စစ်ကော်မရှင် မတရားဖမ်းဆီးထောင်ချထားတဲ့ ဆရာတော်အရှင်ပညာဇေတ (ဦးဇင်နတ်ဇော) ဟာ အောက်တိုဘာ ၃၁ ရက်မှာ Buffalo မြို့ မေတ္တာပါရမီကျောင်းသို့ ရောက်ရှိလာတော့မှာဖြစ်ကြောင်း ကဗျာဆရာအောင်ဝေးက လူမှုကွန်ရက်မှ အသိပေးထားပါတယ်။

”နိုင်ငံရေးအကျဥ်းသားဟောင်း ဆရာတော် ဦးဇင်းနတ်ဇောလွတ်ပြီ။ စစ်ကောင်စီ/စစ်ကော်မရှင်က မတရားဖမ်းဆီးထောင်ချထားသော ဆရာတော် အရှင်ပညာဇောတ (ဦးဇင်းနတ်ဇော) မနက်ဖြန် (၁၀၊ ၃၁၊ ၂၀၂၅) နယူးယောက်အချိန် ည ၈း၃၀ တွင် Buffalo မြို့၊ မေတ္တာပါရမီ ကျောင်းသို့ ပြန်ရောက်လာတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးပါသည်”လို့ မနေ့က ရေးသားကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရောက်ရှိနေတဲ့ ဆရာတော်ရဲ့ ရုပ်သံဖိုင်နဲ့တကွ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

ရွှေဝါရောင်ဆရာတော် နတ်ဇောလို့လူသိများတဲ့ ဆရာတော်အရှင်ပညာဇေတဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်က စစ်ကော်မရှင်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး စစ်တပ်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ လဝကအက်ဥပဒေ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က)တို့နဲ့ အမှုဖွင့်အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။

Video – Aung Way

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ် မောတောင်တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းထိုးကာ အပြင်းအထန်တိုက်ခိုက်လာတဲ့အတွက် ဒေသခံပြည်သူတွေ ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဝမ်းတွင်းမြို့နယ် ရဲစခန်းနဲ့ ထွေအုပ်ရုံးကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ရဲစခန်းနဲ့ ထွေအုပ်ရုံးကို အောက်တိုဘာ ၁၃ ရက် မနေ့ညနေပိုင်းက လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်ကိုင်းတပ်မ ၃၃ ကို တပ်သားသစ်တွေ ပို့ဆောင်ပြီး ပြန်လာတဲ့ စစ်ယာဉ်တန်းကို ဒီဇင်ဘာ ၃၁ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Tiger Brothers People's Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

မင်းဘူးခရိုင်အမှတ်-၂တပ်ရင်းမှာ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

အမှတ်-၁ စစ်ဒေသ မင်းဘူးခရိုင်အမှတ်-၂တပ်ရင်းမှာ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ မံစီမြို့ရှိ ခမရ ၆၀၁ တပ်ရင်းမှူးအိမ်ရှေ့မှာ တော်လှန်ရေးရဲဘော်တွေ အောင်ပွဲခံကခုန် (ရုပ်/သံ)

ကချင်ပြည်နယ် မံစီမြို့ရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ ခမရ ၆၀၁ တပ်ရင်းမှူးအိမ်ရှေ့ မှာ တော်လှန်ရေးရဲဘော်တွေ အောင်ပွဲခံကခုန်နေကြတဲ့ ဗီဒီယီုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါ တယ်။
Read More

မေမေ့အတွက် အဝေးရောက် ခရစ္စမတ်ဆုတောင်း (ရုပ်/သံ)

''အခုချိန်မှာ မေမေ့ဆီ လာလည်လို့မရသလို မေမေ့ကို ဆက်သွယ်လို့ မရတာတွေက သားအတွက်တော့ နည်းနည်းခက်ခဲပါတယ်။ မေ့မေရဲ့ ခရစ်စမတ်အချိန်အခါလေးကလည်း တည်ငြိမ်အေးချမ်းမှုတွေနဲ့ ပြည့်နှက်နေမယ်လို့ သားမျှော်လင့်ပါတယ်''