မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ကြောင်းလန်ပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ညောင်ဦးမြို့နယ် ပကဖတာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက ငါ့သရောက်မြို့နယ် ရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်အင်အား ၁၀၀ ကျော်နဲ့ တော်လှန်ရေးတပ်တွေ ကန်နပေါက် ရေကန်အနီးမှာ ထိတွေ့တိုက်ပွဲ နာရီဝက်ကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို ညောင်ဦး ပကဖ (ပုဂံပြည်ဘီလူးတပ်) က တပ်ခွဲမှူး ရဲဘော် မင်းခန့် နဲ့ ညောင်ဦးခရိုင် အထူးတိုက်ခိုက်ရေး အဖွဲ့ခေါင်းဆောင် ရဲဘော် ရန်ရန်တို့ ဦးဆောင်တဲ့ တော်လှန်းပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေဘက်က RPG ၂ လုံးနဲ့ အီနာဂါဗုံးသီးတွေအပြင် ငါးကြင်းမြှီးနဲ့ လက်နက်ငယ်တွေပါ အသုံးပြု တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်ကြောင်း ဖရိုဖရဲဖြစ်ပြီး စစ်ဦးလန်သွားခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ သူတို့ရဲ့ မူလဦးတည်ချက်ဖြစ်တဲ့ အိုရင်းကျေးရွာကို မဝင်ရောက်နိုင်တာကြောင့် ရွာထဲကို တိုက်ခိုက်ရေးဒရုန်းတွေ အသုံးပြုပြီး မီးလောင်ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၁၅လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၈ ယောက်ကိုလည်း ကားတွေနဲ့ ပြန်လည်တင်ဆောင်သွားကာ ညောင်ဦးဆေးရုံကြီးမှာ အရေးပေါ်ကုသပေးနေရတယ်လို့ ကိုဇီးက ပြောပါတယ်။

“အခုလက်ရှိ ငါ့သရောက်စခန်းထဲ အချို့စခတွေ ပြန်ဝင်သွားပါပြီ။ သေတဲ့ကောင်တွေနဲ့ ထိတဲ့ကောင်တွေကို ကားတွေနဲ့ လာသယ်တယ်။ ပြီးတော့ ထိထားတဲ့ကောင်တွေကို ညောင်ဦးဆေးရုံမှာ ကုနေပါတယ်။ လက်ရှိတချို့ရွာတွေ လူပြန်ဝင်နေပေမယ့် လုံခြုံရေးစိုးရိမ်ရသေးလို့ မပြောနိုင်သေးဘူး။” လို့ ညောင်ဦးမြို့နယ် ပကဖတာဝန်ခံ ကိုဇီးက မောင်းကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ငါ့သရောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ Popa Production Guerrilla Force(PPGF)၊ Garuda Secret Force (ပုဂံ-ဂဠုန်တပ်)၊ ညောင်ဦးခရိုင် အမှတ် (၁) တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် (၅) တပ်ရင်းနဲ့ ညောင်ဦးခရိုင် ပကဖ တို့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ကို စစ်တပ် ထပ်မံလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂၃ လုံး ပျက်စီး 

တအာင်းတပ်မတော် - PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ် ၂၃ လုံး ပျက်စီးပြီး ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ယောဒေသမှာ တိုက်ပွဲဝင်နေသည့် ရှေ့တန်းရောက် ယောကာကွယ်ရေးတပ် (YDF) ရဲဘော်များ (ဓာတ်ပုံသတင်း)

ယောဒေသ ရှေ့တန်းတစ်နေရာမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ယောကာကွယ်ရေးတပ် - YDF က ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို YDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဆင်ကော်နယ်မြေရဲစခန်းနှင့် စ​​စ်ကူများကိုတိုက်ခိုက်မှုအတွင်း ကား ၁ စီးနှင့် ဒရုန်းများ မီးရှို့ဖျက်ဆီးနိုင်ခဲ့ဟု သရက် PDF ပြော

မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းက ဆင်ကော်နယ်မြေရဲစခန်းနဲ့ စစ်ကူစစ်ကြောင်းတွေကို (၂) ပတ်ကြာ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်သေဆုံးမှုတွေအပြင် စစ်ကား (၁) စီးနဲ့ သေခံဒရုန်းတွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

နတ်ရေကန် ဗျူဟာကုန်း ကာကင်းစခန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပန အမိန့်ပြန်တမ်း CDF-Asho ထုတ်ပြန်

မကွေးတိုင်း၊ ငဖဲမြို့နယ်အနောက်ခြမ်းက နတ်ရေကန် ကာကင်းစခန်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ကြောင်း Chin Defense Force (Asho) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးရန်ပုံငွေ မည်မျှပင် ခက်ခဲပါစေ မူးယစ်ဆေးဝါးဖြင့် အလုပ်မလုပ်ဟု NUG ဆို

တော်လှန်ရေးရန်ပုံငွေ ဘယ်လောက်ပဲခက်ခဲပါစေ မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်ပါတယ်။
Read More

ရခိုင်ဒေသက စစ်ဘေးရှောင် ၁၆ ယောက်ကို ငါးသိုင်းချောင်းမှာ အကြမ်းဖက်စစ်တပ် ဖမ်းဆီးသွား

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်မှာ ရခိုင်ဒေသက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာသူ ၁၆ ယောက်ကို နိုဝင်ဘာလ ၂၈ရက်နေ့မှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။