စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဆက်သွယ်ရေး ၆ တပ်ကနေ ရခိုင် စစ်မျက်နှာကို ပို့ဆောင်ခံရတဲ့ စစ်ကော်မရှင် တပ်ကြပ် ၁ ယောက် ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့က ထွက်ပြေးအလင်းဝင်ရောက်လာတဲ့ တပ်ကြပ်ဟာ ရခိုင်ပြည်နယ်ဘက် တာဝန်ကျဖို့ သွားရောက်ချိန် ကိုယ်လွတ်ရုန်း ထွက်ပြေးလာခဲ့တာဖြစ်ပြီး မုံရွာမြို့နယ်ပကဖ အမှတ် (၂) တိုက်နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ -တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့ထံ ချိတ်ဆက်အလင်းဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူဟာ စစ်မှုထမ်း သက်တမ်း အနှစ် ၂၀ ကျော်ရှိ တပ်ကြပ် ၁ယောက်ဖြစ်တာကြောင့် စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့ခြင်းရှိမရှိအပေါ် စစ်ဆေးနေကြောင်းနဲ့ အပြစ်မရှိရင် ကာယကံရှင်ရဲ့ သဘောထားဆန္ဒအတိုင်း လုပ်ပေးသွားမှာဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ရခိုင်အစပ်ကနေ ထွက်ပြေးလာပြီး မုံရွာနယ်ထဲ အရောက်မှာ ကြားခံ‌မြေပြင်ချိတ်ဆက်ပေးမှုနဲ့ အလင်းဝင်လာတာပါ။ လက်ရှိအချိန်မှာတော့ အလင်းဝင်တာကို လက်ခံပေးပြီး စစ်ရာဇဝတ်မှု ကျူးလွန်မှုရှိမရှိ စစ်ဆေးနေပါတယ်။ တစုံတရာအပြစ်မရှိဘူးဆိုရင်တော့ လုံခြုံရေးဆိုင်ရာ အစီအမံတွေနဲ့ သူဖြစ်ချင်တဲ့အတိုင်း လုပ်ပေးသွားမှာပါ” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အလင်းဝင်ထွက်ပြေးလာသည့် စစ်ကော်မရှင် တပ်ကြပ်အား တွေ့ရစဥ်

၂၀၂၅ ခုနှစ်အတွင်း မုံရွာမြို့နယ်ပကဖထံ သန္ဓေတပ်သား၊ တပ်ကြပ်နဲ့ ပစအပါအဝင် စစ်ကော်မရှင်တပ်သား အယောက် ၂၀ ကျော် ထွက်ပြေးအလင်းဝင်ရောက်ခဲ့ရာမှာ တပ်ဖွဲ့အနေနဲ့ အလင်းဝင်လာသူတွေကို ရိုက်နှက်နှိပ်စက်တာ၊ အကြမ်းဖက်တာမျိုးတွေမရှိကြောင်း၊ အများစုဟာ အကြမ်းဖက်စစ်ကော်မရှင်ကို ပြန်ပြီးတိုက်ခိုက်နေကြောင်း သိရပါတယ်။

“သူပြောပုံအရဆို တပ်ထဲမှာ ပြေးတော့ ပြေးချင်နေကြတာဗျ။ ဒါပေမယ့် သန္ဓေတွေအနေနဲ့ကျ မိသားစုက အထဲမှာရှိတော့ ပြေးဖို့မလွယ်ကြဘူး။ ဒီနှစ်ထဲဆို အယောက် ၂၀ ကျော် ရှိပြီဗျ။ တချို့က ကျနော်တို့ ဆီမှာပဲ ပြန်တိုက်နေကြတယ်။ တချို့ကတော့ သာမန် အရပ်သားအနေနဲ့ နေကြတယ်။ တချို့ကတော့ သူတို့ဒေသက ကာကွယ်ရေးအဖွဲ့တွေနဲ့ ပြန်ပူးပေါင်းပြီး စခကို တိုက်ကြတယ်” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ရက်နေ့ကလည်း မုံရွာမြို့နယ်၊ ကျောက္ကာ-ရွှေဂူနီ ဘုရားဝန်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်အထိုင်စခန်းကနေ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ ပစ (စစ်မှုထမ်း) တပ်သား ၂ယောက် Titans Force Monywa- အမှတ် (၂) တိုက်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ကို ချိတ်ဆက်ပြီး သေနတ်တွေယူဆောင် အလင်းဝင်ရောက်လာခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှတွင် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)‌‌‌‌‌‌ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တောင်ပိုင်းစစ်ဒေသ တရားဝင်ထုတ်ပြန်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)‌‌‌‌‌‌ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းတွင် ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း သေပြီး ခဲယမ်းများရရှိ

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာပို့ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကားတွေကို စောင့်ကြိုတိုက်ခိုက်ရင်း လုံခြုံရေးယူစစ်ကောင်စီတပ်သားတွေနဲ့ပါ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သပိတ်ကျင်းမြို့မှာ မြို့နေပြည်သူဆီကို မြို့နယ် ပကဖ က စစ်သတင်းလွှာ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့က ဒေသခံပြည်သူလူထုဆီကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အပတ်စဥ်ထုတ်ဝေနေတဲ့ စစ်သတင်းလွှာတွေကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးအဖွဲ့၊ သတင်းတာဝန်ခံရုံးအဖွဲ့ နဲ့ သပိတ်ကျင်းတိုက်နယ် ပကဖ ရုံးအဖွဲ့တို့ ပူးပေါင်း ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

စဥ့်ကူးမှာ လူစည်ကားရာ စျေးကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၆)ဦးအပါ ပြည်သူ (၂၇)ဦး သေဆုံး၊ အယောက် ၃၀ ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာက စျေးတန်းကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၆) ယောက် အပါအဝင် ပြည်သူ (၂၇) ယောက် သေဆုံးခဲ့တယ်လို့ MDY-PDF က ဒီနေ့မှာ ထပ်မံ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ(၇)ရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက် လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က လက်နက်ကြီး(၁၄၄)လုံး နှင့် ဒရုန်းဖြင့် ဗုံး (၃၁)လုံး ကြဲချတိုက်ခိုက်ခဲ့…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊ အုမ္မသီးကျေးရွာနဲ့ ဆမ္မဆယ်ကျေးရွာတို့မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၄၄) လုံးနဲ့ ဒရုန်းဖြင့် ဗုံး (၃၁)လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် - TNLA ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ခလရလောင်းလုံး နတ်အိမ်တောင်နှင့် အမြှောက်ကုန်းလှုပ်ရှားတပ်ခွဲ၏ တပ်ခွဲမှူး အလင်းဝင်ရောက်

တနင်္သာရီတိုင်းရှိ စစ်ကောင်စီရဲ့ ခလရလောင်းလုံး နတ်အိမ်တောင်နဲ့ အမြှောက်ကုန်းလှုပ်ရှားတပ်ခွဲ တပ်ခွဲမှူးတစ်ယောက်  အလင်းဝင်ရောက်ခဲ့တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး မြိတ် − ထားဝယ်ခရိုင် ကော်သူးလေက ထုတ်ပြန်ထားပါတယ်။