တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ မောင်းမကန် နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အထူးတိုင်းစစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၂၆ ရက် မနက် ၅နာရီခွဲလောက်မှာ မောင်းမကန် နယ်မြေရဲစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၉နာရီခွဲလောက်မှာ အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၁၂ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရခဲ့သလို ကျန်တဲ့ စစ်ကော်မရှင်တပ်သားတွေက စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ မောင်းမကန် နယ်မြေရဲစခန်းတိုက်ပွဲကနေ Uzi အမျိုးအစား သေနတ် (၆) လက်၊ G3 အမျိုးအစား သေနတ် (၇) လက်၊ Shot Gun/Smoke gun (၂) လက်၊ ကွန်မန်ဒိုစိန်ပြောင်း (၂) လက်၊ ခြောက်လုံးပြူး (၄) လက်၊ စုစုပေါင်း လက်နက်မျိုးစုံ (၂၁) လက်၊ jampar စက် (၂) လုံးနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

မောင်းမကန်နယ်မြေ ရဲစခန်း သိမ်းတဲ့ တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ (၃၃)၊ ဒေါနတပ်ရင်း တပ်ခွဲ-၄ (KBDF) ၊ ဒေါနတပ်ရင်းတပ်ခွဲ-၇ (LPF) နဲ့အတူ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်ကြတဲ့ ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ D.N.L.A ဒူကရစစ်ကြောင်း၊ ရာမညမွန်တပ်တော်၊ ဖက်ဒရယ်ဓူဝံကြယ်တပ်တွေ ပူးပေါင်းဖော်ဆောင်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တစ်ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ် (၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ်(၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု သင်တန်းဆင်းပွဲအခမ်းအနားပုံရိပ်တွေကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

CDM များကို အလုပ်မခန့်ရန် လှုံ့ဆော်ခဲ့သည့် ဒေါက်တာနန္ဒဝင်းအား သခင်အားရ ကျွန်ပါးဝအဖြစ် သတ်မှတ်ကာ ပြည်သူ့ဂုဏ်ရည်ဆုရှင်စာရင်းမှ ဖယ်ရှား

ရန်ကုန်တိုင်း၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဆုရှင်အဖြစ်ကနေ ဖယ်ရှားလိုက်ကြောင်းကို ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

နိုင်ကျဉ်းဟောင်း LGBT စာရေးဆရာမ စောဟန်နွေဦး ကွယ်လွန်

နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ LGBT စာရေးဆရာမ  စောဟန်နွေဦးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တော်ဆေးခန်းမှာ ဆေးကုသမှုခံယူရင်း ဒီနေ့မနက်မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
Read More

ရေဖြူတွင် စစ်ကောင်စီတပ် ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် (၃) ဦးနှင့် ပြည်သူ (၁) ဦးသေဆုံး၊ (၁) ဦး ပြင်းထန်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ မြိတ်-ထားဝယ်ခရိုင်အတွင်း ရေဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် (၃) ယောက်နဲ့ ပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပတ်စဥ် /၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းအခြေစိုက် အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပတ်စဥ် /၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့တွင် အင်အားထောင်ချီသည့် စစ်တပ်ထိုးစစ်ကြောင့် ​အရပ်ဖက်ဆိုင်ရာ စီမံအုပ်ချုပ်မှုရုံးလုပ်ငန်းများကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ထားဟု TNLA ဆို၊ မေလမှ ဇူလိုင်လလယ်အထိ နောင်ချိုတွင် ၃၁၉ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့

ပြီးခဲ့တဲ့ မေလက စလို့ ဇူလိုင်လလယ်ပိုင်းအထိ စစ်ကောင်စီတပ်က နောင်ချိုမြို့တွင်းနဲ့ နောင်ချိုမြို့အနီးရှိ ကျေးရွာတွေကို ဦးတည်ပြီး မြေပြင်မှာ အင်အားအလုံးအရင်းဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်ခြင်းတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။