တရုတ်ရဲ့ ဖိအားတွေကြောင့် တအာင်းတပ်မတော် TNLA တပ်တွေ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို လက်လွှတ်ပြီး ပြန်လည်ဆုတ်ခွာရချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ ရခိုင်၊ ကချင်နဲ့ ချင်းဘက်တွေကို စစ်ရေးအရ ပိုမို ဖိအားပေးတိုက်ခိုက်လာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကော်မရှင် ထုတ်ပြန်ကြေညာခဲ့တဲ့ ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပမယ့် မြို့နယ် ၁၀၀ ထဲမှာ ကချင်ပြည်နယ်က မြို့နယ်တွေ ပါဝင်လာတာကြောင့် စစ်တပ်က အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုးစားလာမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် မြို့နယ် ၁၀၀ ထဲမှာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က မြို့နယ်စာရင်းတွေတော့ ပါဝင်လာတာ မတွေ့ရပါဘူး။

CDM ဗိုလ်ကြီးဇင်ယော်က “စစ်တပ်ကတော့ ချက်ချင်းကြီး မိုးမိတ်နဲ့ မိုးကုတ်တို့ကနေ သူတို့တပ်တွေကို ဆွဲထုတ်မှာ မဟုတ်သေးဘူး။ ဆွဲလည်း ဆွဲမထုတ်ရဲဘူး။ ရှမ်းမြောက်ကို အင်အားဖြည့်စရာ မလိုတော့ဘူးဆိုတော့ ရခိုင်၊ ကချင်၊ ချင်းဘက်တွေကို အင်အားပို့လိမ့်မယ်။ ဦးစားပေး တိုက်စစ် အနေအထားပေါ့နော်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲ တတိယအသုတ်မှာ ရခိုင်မှာ ၄မြို့နယ်၊ ချင်းပြည်နယ်မှာ ၃မြို့နယ်၊ ကချင်မှာ ၂ မြို့နယ်ပေါ့နော် … ဒါတွေက သူတို့ ပြန်တိုက်ကို တိုက်ရမှာဆိုတော့လေ။ ဒါပြီးရင်တော့ ရှမ်း-မန်း နယ်မြေတွေပေါ့နော်။ စဉ့်ကူး-မတ္တရာ-သပိတ်ကျင်း တွေဘက်ကို စစ်ဆင်ဖို့ သူတို့အတွက် အခွင့်အရေးပိုရသလိုတော့ ဖြစ်နေတဲ့ အခြေအနေပါ” လို့ ဆိုပါတယ်။

TNLA က စစ်တပ်နဲ့ အခုလို အပစ်အခတ် ရပ်စဲလိုက်တာဟာလည်း TNLA အနေနဲ့ ဖိအားအမျိုးမျိုးတွေအပြင် အရပ်ဘက်တွေကိုပါ စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်လာနေတာကြောင့် ဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

“ကိုးကန့်တပ်တွေ အပစ်ရပ်လိုက်ကတည်းက ရှမ်းမြောက်မှာ သူ့တစ်ဖွဲ့တည်းပဲ ခံရတယ်။ ခံစစ်ဆင်နေရင်းကနေ သီပေါရောက်တော့ အားပျော့လာတာပေါ့နော်။ ဆိုတော့ TNLA က တဖွဲ့တည်းနဲ့ ဆက်တိုက်ဖို့က အခြေအနေ မဟန်တော့တဲ့ သဘောရယ်… နောက်ပိုင်း အရပ်ဘက်တွေကို စစ်တပ်က တိုက်လာတာတွေကို TNLA ကနေ မခံနိုင်တော့တဲ့ အနေအထားရှိတယ်။ ရှမ်းမြောက်မှာက TNLA တဖွဲ့တည်းရှိတော့ လေကြောင်းရော၊ လက်နက်ကြီးတွေရော စိတ်ကြိုက်သုံးခဲ့တဲ့ အနေအထားပါ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်အရ ဒီနေ့ အောက်တိုဘာလ ၃၀ ရက်ကစလို့ စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲမှုကို စတင်မှာဖြစ်ပြီး မိုးမိတ်နဲ့ မိုးကုတ်မြို့တို့ကနေ TNLA တပ်တွေ ဘယ်အချိန် ထွက်ခွာမလဲဆိုတာကိုတော့ တရားဝင် ထုတ်မပြောသေးပါဘူး။

0 Shares:
You May Also Like
Read More

မိုးကုတ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါ ပြည်သူ (၆) ဦး၊ နေအိမ် (၆) လုံး ဒဏ်ရာရ ပျက်စီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအ၀င် အရပ်သားပြည်သူ (၆) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းငလျင်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ထောက်ပံ့ခဲ့ဟု UK ဆို

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ကူညီထောက်ပံ့ခဲ့တယ်လို့ UK in Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်မယ်လို့ CRPH ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် ရွာမီးရှို့နေသည့် စစ်အုပ်စုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်​တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာသစ်ကျေးရွာမှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြိုတောင်ပိုင်း ဗလဘရွာကို စစ်ကောင်စီ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး၊ အကြမ်းဖက်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၁၀ရွာ ထက်မနည်းမှ အရပ်သား ၆ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပခုက္ကူ တပ်မ ၁၀၁ နဲ့ ရေစကြိုတပ်ရင်း စစ်အုပ်စုတွေက မြို့တောင်ပိုင်းကျေးရွာတွေကို ကုန်းကြောင်း လေ​ကြောင်းတွေနဲ့ စစ်​ကြောင်းထိုးဝင်ရောက်ရင်း ဗလဘရွာကိုလည်း ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဖွဲ့စည်းအပြီး ရန်ကုန်မှာ မီးပျက်ချိန်ထပ်တိုး

စစ်ကောင်စီက ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စစ်ဗိုလ်ချုပ်တွေဦးဆောင်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင် ဖွဲ့စည်းလိုက်ပြီးနောက် ရန်ကုန်မှာ လျှပ်စစ်မီး အလှည့်ကျပေးနေတဲ့ စနစ်ထဲ မီးပျက်ချိန်တစ်ချိန်ကို ထပ်မံ တိုးမြှင့်လိုက်ပါတယ်။