တနိုင်ငံလုံး စစ်ကျွန်ဘဝက လွတ်မြောက်ပြီး ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်တဲ့အထိ တိုက်ပွဲဝင်သွားမယ့်အကြောင်း အလယ်ပိုင်းဒေသတွင်းက တော်လှန်ရေးတပ် အသီးသီးက ထုတ်ပြန်လာကြပါတယ်။

မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က တရုတ်ကြားဝင်မှုကြောင့် မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကနေ တပ်တွေ ဆုတ်ခွာရတော့မယ့်အကြောင်း ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် တော်လှန်ရေးတပ်တွေ အသီးသီးက တပြိုင်တည်းဆိုသလို အခုလို သတင်းစကားပါးလာကြတာ ဖြစ်ပါတယ်။

MDY PDF အနေနဲ့ စတင်ဖွဲ့စည်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်ခဲ့ကာ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မိတ်ဖက် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားလုပ်ဆောင်သွားမယ်လို့ MDY PDF က ထုတ်ပြန်လာပါတယ်။

အလားတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာကလည်း မိတ်ဖက်တော်လှန်ရေး အင်အားစုတွေနဲ့ တွဲဖက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို အခက်အခဲတွေကြားထဲကနေ ဆက်လက် ချီတက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

“စိတ်ဓာတ်မကျဖို့ ထုတ်ပြန်တာမဟုတ်ပါဘူး… တကယ်လည်း လက်တွေ့ အလုပ်လုပ်နေကြပါတယ်။ မိုးကုတ်ဗျူဟာ၊ MDY PDF နဲ့လည်း သဘောထားတွေ အကုန်တစ်ထပ်တည်းပါပဲ… ပြည်သူတွေ‌ကို သိစေချင်တာ” လို့ Tri’s Warriors မှ ရဲဘော်ဒိုလေးက မောင်းကို ပြောပါတယ်။

မိုးကုတ်ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကနေလည်း တရုတ်ရဲ့ ကြားဝင်မှုနဲ့ ဖိအားတွေကြောင့် တအာင်းတပ်မတော် TNLA က အကြမ်းဖက်စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲကာ မိုးကုတ်မြို့က TNLA တပ်ဖွဲ့ဝင်တွေကို ပြန်လည်ဆုတ်ခွာပေးဖို့ သဘောတူလိုက်ရပေမယ့် မိုးကုတ်ဗျူဟာအနေနဲ့ တွန့်ဆုတ်ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ ဆက်လက်‌တော်လှန်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

အလယ်ပိုင်းဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခကလည်း “ ကျနော်တို့ ကြိုးစားမယ်နော်။ စိတ်ချပါ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် ပြည်သူလူထုကို အသိပေးပါတယ်။

ဒါ့အပြင် မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ကလည်း မဟာမိတ်တပ်တွေဖြစ်တဲ့ မိုးကုတ်ဗျူဟာ၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အမှတ် (၁၂၂၂) တပ်ရင်း (TRI ဗျူဟာ) တို့နဲ့အတူ ပြည်သူလူထုကို တိုင်တည် ကျိန်ဆိုထားတဲ့ တော်လှန်သစ္စာကို ကတိတည်ပြီး ကြိုးစားတိုက်ပွဲဝင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပေါင်းတည်မှာ အင်အား ဖြည့်တင်းဖို့ လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံး…

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ပင်တာဝါတိုင်စခန်းကို အင်အားဖြည့်တင်းဖို့ လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ PPDF တပ်ရင်းဆီက သိရပါတယ်။
Read More

သန်လျင်မြို့ အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာကို အကြမ်းဖက်စစ်တပ် ညမထွက်ရ အမိန့်ထုတ်

ရန်ကုန်တိုင်း၊ သန်လျင်မြို့က အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာတစ်ခုလုံးကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂၁ ရက်ကစလို့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
Read More

လွတ်လပ်ပြီး တရားမျှတသည်ဆိုတဲ့ ရွေးကောက်ပွဲအတုတွင် မပြိုင်ရသေးဘဲ ကြံ့ခိုင်ရေး အနိုင်ရနေ

အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေ နိုင်ငံရေးပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ USDP ဟာ စစ်တပ်ကပဲ စီစဥ်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲ မစတင်ခင်အချိန်မှာ လွှတ်တော်အမတ်နေရာ ၂၈ နေရာကို အနိုင်ရနေပြီ ဖြစ်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ရဲ့ (၁၄၂) ရက်မြောက်မှာ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဝက်လက်မြို့နယ် ကြားကာလပညာရေးကျောင်းမှာ ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးတိုက်နယ်အတွင်း ဒီဇင်ဘာလ ၅ ရက်က ၂၀၂၄/၂၀၂၅ ပညာသင်နှစ်အတွက်  ပညာရည်ချွန်ဆုပေးပွဲကို ကြားကာလပညာရေးကျောင်း ၁ ကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိန်းချုပ်နယ်မြေအသစ်များမှာ စေတုတ္တရာ ပကဖ ရပ်ကျေး ပ.က.ဖ များ ဖွဲ့စည်း… (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ မင်းဘူးခရိုင်ရှိ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေသစ်တွေက ကျေးရွာတွေမှာ ရပ်​ကျေး ပ.က.ဖ တွေ ဖွဲ့စည်းခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။