တော်လှန်စစ် ဆင်နွှဲချင်တဲ့ မိတ်ဆွေရဲဘော်တွေကို တစ်ဦးတစ်ယောက်ချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ထုတ်ပြန်ပါတယ်။

လက်ရှိအခြေအနေမှာ တော်လှန်ရေးအတွက် အထူးအရေးပါတဲ့ မဟာဗျူဟာမြောက် နယ်မြေတွေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ အရေးကြီးနေပြီး မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသမှာရှိတဲ့ စစ်အုပ်စုရဲ့ အသည်းနှလုံး အချက်အချာကျတဲ့ နေရာတွေကို ဆက်လက်ခြိမ်းခြောက်ဖို့ လုပ်စရာတွေ အများကြီးရှိနေတယ်လို့ ဆိုပါတယ်။

ဒီအတွက် MDY PDF အနေနဲ့ အခုထက် သာလွန်တဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ အင်အားသစ် ရဲဘော်သစ်တွေ အများကြီး လိုအပ်နေတာကြောင့် တပ်ဖွဲ့ဝင်အသစ်တွေအနေနဲ့ လာရောက်ပူးပေါင်းဖို့သာ လိုအပ်ပြီး အမှန်တကယ် တိုက်ခိုက်နိုင်ဖို့နဲ့ လိုအပ်တာတွေ တပ်ဆင်ပံ့ပိုးနိုင်ဖို့ အပြည့်အဝ တာဝန်ယူတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာ စစ်ရေးအရ PDF တွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို အကြမ်းဖက်စစ်အုပ်စုက မြေပြင်ဝေဟင် သာလွန်အင်အား များစွာနဲ့ ထိုးစစ်ဆင်နေပြီး ဒါတွေကို အကောင်းဆုံး အနေအထားနဲ့ အတတ်နိုင်ဆုံး ကြံ့ကြံ့ခံ ရင်ဆိုင်နေတယ်လို့ ဆိုပါတယ်။

အခုချိန်ဟာ နွေဦးတော်လှန်ရေးရဲ့ အခက်ခဲဆုံးသော အခိုက်အတန့် ကာလတစ်ခုကို ရင်ဆိုင်နေရတယ်ဆိုပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ စည်းလုံးညီညွတ်မှု၊ သန်မာကြံ့ခိုင်မှု၊ ဇွဲနဘဲကြီးမားမှုတွေနဲ့အတူ ရင်ဆိုင်ကျော်လွှားနိုင်မယ်ဆိုတာ အပြည့်အဝ ယုံကြည်ထားတယ်လို့ MDY PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာပြည်သူတွေ ဒုက္ခဆင်းရဲများ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလလူ့အခွင့်အရေးအရာရှိပြော

မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေးအကျပ်အတည်းထဲမှာ နစ်မွန်းနေရပြီး ပြည်သူတွေဟာလည်း ဒုက္ခဆင်းရဲတွေ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပြောပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ (၁) နှင့် ခရမ်း PDF မှ ကျဆုံးရဲဘော်များကို ရည်စူးပြီး ကုသိုလ်ပြု (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) နဲ့ PDF-Khayan က နွေဦးတော်လှန်ရေးမှာ အသက်ပေးလှူခဲ့သူတွေနဲ့ တပ်ဖွဲ့မှာ ကျဆုံးခဲ့သူတွေအတွက် ရည်စူးပြီး လွတ်မြောက်နယ်မြေတစ်နေရာမှာ သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းကပ်လှူကာ ကုသိုလ်ပြုအမျှဝေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ (၁) က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ပြည်သူလူထု လေကြောင်းရန်ကာကွယ်ရေးအတွက် MDY-PDF အရေးပေါ် ဗုံးခိုကျင်းများ ဆောက်လုပ်ပေးနေ

မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ကျောက်ကြီး-မူး ကားလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်း၊ ဒုတပ်ရင်းမှူးအပါ ၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရကာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး-မူးကားလမ်းပိုင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်က ဒုတပ်ရင်းမှူး အပါအဝင် (၆) ယောက် သေဆုံးပြီး (၁၆) ယောက် ခန့် ဒဏ်ရာရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ညပိုင်းမှာ တရားဝင်ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ(၇)ရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက် လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က လက်နက်ကြီး(၁၄၄)လုံး နှင့် ဒရုန်းဖြင့် ဗုံး (၃၁)လုံး ကြဲချတိုက်ခိုက်ခဲ့…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊ အုမ္မသီးကျေးရွာနဲ့ ဆမ္မဆယ်ကျေးရွာတို့မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၄၄) လုံးနဲ့ ဒရုန်းဖြင့် ဗုံး (၃၁)လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် - TNLA ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာက နေအိမ် အလုံး (၂၀) ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ်အလုံး (၂၀)ခန့်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ဖော်ပြထားပါတယ်။