညနေပိုင်းမှာ မုံရွာ နမခတက် ဂျိုင်ဒိုကောပတာ ၂စီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေလည်း လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

Video – ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲမှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီး (ရုပ်/သံ)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ရှိ ‌ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းကနေ ညနေပိုင်းထိ  လေကြောင်းကနေ ဗုံး ၄ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့ရတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဗန်းမော်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့မကျစေရေး လေကြောင်းကနေ အသည်းအသန်ခုခံနေ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့အနီးမှာ ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်းက စတင်ပြီး KIA နဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ပြီး မြို့မကျစေရေး ခုခံနေတယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချ၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား  တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆားတောင်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ အကြမ်းဖက် စစ်သားနဲ့ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်တပ်ဘက်မှ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Falcon Guerrilla Force တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ် လိုင်ဇာမှာ ရေကြီးရေလျှံမှုကြောင့် နေအိမ်နှင့် မော်တော်ယာဉ်များ မျောပါ (ရုပ်/သံ)

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေကြီးလာပြီး ရေကြီးရေလျှံလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သပိတ်ကျင်း ရေထွက်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁၃ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို ယနေ့ ဧပြီ ၁၉ ရက် နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၁၃ ယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။