တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့အောက်တိုဘာ ၃၁ ရက်မှာ ဒူရကစစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းက မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၁၂ ယောက် သေဆုံးပြီး စခန်းတစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်ကော်မရှင်တပ်သားတွေထံကနေ Uzi သေနတ် ၆ လက်၊ G3 ၇ လက်၊ Shot Gun/Smoke gun ၂ လက်၊ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်၊ ခြောက်လုံးပြူး ၄ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၂၁ လက်၊ Jammer စက် ၂ လုံးနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ (၃၃)၊ ဒေါနတပ်ရင်း တပ်ခွဲ-၄ (KBDF) ၊ ဒေါနတပ်ရင်းတပ်ခွဲ-၇ (LPF) နဲ့အတူ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ D.N.L.A ဒူရကစစ်ကြောင်း၊ ရာမညမွန်တပ်တော်၊ ဖက်ဒရယ်ဓူဝံကြယ် တပ်တွေ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော် ၁ ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Video – ဒူရက စစ်ကြောင်း

0 Shares:
You May Also Like
Read More

သရက်ချောင်းမြို့နယ် လဘရွာအတွင်း နေအိမ်များ မီးရှို့နေသည့် အကြမ်းဖက်စစ်သားများကို တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ လဘရွာမှာ နေအိမ်တွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ်က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဟိတ် !! ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး၊ ရွေးကောက်ပွဲအတုလုပ်လည်း တော်လှန်ရေးက ဆက်ချမယ်

ဟိတ် !! ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး၊ ရွေးကောက်ပွဲအတုလုပ်လည်း တော်လှန်ရေးက ဆက်ချမယ်
Read More

မင်းအောင်လှိုင်က နိုင်ငံ့ဝန်ထမ်းဖြစ်တာကြောင့် သမ္မတလုပ်ချင်ပါတယ် ပြောလို့မရဟု ပြုံးဖြီးဖြီးဖြင့်ပြောကြား၊ သမ္မတ မလုပ်ချင်ဘူးဟုလည်း မငြင်း

အရပ်သားအစိုးရဆီက အာဏာလုယူထားပြီး အတုအယောင် ရွေးကောက်ပွဲအပါအဝင် လက်ရှိ တိုင်းပြည်ရဲ့ ကိစ္စရပ်တိုင်းကို စိတ်တိုင်းကျ ခြယ်လှယ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အနေနဲ့ နိုင်ငံဝန်ထမ်းဖြစ်တာကြောင့် သမ္မတ လုပ်ချင်ပါတယ်လို့ ပြောလို့မရကြောင်း ပြောဆိုပါတယ်။
Read More

စစ်ကောင်စီ၏ ယာယီအရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ တန့်ယန်းမြို့မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်မှုအချို့ရှိ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့မှာ ဒီနေ့ ဧပြီ ၃၀ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရွှေဘိုတွင် စပါးရိတ်စက်များ လုယက်လာသည့် စစ်အုပ်စုကို တိုက်ခိုက်မှု ပျူ ၄ ဦးသေဆုံးပြီး စက်များကို ပြည်သူထံ ပြန်လည်အပ်နှံ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းမှာ ပြည်သူတွေဆီက စပါးရိတ်စက်တွေ လုယက်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ယောက် သေဆုံးပြီး စက်တွေကို ပြည်သူထံ ပြန်လည်အပ်နှံခဲ့တယ်လို့ ပကဖ၊ ရွှေဘိုမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့ ခလရ ၂၇၄ ဗဟိုကင်းမှာ ချိတ်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဓာတ်ပုံကို ဖြုတ်ချပြီး ခြေထောက်နဲ့ ချနင်း (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ခလရ ၂၇၄ ဗဟိုကင်းမှာ ချိတ်ထားတဲ့ မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို တော်လှန်ရေးရဲဘော်က ဖြုတ်ချပြီး ခြေ ထောက်နဲ့ နင်းနေတဲ့ ရုပ်သံဖိုင်တစ်ခု ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။