ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ် (၇) ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာလ ၃၀ရက်၊ ဒီနေ့မနက်ပိုင်းက ရွှေပြည်သာမြို့နယ် အမှတ်(၇) ရပ်ကွက်ရုံးကို မြို့ပြပြောက်ကျားအဖွဲ့ ၂ဖွဲ့က လက်ပစ်ဗုံး ၂လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ရပ်ကွက်ရုံးထဲမှာရှိနေတဲ့ အကြမ်းဖက်စစ်တပ်လက်ပါးစေတွေ ထိခိုက်မှုရှိနိုင်တယ်လို့ လုပ်ဆောင်ခဲ့တဲ့ Yangon Army (YA) တာဝန်ရှိသူက ပြောပါတယ်။

“ရုံးထဲရှိနေတဲ့ ၄၊ ၅ကောင်လောက်တော့ ထိတယ်။ ဘာလို့ဆို သူတို့တွေ မဲဆွယ်စည်းရုံးရေးလုပ်ရင်း လုံခြုံရေးယူဖို့ လူစုနေတဲ့အချိန်ကွက်တိ ဗျင်းခဲ့တာမလို့ပါ။ လူနာတင်ကားတွေ အလုပ်ရူပ်နေကြပြီ။” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Yangon Army (YA) နဲ့ Mother Son Yangon Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ရွှေပြည်သာမြို့နယ် ရပ်ကွက်ရုံးတစ်ခု

လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ လုပ်ဆောင်ဖို့ နီးကပ်နေချိန်ဖြစ်တာနဲ့အညီ စစ်အုပ်စုလက်ပါးစေတွေက ရွေးကောက်ပွဲအတွက် ပြင်ဆင်လုံးပန်းနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အရပ်သားတွေအနေနဲ့ စစ်အုပ်စုလက်ပါးစေတွေဖြစ်တဲ့ ရဲ၊ စစ်သား၊ ပျူစောထီးတွေအပါအဝင် အတုယောင်ရွေးကောက်ပွဲ လုပ်ဆောင်ကြမယ့် နေရာတွေကို အတက်နိုင်ဆုံး ရှောင်ရှားသွားလာကြဖို့ကိုလည်း Yangon Army က တိုက်တွန်းထားပါတယ်။

“ပြည်သူတွေကို ရွေးကောက်ပွဲမဲဆွယ်မယ့် နေရာတွေကို အတတ်နိုင်ဆုံး မသွားကြဖို့ မှာချင်ပါတယ်…ထိခိုက်မှု တစုံတရာ ကြုံခဲ့ရင် ကျနော်တို့ စိတ်မကောင်းဖြစ်ရုံမှတပါး မရှိပါ။ ကြိုတင်အသိပေးခြင်းတွေလည်း တောက်လျှောက်လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်…ဘယ်သူ့ကြောင့်မှ ကျနော်တို့မစ်ရှင်ရပ်တန့်တာမျိုး မလုပ်တော့ပါ”လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ် အတွင်း အမျိုးသမီး ၈၀၀ နီးပါး သေဆုံး

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း နဲ့ မြေပြင် တိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း အမျိုးသမီး ၇၉၂ ယောက် သေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဇန်နဝါရီ ၁၅ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူ ၁၀၀ ဦး သေဆုံးခဲ့

နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် ၁၀၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်တွင် ခရစ်ယာန်ဘုရားကျောင်းကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ ပဝထိန်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ရှောင်ပြည်သူတွေနဲ့ CDM တွေအတွက် ပေးဝေ

တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း လွတ်မြောက်နေရာဒေသတွေမှာ ဥယျာဉ်ခြံစိုက်ပျိုးကာ ထွက်ရှိလာတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ဏာရှင်လက်အောက်ကနေ စွန့်ခွါလာတဲ့ CDM တွေနဲ့ စစ်ရှောင်ပြည်သူတချို့အတွက်ပေးဝေခဲ့တယ်လို့ Dictatorship Revolution and People’s Defence Network (DRPDN) တာဝန်ရှိသူတွေထံက သိရပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပေါ် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ယာဉ်ကျောပိတ်နေ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်မှာ တော်လှန်ရေးတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကားတွေ ရပ်ထားရပြီး ယာဉ်ကျောပိတ်ဆို့မှု ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

ဝေါ်လေဒေသ စစ်ကောင်စီတပ် ဥကရစ်ထစခန်း၏ ကာကင်းစခန်း (ရွှေအေးမြိုင်တပ်စခန်း) ကို KNU တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ် ၊ မြဝတီ - ဝေါ်လေ ကားလမ်းပေါ်ရှိ ဝါးမီထခေါ် ရွှေအေးမြိုင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။