အကြမ်းဖက်စစ်တပ်အနေနဲ့ ရခိုင်ဒေသ တစ်ခုလုံးကို လက်လွှတ်ဆုံးရှုံးရဖို့ လက်တစ်ကမ်းအလို ရောက်ရှိနေပြီဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့ထဲက စစ်ကော်မရှင်တပ်နဲ့ အပစ်အခတ် မရပ်စဲဘဲ ကျန်နေခဲ့တဲ့ တစ်ဖွဲ့တည်းသော အာရက္ခတပ်တော် (AA) ဟာ မျှော်မှန်းထားတဲ့ စစ်ရေး နိုင်ငံရေး ရည်မှန်းချက်တွေ အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့အတွက် ရခိုင်လူထုနဲ့ လက်တွဲပြီး အစွမ်းကုန် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသအပြင် ရခိုင်ရိုးမနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ AA စစ်ရေးလှုပ်ရှားတဲ့ နေရာတချို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ ဆိုထားပါတယ်။

စစ်ရေးနိုင်ငံရေး အဘက်ဘက်က ရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ ခုနှစ်အတွင်း ညီနောင်မဟာမိတ် ၃ဖွဲ့ထဲက ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA တို့နဲ့ ရှမ်းမြောက်ဒေသ အပစ်အခတ်ရပ်စဲရေးကို မရှေးမနှောင်း ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်ဆင်ရေးနယ်မြေ ကျုံ့သွားတဲ့ စစ်တပ်က နိုင်ငံအနှံ့ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ဆက်တိုက် ကျူးလွန်နေသလို မနေ့ကစပြီး AA တပ်ဖွဲ့ဝင်တွေရှိရာနဲ့ ရခိုင်ပြည်သူတွေရှိရာကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မနေ့က အောက်တိုဘာ ၃၀ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်တွေမြို့၊ ရသေ့တောင်မြို့၊ ပုဏ္ဏားကျွန်းမြို့၊ ပေါက်တောမြို့နဲ့ ကျောက်ဖြူမြို့၊ ဇင်ချောင်းတိုက်နယ်ရှိ ကုန်ဘွေကျေးရွာက အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ သူရဲဘောကြောင်စွာ လုပ်ဆောင်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၈ ယောက် သေကာ ၂၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကော်မရှင်တပ်က ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ယောက် သေဆုံးပြီး ၁၀ ယောက် ပြင်းထန်ဒဏ်ရာရကာ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ရှုံး စစ်ကော်မရှင်တပ်အနေနဲ့ နိုင်ငံအနှံ့မှာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းနဲ့ လက်နက်အားကိုးကာ သူရဲဘောကြောင်စွာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေသလို ရခိုင်ဒေသက ပြည်သူတွေအပေါ်မှာလည်း ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တာကြောင့် အရင်ရက်တွေထက် ပိုမိုသတိထားကြဖို့၊ စစ်ရေးသတိ နေ့ညမ‌ရွေး အပြည့်အဝ ရှိနေပေးဖို့ ရခိုင်ပြည်သူတွေကို AA က တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

Yaw Revolution Army – ထီးလင်း တပ်ဖွဲ့က ရှေ့တန်းရောက်ရဲဘော်အချို့ရဲ့ မိသားစုဝင်တွေကို ဆီနဲ့ ဆန်တွေ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ ၁၆ နဲ့ ၁၇ တို့ ပူးပေါင်းထားတဲ့ Yaw Revolution Army - YRA ထီးလင်း တပ်ဖွဲ့က ရှေ့တန်းရောက်ရဲဘော်တချို့ရဲ့ မိသားစုဝင်တွေကို ဆီနဲ့ ဆန်တွေ ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူတွင် စစ်မှုထမ်းဆင်းများ ပါဝင်သည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်တပ်က ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ပြည်သူတွေကို ဖမ်းဆီးပြီး ကျေးရွာတွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူ ၁၅ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင် တပ်ရင်း ၄ က ထုတ်ပြန်ထားပါတယ်။
Read More

မုဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမတ ၃၁၈ ကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရဟု ဆို

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ - ၃၁၈ ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP (AD) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မြောင်မြို့နယ်တော်လှန်ရေးတပ်ရဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ကိုင်းခရိုင်အမှတ် ၅ တပ်ရင်း - မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA) က တပ်ဖွဲ့ဝင်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို ထုတ်ပြန်လာ

မြန်မာနိုင်ငံမှာ လက်နက််ကိုင်တော်လှန်ရေးနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတို့မှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပြီး စစ်အုပ်စုကို အထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တင်းတင်းပြည့်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် မနေ့က ညပိုင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People’s Liberation Army - PLA က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောရေးမှ ပေးသည့် ဒဏ်ရာများကို ခံစားရင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဝတ်ရည်အောင် အင်းစိန်ထောင်တွင်း ကျဆုံး

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီးအကျဥ်းချထားတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ အင်းစိန်ထောင်အတွင်း ကျဆုံးသွားခဲ့ပါပြီ။